ထူးခြားသောဂုဏ်များရှိနေသော ဘ၀လည်းဖြစ်၏။ ရှင်တော်မြတ်ဘုရားက ဇဗ္ဗူ ဒိပ်လူများသည် မြောက်ကျွန်း
သူမြောက်ကျွန်းသား တာဝတိသာနတ်များကို အကြောင်းသုံးပါးတို့ဖြင့် သာလွန်လွှမ်းမိုးနိုင်ကြောင်း ။
အကြောင်း
သုံးပါးမှာ ရဲရင့်ခြင်း လွန်ကဲသောသတိရှိခြင်း မဂ်ဟူသော ဗြဟ္မစရိယကျင့်သုံးမူများ ရှိခြင်းများဖြစ်ကြောင်း ဟော်တော်မူ၏ ။
နတ်သားဘ၀က ချမ်းသာလှသောဘ၀ဖြစ်ရာ ချမ်းသာဖြင့် ယစ်မူးမေ့လျော့နေကြသော နတ်များမှာ ခိုင်းမြဲသော သတိ မရှိကြ။
မြောက်ကျွန်းလည်း လူဘုံတွင် မပူမပင် မကြောင့်မကြအစစ ပြည့်စုံကာ ချမ်းသာသော ဒေသတခုဖြစ်ရာ ထိုချမ်းသာမူဖြင့်ကျေနပ်
နေကြ မေ့နေကြ၍ ခိုင်မြဲသောသတိမရှိကြ။ ငရဲဘ၀ ကျပြန်တော့ ဒုက္ခချည်း ခံနေရသောဘ၀ဖြစ်ရာ ဘယ်မှာ သတိဖြစ်နိုင်ပါအံ့နည်း ။
ထိုသို့ချမ်းသာမှ ဆင်းရဲလှသော ဘ၀များဖြစ်၍ပင် ရဲရင့်မူလည်းမရှိနိုင်ကြ ။ လူဘ၀ကား ချမ်းသာဆင်းရဲ ရောပြွမ်းနေသော ဘ၀ဖြစ်ရာ
မြောက်ကျွန်း တာသတိသာတို့ထက် ရဲရင့်သတိရှိကြ၏ ။ ဇဗ္ဗူ ဒီပလူဌာနကားဘုရား ပစ္စေကဗုဒ္ဓု တို့ပေါ်ထွန်းရာအဖြစ်ဖြင့်လည်း
ယခင်ဌာနတို့ထက် ထူခြားလှပေ၏။
နတ်များက လူဘ၀ကိုချီးကြူးဂုဏ်ပြုပုံ ဗုဒ္ဓ ဘုရားရှင်ဟောကြားတော်မူ၏။ နတ်သားတယောက်စုတေမည်ရှိသောအခါ ရှေးပြေးနိမိတ်
များ ထင်လာကြ၏ ။ ပန်းတွေညိုးလာ၏ ။ ၀တ်စားတန်ဆာများညစ်နွမ်းလာ၏ ။ ချိုင်းကြားချွေးများယိုထွက်လာကြ၏။ ကိုယ်အဆင်းယို
ယွင်းဖောက်ပြန်လာ၏ ။ နတ်ပြည် ၌ မပျော်တော့ပေ ။ ထိုအခါ နတ်သားများက သုံးခွန်းသောစကား ကိုပြောခြင်းဖြင့် သက်သာရာ ရ
ဝမ်းမြောက်ကြ ကုန်၏ ။ဣ တော ဘော သူဂတိ ဂစ္ဆ - အိုနတ်သား ဤ နတ်ပြည်မှ သုဂတိဘ၀ သို့သွားပါလေ သုဂတိ ဂန္တာ သုလ ဒ္ဓလာဘံ
လဘ - သုဂတိဘ၀ရောက်တော့ ကောင်းစွာရအပ်သော လာဘ်လာဘကို ရအောင်ပြုပါလော့။ သူလဒ္ဓလာဘံ လဘိတွာ သုပ္ပတိဋ္ဌိတော
ဘ၀ါဟိ - ကောင်းစွာရအပ်သော လာဘ်လာဘကိုရပြီးသော် တည်တံ့သူဖြစ်ပါလေ။
နတ်တို့က သုဂတိသွားခြင်းဟု ဂုဏ်ပြု ချီးကျူးအပ်သော ဘ၀မှာ လူဘ၀ပင်ဖြစ်၏ ။ လူဖြစ်သည်ရှိသော် ငါဘုရား သာသနာ၌ သဒ္ဓါတရားကို
ရ၏ ။ ဤရအပ်သော သဒ္ဓါတ၇ားမှာ နတ်တို့က ကောင်းစွာရအပ်သော လာဘ်ဟု ဂုဏ်ပြုအပ်သော တရားပင်ဖြစ်၏ ။ လူဘ၀ကို နတ်တို့
ကသုဂတိဟုဂုဏ်တင်၍ လိုလိုလားလား အေ၇ာက်သွားဖို့ညွန်ကြားကြသည် ။ မိမိတို့လူသားများအဖို့ ဂုဏ်ယူဖွယ်ပင်ဖြစ်၏ ။ အရတော်
လှပေသည်။ နတ်တို့ဂုဏ်တင်ရသော လူဘ၀ရစေကာမူ လူဘ၀ကို ချမ်းသာကို လူတိုင်းခံစားရသည်ကားမဟုတ်ပေ။ အချို့သာချမ်းသာ
၍ အချို့မှာမချမ်းသာ ။ ဤသို့ဖြစ်ရသည်မှာ ဘယ်သူမပြု မိမိမူ့ပင်ဖြစ်ပေသည်။
နတ်ဘုံနတ်ချမ်းသာအပေါင်းသည် ကံအကျိုးကြောင့်သာရအပ်သောချမ်းသာများဖြစ်ပေသည် ။ ကံကုန်သွာလျှင် မိမိတို့ပြုလုပ်အပ်သော
ကုသိုလ် အကုသိုလ်ကံများအလိုက် ပြန်သွားရပေးမည် ။ သူတို့ကား န ဥ`ဌာနဖလူပဇီဝိ -၀ီရိယ အကျိုးကိုမှီ၍ အသက်မွေးသူများမဟုတ်။
ကမ္မဖလူပဇီဝိ - ကံအကျိုးသက်သက်မှီလျှက် အသက်မွေးကြသူများပင်။ ကံတည်းဟူသောမိတ်ဆွေက ချမ်းသာတွေဆက်ပေးလျှက်
အလိုအတိုင်းပြည့်စုံလျက်သာရှိ၏ ။ လူဘ၀ကား လုံ့လ၀ီရိယအကျိုး ကံအကျိုးကို မှီ၍ အသက်မွေးရသော သူမျိုးဖြစ်ပေ၏ ။
ထိုကြောင့်ရခဲလှသောလူဘ၀ကို ရောက်ရှိနေပါလျှက် လုံးလ၀ီရိယ မရှိသူ သည် ကံအကျိုးကိုမှီလျှက် ကံကုန်သွားလျင် ပျက်စီးခြင်းသို့
ရောက်ကုန်မည်ဖြစ်ပေ၏ ။ လုံးလ၀ီရိယေ၇ာကံရောနှစ်မျိုးလုံးကိုအသုံးချလျှက် ကြိုးစားသော လူသားသည် မြင့်သထက်မြင့်၍ လူဘ၀၏
လူချမ်းသာ နတ်တို့အားကျသောလူဘ၀ကိုဆောင်နိုင်သူများပင်ဖြစ်ပေသည် ။
မိမိတို့လူဘ၀သည်ကားကုသိုလ် အကုသိုလ် ဟူသော ကောင်းမူ့မကောင်းမူ့များကိုပြုလုပ်နိုင်ရှောင်ရှားနိုင်သောကြောင့် အကုသိုလ်ဖြစ်
စေသော အမူတို့ကိုရှောင်ကြင်လျက် ကုသိုလ် ပုညတို့ဖြင့်သာ ပြုလုပ်၍ တဆင့်ထက်တဆင့်မြင့်မြတ်သောဘ၀များသိုတက်လှမ်း၍
နိဗ္ဗာန်ချမ်းသာစစ် ချမ်းသာမှန်ကို တက်လှမ်းနိုင်သောလူသူတော်ကောင်းဖြစ်ကြပြီး နတ်များချီးကျူးရသော လူဘ၀ကိုရောက်နေသခိုက်
သူတော်ကောင်းတရားများ တိုးပွားအောင် သံသရာရှည်ကြာလေးမြင့်မနေပဲ စွမ်းအားရှိသမျှ သာသနာတွင်ကျွတ်တန်းဝင်နိုင်သော
သူတော်ကောင်းတရားများ ပွားများပြီး နတ်များဂုဏ်တင်အပ်သောလူဘ၀ကို တန်ဘိုးထားတက်သူများဖြစ်ကြပါစေ လို့။
ဧဒင်ဥယျာဉ်မှတော်ဝင်နှင်းဆီဘလော့ကိုတဆင့်တင်ပြသည်။
No comments:
Post a Comment