Friday, October 25, 2013

ကိုးကွယ်မှုအစ၊ ကိုးကွယ်မှု အဓိပ္ပါယ်။

      လူနှင့် ကိုးကွယ်မှုတွင် သမိုင်းဆရာတို့၏ လေ့လာမှုအဆိုအရ လူသည် ခြေသလုံးအိမ်
တိုင်ဘ၀မှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့်နေတတ်လာသူများ ဖြစ်သည်
ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့
စည်းထားသောသဏ္ဍာန်တစ်ခုသာဖြစ်ကြောင်း ထင်ရှား၏။
         လူ့လောကကြီးတွင်လည်း ကြောက်စရာ အမြောက်အမြား ရှိသည့်နည်းတူ ရယူချင်စရာ
များနှင့်လည်း ပြည့်နှက်လျက် ရှိနေပါသည်။ ဒီရေတက်ခြင်း၊ မီးကြီးလောင်ခြင်း၊ လေမုန်တိုင်း
ကျခြင်း စသော သြကာသလောက၏ ဘေးအန္တရာယ်များ၊ မြွေ၊ ကျား၊ဆင်ရိုင်းဘေး၊ မချစ်မနှစ်
သက်သူဘေး စသော သတ္တလောက၏ ရန်ပြုမှုများနှင့် နာဖျားမကျန်းမာ အိုနာသေရ ဘေးဒုက္ခ
များ၏ နှိပ်စက်ကလူပြုမှုကို လူသားသည် အလူးအလဲ ခံနေရသာဖြစ်၏။ ဤသို့သောဘ၀ဒုက္ခ
အန္တရာယ်များ၏ လှုံ့ဆော်ဖန်တီးမှုကြောင့် လူသားသည် ကြောက်တတ်လာ၏။ ထိုဘေးဆိုး
ဒုက္ခဆိုးတို့မှ ကင်းငြိမ်းမှုကို လိုလားလာကြသည်။ ကိုးကွယ်ရာကို ရှာဖွေလာကြသည်။
         ဤအချက်နှင့်ပတ်သက်၍ “ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။
                                       “အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။”
“ဘေးရန်အန္တရာယ် အမျိုးမျိုးကို စိုးရွံ့ကြောက်လန့် နေကြကုန်သော လူတို့သည် တောင်တို့ကို
လည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အာရာမ်တို့ကိုလည်းကောင်း၊ အဓိကရသစ်ပင် စသော
ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကုန်၏” ဟု မြတ်ဗုဒ္ဓဟောကြားခဲ့၏။
         ပင်လယ် သမုဒ္ဒရာတို့၌ အသက်မွေးမှုပြုသူတို့သည် သမုဒ္ဒရာစောင့်နတ်များကို ကိုးစား
ကြသည့်နည်းတူ တောရပ်ဒေသ၌ လုပ်ကိုင်စားသောက်ကြသူတို့ကလည်း တောတောင်ဥယျာဉ်
စသည်တို့ကို ပူဇော်ကြသည်။ ထို့ပြင် ကောက်ပင်စိုက်ပျိုးအောင်မြင်မှုအတွက် မိုးနတ် စသည်တို့
ကို ပ-သ ကြ၏။ ဤသည်တို့မှာ ထိုစဉ်က ကမ္ဘာ့လူသား အားလုံးလိုလိုနှင့် သက်ဆိုင်သော ကိုး
ကွယ်မှုများဖြစ်သည်။ ကိုးကွယ်မှုအစ၊ ကိုးကွယ်မှုအဓိပ္ပါယ်ပင် ဖြစ်ပေသည်။ ။
{သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်
  နုတ်ရေးသားပါတယ်။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
-----------------------------------------------------
  မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က သာလျှင်
   မြင့်မြတ်တာကို သိနိုင်သည်။
     မြင့်မြတ်တာကို သိတဲ့သူတွေကသာလျှင်
      မြင့်မြတ်တာကို ပြန်ပေးနိုင်သည်။
    မြင့်မြတ်တာကို ပေးနိုင်သူတွေက သာလျှင်
    ပေးတိုင်းမကုန်ဘဲ  မြင့်မြတ်တာတွေအမြဲ ဆောင်ထားနိုင်သည်။ 
    (ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ)

No comments:

Post a Comment