Monday, October 21, 2013

ဝိသုဒ္ဓိဆရာတော်ကြီး၏ သြ၀ါဒ


 ၁။ စာမတတ်တဲ့အတွက် ပြောလိုက်တဲ့စကား ပညတ်တပ်မှားယွင်းသွားရင် ဆရာ
တော်ကြီးများ၊ ကိုရင်လေးကအစ သီလရှင်၊ ယောဂီများ၊ တရားနာပရိတ်သတ်
အပေါင်း သည်းခံခွင့်လွှတ်ကြပါလို့ မေတ္တာရပ်ခံတောင်းပန်ပါတယ်။

ငယ်စဉ်
တောင်ကျေးက မိဘက မူလတန်းကျောင်းမထားလို့ စာမတတ်တာပါ။ စာကို
ပယ်တာမဟုတ်ပါဘူး။ ကိုယ်တတ်တဲ့အသိလုပ်ပါတယ်။ သဘောလေး ပြောပြမယ်။
၂။ စာမတတ်တဲ့အတွက် ““၀ိပဿနာ ခန္ဓာအသိနဲ့”” ဟောပါတယ်။
၃။ စာတွေက မှန်ပါတယ်ဗျာ။ ““ကိုယ်-စိတ်မှန်ဘို့”” လိုပါတယ်။
၎။ သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာတရားတွေရှိလို့ ဒီအကျင့်ကို ကျင့်နိုင်တာပါ။
၅။ စာနဲ့၊ စိတ်နဲ့ တစ်ထပ်တည်းကျမှ ““သစ္စာ”” ထိုက်တယ်။
၆။ စာနဲ့၊ စိတ်နဲ့ တစ်ထပ်တည်းကျမှ ““အရိယာ”” ဖြစ်တယ်။
၇။ အသိထုတ်ပြလို့တော့မရဘူး။ သဘောလေးနဲ့သာနာ၊ စာနဲ့၊ ခန္ဓာနဲ့ တစ်ထပ်တည်း
ဟောပေးမယ်။
၈။ ဦးပဏ္ဍိတ ဟောသွားတဲ့အသိ မယုံနဲ့ဦး၊ ““လေ့လာပါ၊ စုံစမ်းပါ၊ မေးမြန်းပါ၊ သုံးသပ်
ပါ။””
၉။ အသိကို ဟောသွားတာပါ။ တစ်ဦးနှင့် တစ်ဦး အသိမတူဘူး။ လင်မယားတောင်
အသိမတူဘူး။
၁၀။ တရားအသိကိုယူကြ၊ ““သည်းခံကြ၊ စေတနာမပျက်ကြနဲ့၊ သမ္မာလေးနဲ့ နေကြ””
ဘယ်သူပြောပြော သည်းခံ၊ မြေကြီးလိုနေပါ။
၁၁။ ရခဲတဲ့လူ့ဘ၀ရလာကြပြီ၊ ဘုရားသာသနာနဲ့လည်း ကြုံကြပြီ၊ သူတောင်ကောင်း
တရားကိုလည်း နာကြားကြရပြီ၊ ဒီတော့ ““အယူမှား၊ အမှတ်မှား၊ အစွဲမှားတွေ
မဖြစ်ရလေအောင်”” တရားအားထုတ်ကြ ““အမှောင်ကလာရင် အလင်းပြန်ကြ၊
မိရိုးဖလာအသိတွေနဲ့ ““မနေကြနဲ့””။
၁၂။ စွဲရင်ကံ၊ မစွဲရင်ဥာဏ်၊ အစွဲဥပါဒါန်ကို ဒါန၊ သီလ၊ သမထနဲ့ သတ်လို့မရဘူး။
မဂ်ဥာဏ်နဲ့ရမှ ပြတ်တယ်။ မဂ်ဥာဏ်ရအောင် မဂ္ဂင်ရှစ်ပါးနဲ့ကျင့်။
၁၃။ သံသရာ ဘယ်ကစလဲ၊ မနောကံကစတယ်၊ သံသရာဘယ်ကစလို့ ပြတ်သလဲ၊
မနောကံကစလို့ပြတ်တယ်၊ မနောကိုသတ်၊ မနောသေတော့ အေးတယ်၊ အာရုံနဲ့
မနောနဲ့ မပေါင်းနဲ့။
(မြောင်းမြမြို့ဝိသုဒ္ဓိဆရာတော်ဘုရားကြီးဟောကြားချက်ကိုတင်ပြပါသည်)

No comments:

Post a Comment