Wednesday, October 23, 2013

ဘုံဆိုင်ပစ္စည်း နှင့် ကိုယ်ပိုင်တရား

                                     ဘုံဆိုင်ပစ္စည်းနှင့် ကိုယ်ပိုင်ပစ္စည်းဟူ၍ တရားနှစ်ပါးရှိသည်။ဘုံဆိုင်ပစ္စည်းဆိုတာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗရုံ
ဟူသော အာရုံ ငါးပါး ကာမဂုဏ်တရားများကို ဘုံဆိုင်ပစ္စည်းဟုဆိုလိုပေသည် ။
အဘယ်ကြောင့်ဆိုလျှင် မနုဿတ္တလူ့ဘ၀ကိုရကြသော မင်း ပုဏ္ဏား သူဌေး သူကြွယ် ကုန်သည် လယ်လုပ်  အရူး သုဘရာဇာမှ စ၍ အသုံးပြုကြသော ရွှေငွေ ကျောက်သံ ပတ္တမြားအထည်ဝတ္ထုတခု၌မျက်စိဖြင့် မြင်ကောင်းသောဝဏ္ဏအဆင်းဓာတ်
သည်
ရူပကာယမည်၏။တီးခတ်သောအခါဖြစ်ပေါ်လာသော အသံဓာတ်သည် သဒ္ဒ ကာမဂုဏ်မည်၏ ။ နှာခေါင်းဖြင့်နမ်းမိသောအခါ အမွှေးနံ့
အပုပ်နံ့အစရှိသော အနံ့ဓာတ်သည် ဂန္ဓကာမဂုဏ်မည်၏။ လျှာဖြင့်လျက်မိသောအခါ ချို ချဉ် စပ် ငန် ဖန် ခါး အစရှိသော ရသဓာတ်သည်
ရသကာဂုဏ်မည်၏။ ကိုယ်အင်္ဂါဖြင့် တွေ့ထိတိုင်းစမ်းကိုင်မိသောအခါ မာသဘော နူးညံ့သဘော ပူအဘော အေးသဘော ထောက်ကနှ်
လူပ်ရှားမူအသောများသည် ဖောဌဗ္ဗာရုံ ကာမဂုဏ်မည်၏။ဝတ်ဆင်ကြသော ပိုးဖဲ ကတ္တီပါ စာသောက်ကြသောဝက်သားကြက်သား ထမင်း
ေ၇ မုံ့ပဲသရေစာ စသည်တို့သည် လည်းငွေဟူသော ၀တ္ထု နှင်းအတူ အာရုံငါးပါး တို့သည် အပြည့်ရှိကုန်၏။
အ၀ိညာဏက သင်္ခါရဖြစ်သော ၀တ္ထု ၌ သာရှိသည်မဟုတ် ။ သ၀ိညာဏက သင်္ခါရ ဟုဆိုအပ်သောလူ့ခန္ဓာ နတခ်န္ဓာ ဗြဟ္မာခန္ဓာ အပါယ်
လေးဘုံခန္ဓာ တို့လည်းအာရုံငါးပါး တရားတို့သည်အပြည့်ရှိကြကုန်၏။
ထိုအာရုံငါးပါးတို့ကိုအလိုရှိကြတောင့်တကြသောကြောင့်ကာမဂုဏ် ဟုဆိုပေးသည်။ထိုကာမဂုဏ်တရားတို့ကို ခွေး ကျီး လင်းတ ငါးလိပ်
အစရှိသော အပါယ်လေးဘုံးသားတွေမှာလဲ ရူပါရုံအစရှိသော ကာကဂုဏ် ငါးပါး အာရုံတ၇ားတို့နှင့်သာ နေ့ရှိသမျှပျော်ပါးခံစား၍ နေသည်။
အရိယာကိုချန်လှပ်၍ သုဂတိဘုံသား ဆိုအပ်သောလူ့လောကကြီးမှာလည်း အာရုံငါးပါးတို့နှင့်သာခံစာစံစားနေကြသူများပေသည်။
သမထကမ္မဌာန်း ၀ိပဿနာတရားများကို အားထုတ်၍ နေသောသူက နည်းလွန်းလှပေသည်။ အထက်နည်ပြည်ဟုဆိုအပ်သော သုဂတိ
ဘုံကြီးမှာလဲ အာရုံငါးပါး ကာမဂုဏ်တရားတွေကိုသာ ခံစား ၍နေသူက များလှသည်။ဒါကြောင့် ကာမဂုဏ်တရားများကို ဘုံဆိုင်ပစ္စည်းဟု
ဆိုထိုက်ပေးသည်။
ကိုယ်ပိုင်ပစ္စည်းဆိုတာကတော့ သဗ္ဗေ သတ္တာ ကမ္မသကာ ဟုမြတ်စွာဘုရားဟောတော်မူတယ်။
မိမိတို့ ပြုကြသော ကောင်းမူမကောင်းမူ နှစ်ပါးသာလျှင် ဘ၀များစွာသွားလေရာရာတွင် မိမိတို့ သန္တာန်မှာ အစဉ်ပါသောကိုယ်ပိုင်ဥစ္စာ
များဖြစ်တယ်။
သတ္တ၀ါတို့၏ ကိုယ်ပိုင်ပစ္စည်းကတော့ မိမိတို့ပြုအပ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ပါးသာလျှင် ကိုယ်ပိုင်ဖြစ်တယ်။
ကိုယ်ပိုင်ပစ္စည်းများကိုေ၇း မီးမင်း ခိုးသူ မချစ်မနှစ်သက်သူ ဟူ၍ ရန်သူမျိုးငါးပါး သတ္တ၀ါတဦးတယောက်နှင့်မျှ အမွေမဆိုင်သော
ကြောင့်ခွဲဝေ ခြင်းငှာမတတ်ကောင်း မရကောင်းပေ။
ဘုံဆိုင်ပစ္စည်းဆိုတာက မသွားသာမလာသာ အကြပ်အတည်း သိမ်းဆည်းစောင့်ရှောက်၍ နေကြသော ရွှေငွေ ကျောက်သံ ပတ္တမြား
လယ်ယာ ကိုင်းကျွန်း သားမယား ကျေးကျွန် တိုက်အိမ် ဘုံနန်း အစရှိတဲ့ ကာမ၀တ္ထုဟူသမျှသည် ဘုံဆိုင်ပစ္စည်းများဖြစ်လေသည်။
ထိုဘုံဆိုင်ပစ္စည်းများကို အမွေဆိုင် သားချင်းဆွေမျိုး တို့တွေ့ခဲ့သော် ရန်သူမျိုးငါးပါးနှင့်တွေ့ခဲ့သော ခွဲခြမ်းဝေဖန်ခြင်းဖြင့် ဖောက်ပြန်
ပျက်စီးခြင်းသို့ရောက်တက်လေ၏။ အဲသည် ဘုံဆိုင်ပစ္စည်းများကြောင့် ကိုယ်ပိုင် ပစ္စည်း အကုသိုလ်ဖြစ်တတ်သည်။
ဥပမာ.......လယ်ယာကိုင်းကျွန်း များတွင်သီးနှံများကျဲချစိုက်ပျိုးထားလျှင် ကျေးငှတ် သတ္တ၀ါအပေါင်းတို့လာရောက် ၍ ကျဲချစိုက်ပျိုးထား
သော အသီးအနှံများကိုစားသောက်ကြလျှင် ပစ္စည်းရှင်တို့က စားသောက်မှီဝဲသော သတ္တ၀ါတို့အား ဆဲရေးတိုင်းထွာခြင်း ရိုက်ပုတ်ခြင်း
သတ်ဖြတ်ခြင်းစသော ကာယကံ မနောကံ ၀စီကံ စသော ဒုစရိုက် မူများကိုကျူးလွန်မိကြလေသည်။ဘုံဆိုင်ပစ္စည်းများကြောင့် ကိုယ်ပိုင်
ပစ္စည်း အကုသိုလ်ဖြစ်ရပေ၏။
တနည်း အိမ်တွင် သိမ်းဆည်း သိုမှီးထားသော ရွေငွေကျောက်သံ ပတ္တမြား တိုက်အိမ် ဘုံနန်း သားသမီး မယားစသောဘုံဆိုင်ပစ္စည်းများကို
တပါးသူတို့က ဘုံဆိုင်သည့်အတွက် အသုံးပြုကြသောအခါ ငါ့သားသမီးငါ့မယားငါ့ပစ္စည်းကို စော်ကားရသလား နှိပ်စက်ရသလား ဟု
အပိန်အဖြင်းပြောဆိုခြင်း ဆဲရေးတိုင်းထွာခြင်း အသတ်သတ်ခြင်း စသော ကာယကံမူ ၀စီကံမူ မနောကံမူ များကို ကျူးလွန်မိလျှင်
ဘုံဆိုင်ပစ္စည်းများကြောင့် ကိုယ့်ပိုင်ပစ္စည်း အကုသိုလ်ဖြစ်ရပေ၏။
ထို အကုသိုလ် တရားများသည် မိမိတစ်ပါး တခြားသော သူများကို အလကားပေးသော်လဲ မရောက် အဘိုးပေး၍ရောင်းသော်လဲ မပါ
ပြုမိသော ဘုံဆိုင်စောင့်ပစ္စည်း ရှင်မှာသာ အကျိုးပေးရန် ကာလကို ဆိုင်းငံ့၍ နေလေသည်။
ထိုကြောင့် ဘုံဆိုင်ပစ္စည်းအတွက်နှင် အကုသိုလ်မဖြစ်ရအောင် ကိုယ်ပိုင်ပစ္စည်း ကုသိုလ်ဖြစ်အောင် အားထုတ်သင့်လှပေ၏။
တနည်းဆိုရသော် လယ်ယာကိုင်းကျွန်းတွင်ကျဲချစိုက်ပျိုးထားသော အခါ လာရောက်စားသောက်ကြသော သတ္တ၀ါတို့အား စားကြပါစေ။
သူတို့ကျန်းမာအသက်ရှည်ပါစေ။အပါယ်ဆင်းရဲမှာခံစားနေကြရတယ်။ငါတို့ဘုံဆိုင်ပစ္စည်းစားသောက်မှီဝဲကြပါစေလို့စွန်လွတ်နိုင်ရမယ်။
ဒီထဲမှာ မေတ္တာပွားတဲ့အတွက်မေတ္တာကုသိုလ်ဖြစ်တယ် ဒါနစွန်ခြင်းကြောင့် ဒါနကုသိုလ်ရတယ်။
ကတယ်လို့ မိမိပိုင်တယ်ထင်ထားတဲ့ တိုက်တာ ဘုံနန်း ရွေငွေ ကျွေးကျွန် သားသမီး မယား အစရှိတဲ့ ကာမ၀တ္ထုများကို တခြားသူတို့
လွန်ကျူးစော်ကားလျှင် အပြစ်မှလွတ်အောင် နှလုံးသွင်းတက်ရမယ်။ သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာ ဖြစ်သည်ဟု ဘုရားဟောတော်
မူသောကြောင့် ကောင်းသောကုသိုလ်တရားသည်ကောင်းသောအကျိုးသာပေးသောကြောင့် မကောင်းကျိုးကို အလိုမရှိရာ။
ထို့ကြောင့် အနဘိဇ္ဈာ အဗျာပါဒ ဆိုတဲ့ မေတ္တာကုသိုလ်ကံတရားများသည်သာ ငါတို့၏ ကိုးကွယ်ရာ လည်းလျောင်းရာဖြစ်တော့သည်။
ဒိဌိဇုကမ္မ ဘာဝနာတရား အဒေါသ မေတ္တာတရားများကို ကြိုးစားအားစိုက်၍ များများပွားသင့်ပေ၏။
မိမိတို့ပိုင်သည်ဟု ဤ ရူပကာယ ကိုယ်ကြီးသည်လည်း ဘုံဆိုင်ပစ္စည်းဖြစ်ပေတယ်။ဒီကိုယ်ကြီးကို မြတ်စွာဘုရားရှင်က
အသီတိ ကိမိကုလာနံ ရောဂါနန္တရဗာဟိရံ။သာဓာရဏော ၀သာ တေသံ ကာယော မစ္စုံ နဂစ္ဆတိ။ဟုဟောတော်မူသည်။
ဤကိုယ်ကြီးကို ပိုးမျိုးရှစ်ဆယ်တို့သည် ကိုယ်တွင်းကိုယ်ပ တွင်နှိပ်စက်၍ ရောဂါဘေးတို့ကြောင့်လည်း သေခြင်းသို့ရောက်တက်ခြေ၏။
ဤကာယကိုယ်ကြီးကို မိမိတို့မပိုင်ချေ။ပိုးမျိုးရှစ်ဆယ်နှင့်တကွ တခြား အပြင် ကျား ငါး မိချောင်း ဖြုတ်မှတ်ခြင်သန်း ကြမ်းပိုး တို့၏ဌင်း စာ
သုံးခြင်းကို မခံချင်မနေရ ဘုံဆိုင်ပစ္စည်းဖြစ်သည့်အတွက် ပြုသမျှခံရလေ၏။
ထိုကြောင့် ရူပကာယကိုယ်ကြီးအား စားပါစေ သုံးပါစေဟ စွန့်လိုက်လျှင် အလောဘကုသိုလ် စေတနာတဖွားဖွားဖြစ်ပေါ်၍ ဘုံဆိုင်ပစ္စည်း
အတွက်နှင့် ကိုယ်ပိုင်ပစ္စည်းကုသိုလ်ဖြစ်လေ၏။

********* မမြဲခြင်း အစိုးမရခြင်း မတည်တန့်ခြင်းများကို အာရုံပြုနိုင်ကြ၍ ဘုံဆိုင်ပစ္စည်းများကြောင့် ကိုယ်ပိုင်ပစ္စည်းအကုသိုလ်ကင်းပါစေ*********
ဧဒင်ဥယျာဉ်မှတော်ဝင်နှင်းဆီဘလော့ကိုခံစားတင်ပြသည်။

No comments:

Post a Comment