ဒါပေမဲ့
ဒါလောက်တောင်မှ ဆင်းရဲဒုက္ခရောက်ရတဲ့ လုပ်ငန်းကြီးကို
ဘုရားအလောင်းတော်တိုင်း ဘုရားအလောင်းတော်တိုင်းဟာ ဒုက္ကရစရိယာ အကျင့်ကို
ကျင့်ကြံအားထုတ်ရတာပဲလား ဆရာတော်၊ စာပေက ဘယ်လိုဆိုပါသလဲ ဘုရား၊
မိန့်ကြားပါဦး။
ဆရာ။
။ ဟာ ဒါကတော့ “ ဧ၀ံ ဗုဒ္ဓဿ ဓမ္မတာ” ပဲ၊ ဗောဓိသတ္တတိုင်း ဗောဓိသတ္တတိုင်းဟာ
နောက်ဆုံးဘုရားဖြစ်မယ့် ဘ၀ရောက်ရင် အနည်းဆုံး ခုနစ်ရက်တော့ ကျင့်ရတာပဲ။
ကဿပမြတ်စွာဘုရား
ခြောက်ရက်ကျင့်ရတယ်၊ မေဓင်္ကရာ မြတ်စွာဘုရား ဆယ့်ငါးရက် ကျင့်ရတယ်၊
သရဏင်္ကရာမြတ်စွာဘုရား တလကျင့်ရတယ်၊ ဖုဿမြတ်စွာဘုရား ခြောက်လကျင့်ရတယ်၊
ပဒုမမြတ်စွာဘုရား ရှစ်လကျင့်ရတယ်၊ သုဇာတာမြတ်စွာဘုရား ကိုးလကျင့်ရတယ်၊
သုမနမြတ်စွာဘုရား ဆယ်လကျင့်ရတယ်၊ ဘုန်းကြီးတို့
ဂေါတမမြတ်စွာဘုရားကိုယ်တော်မြတ်မှာတော့ ၀စီကံ နှုတ်သရမ်းပြစ်ကြောင့်
ခြောက်နှစ်တောင် ကျင့်တော်မူရရှာတယ်တဲ့၊ အဲဒါ့ကြောင့် ဒုက္ကရစရိယာဆိုတာ
အလောင်းတော်တိုင်း ပစ္ဆိမဘ၀၌ ကျင့်တော်မူကြရမြဲ ဓမ္မတာလို့သာ မှတ်ပေတော့၊
ကဲ….နောက်ထပ် ဘာမကျေနပ်တာ ရှိသေးလဲ၊ ဒုက္ကရစရိယာဟာ မိစ္ဆာဒိဋ္ဌိ အကျင့်
မဟုတ်ပါဘူး၊ ဗုဒ္ဓါနံ ဓမ္မတာပဲ။
ဒကာ။
။ ဒီလို ဗုဒ္ဓ၀င်စာအုပ်တွေရော၊ နိကာယ် စာပေတွေပါ ကိုင်ယူကာ စိတ်ရှည်စွာနဲ့
ဖြေကြားပေးတာ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ ကျေနပ် နှစ်သက်စွာ
ခံယူပါတယ်ဘုရား။
http://www.thamameggin.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment