Sunday, October 6, 2013

အကောင်းဆုံးဆုတောင်း


"ဘုရားရှိခိုး၊ အကျိုးသင်္ချေ" ဆိုရိုးစကားရှိပါသည်။ မြတ်စွာဘုရားအား ညွှတ်တွားရိုသေ စေတနာထက်သန်စွာဖြင့် ရှိခိုးခြင်းကြောင့် ဘဝ အထွေထွေတွင် အသင်္ချေအနန္တ အကျိုးထူးတွေ ရနိုင်ကြပါသော်လည်း ဤဘဝအတွက်သာ စီးပွားချမ်းသာ ဘေးရန်ကင်းကွာမှုကို ဆုတောင်းလေ့ ရှိကြပါသည်။ ဤဘဝ တစ်ခဏ ချမ်းသာခြင်းနှင့် အန္တရယ်ကင်းရုံမျှသာ ဆုတောင်းနေကြသည်မှာ နည်းမှန်သည်ဟု မဆိုသာပါ။

သြကာသကန်တော့ခန်း ဘုရားရှိခိုးတွင် အရိုးဆုံးဆုတောင်းနှင့် အကောင်းဆုံး ဆန္ဒကို လမ်းပြရည်ရွယ်၍ လောကီမဖက် လောကုတ္တရာသက်သက် နှုတ်မြွတ် ဆုတောင်းပေးထားကြသည်ကို အတုယူကြပါကုန်။ မိမိတို့အနေဖြင့် "ဣဒံ မေပုညံ နိဗ္ဗနဿ ပစ္စယော ဟောတု ထက် ကောင်းသောဆုတောင်း မရှိဟု သတိပြုကြပါကုန်"/

ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း)
 http://dhammapannkhinn.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment