ဘုရားကိုးကွယ်တာ တန်ခိုးအရာကို ကိုးကွယ်တာမဟုတ်ဘူး။ အဆုံးအမကို ကိုးကွယ်တာ
ပါ။ အန္တရာယ်ကင်း ဘေးမရှင်းတာဟာ သီလအကြောင်း မကောင်းလို့ဘဲ။ ဥစ္စာဓန ဆင်းရဲစေခြင်း
အကြောင်းဟာ ဒါနအကြောင်း မကောင်းလို့ဘဲ။ စိတ်ရောကိုယ်ပါ ချမ်းသာချင်ရင် ဘာဝနာအလုပ်
ကို လုပ်ဖြစ်အောင် လုပ်ရမယ်။ မိမိကိုယ်တိုင် အားကိုးလောက်တဲ့ ဒါန၊ သီလ၊ ဘာဝနာ။ သီလ၊
သမာဓိ၊ ပညာတို့ကို လုံလောက်အောင် ဖြည့်ကျင့်ရမယ်။ ဘုရားရဲ့ အဆုံးအမအောက်မှာ နေကြ
တဲ့ ဗုဒ္ဓဘာသာဝင် လူသားများအားလုံး ဖြည့်ဆည်းရမယ့်တရား ငါးပါးရှိပါတယ်။ တစ်ပြေးညီ တစ်
သွေးတည်း၊ တစ်သားတည်း ညီညွတ်သဒ္ဓါရှိကြမှသာလျှင် ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ပါမယ်။
ဖြည့်ဆည်းစရာ ငါးမျိုးကတော့ မှန်ကန်သော သဒ္ဓါ ဖြစ်ရမယ်။ လွန်ကဲသောသဒ္ဓါ မဖြစ်
စေရပါ။ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှုလည်းရှိရမယ်။ အပေါ်ယံ ယုံကြည်မှုမဖြစ်အောင်
ဘယ်လို ယုံသလဲ၊ ဘယ်လောက်ယုံသလဲ၊ ဆန်းစစ်ကြည့်နေပါ။ တရားစခန်းဝင်ဖူးကြသူတိုင်း၊
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိတွေ လျော့သွားရမယ်။ ပျောက်သွားရမယ်။ ပညာရပ်တစ်ခု
ဆိုတာ အသုံးချရမှာ၊ ဒီလိုမှ မဟုတ်ရင် ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှာ မဟုတ်တော့ဘူး။
မကောင်းမှု
ဖြစ်ရမှာကို ရှက်လည်းရှက်ရမယ်။ ကြောက်လည်းကြောက်ရမယ်။ မိမိကြောင့် သူ
တစ်ပါး ဒုက္ခရောက်မှာကို ရှက်လည်းရှက်ရမယ်။ ကြောက်လည်းကြောက်ရမယ်။
ဗုဒ္ဓဘာသာမှန်
ရင် မိမိရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံကြောင့် ဒုက္ခမရောက်စေမှသာလျှင် ဘုရားစကားကို နား
ထောင်သူ ဘုရားအပေါ် ယုံကြည်သက်ဝင်သူ အစစ်ဖြစ်တယ်။
သာသနာ့ အကျိုးဆောင်တွေဟာ မိမိကိုယ်မိမိ အောက်ကျို့နှိမ့်ချပြီး
လူတိုင်းအပေါ် စောင့်ရှောက်ရမယ်။ ပံ့ပိုးရမယ်။ ကူညီရမယ်ဆိုတဲ့
စိတ်ဓာတ်ရှိရမယ်။ နူးညံ့သောစိတ်ထား၊ သိမ်
မွေ့သောနှလုံးသား၊ အကောင်းမြင်ဝါဒ လက်ကိုင်ပြုနိုင်ရမယ်။ ပေးဆပ်သူရဲ့ နှလုံးသားအမြဲတမ်း
ဖြစ်နေရမယ်။ မိမိက ရယူပိုင်ဆိုင်မှုထက် စွန့်လွတ်အနစ်နာခံသူက အထက်တန်းကျသူပါ။ သာသ
နာ့အကျိုးဆောင်တွေ စိတ်နေစိတ်ထားဟာ သူများထက်သာရမယ်။ အမူအကျင့်လည်း သူများ
ထက်သာရမယ်။ စင်းလုံးချောဖြစ်အောင် ကြိုးစားရမယ်။ ကိုယ့်ဆရာသမားကို ဂုဏ်သိက္ခာမကျ
စေရဘူး။ကိုယ်ကိုတိုင်လည်း ကိုယ့်သိက္ခာကို မြင့်နိုင်သလို ကိုယ့်ဆရာသမားကိုလည်း ရိုသေလေး
စား တန်ဖိုးထားရမယ်။ တရားသိသူဟာ လောကကြီးနှင့် အံဝင်ဂွင်ကျ ဖြစ်တယ်ဆိုတာ သူတော်
ကောင်းတို့ နားလည်သဘောပေါက်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
၂၁.၇.၂၀၀၉ နေ့၊ မင်္ဂလာတိုက် (မှော်ဘီ)၌ ဆရာတော်ဥူးသုမင်္ဂလ ဟောကြားတော်မူသော ရွှေသြ၀ါဒ အနှစ်ချုပ်တရားမှ ကောက်နုတ်ရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
====================
“ ဂုဏ်အလှ ”
* ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
* ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်၊
သူက ငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက၊ ခွာ၍ရ။
* ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူက ငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ၊ ကွာမကျ။ ။
(ဇော်ဂျီ)
No comments:
Post a Comment