ဥပုသ်စောင့်မည်ဆိုလျှင် အလျင်တနေ့ကပင် ဥပုသ်နေ့၌ အလုပ်မဖြစ်သည့်ကိစ္စမျိုး မရှိ
ရအောင် ကြိုတင်၍ အပြီးအစီး ဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ ရောက်လာ၍ ဥပုသ်ခံယူ
ဆောက်တည်ထားသောအခါ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃဂုဏ်၊ မိမိဆောက်တည်ထားသော
သီလဂုဏ် စသည်တို့ကို ဆင်ခြင် နှလုံးသွင်းလျက် နေရမည်။
သားရေး၊ သမီးရေး၊ စီးပွားရေး၊ စားရေး သောက်ရေး၊ အ၀တ်အထည်ရေးတွေကို ကြံ
စည်တွေးတောရင်း ဥပုသ်နေ့ကို မကုန်လွန်စေရန် ရှင်တော်မြတ်ဘုရား ဆုံးမ ညွှန်ကြားတော်
မူပါသည်။ ။
{လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကူးယူရေးသားပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment