အကုသိုလ်သည် စုန်လမ်း၊ အသွားရ လွယ်ကူ၏။ သွားသူလည်း များ၏။ သို့သော်
ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား အပါယ်လေးပါး။
ကုသိုလ်သည် ဆန်လမ်း၊ သွားလာရ ခက်ခဲ၏။ သွားသူလည်း နည်း၏။ သို့သော်
ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား နိဗ္ဗာန်။
လောကီ လောကုတ္တရာ နှစ်ဖြာလုံး ဆုတ်ယုတ် ပျက်စီးနေသောသူ မှန်သမျှသည်
စိတ်၏ ကျွန် ဖြစ်၏။
လောကီ လောကုတ္တရာ နှစ်ဖြာလုံး ကြီးပွားတိုးတက် အောင်မြင်နေသော ပုဂ္ဂိုလ်
မှန်သမျှသည် စိတ်၏ သခင် ဖြစ်၏။
ဗုဒ္ဓဘာသာမြန်မာအများစု မကြီးပွားကြခြင်း၏ အကြောင်းမှာ “ မိမိကိုယ်ကို
ကောင်းစွာ မဆောက်တည်နိုင်ခြင်း၊ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း မရှိခြင်း”
ကြောင့် ဖြစ်သည်။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
တစ်ယောက်မှ ကောက်နုတ်ရေးသားပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment