တစ်ပါးသောတရားကို ပွားများလျှင် လေးပါးသောတရားနှင့် ပြည့်စုံမည်။
= လေးပါးသောတရားကို ပွားများလျှင် ခုနှစ်ပါးသောတရားနှင့် ပြည့်စုံမည်။
= ခုနှစ်ပါးသောတရားကို ပွားများလျှင် နှစ်ပါးသောတရားနှင့် ပြည့်စုံမည်ဟု မြတ်စွာဘုရား
ဟောတော်မူခဲ့ပါသည်။ ( မ- ၃၊ ၁၂၄)
= တစ်ပါးသောတရားဟူသည် အာနာပါနတည်း။
= လေးပါးသောတရားဟူသည် သတိပဌာန်တရား လေးပါးတည်း။
= ခုနှစ်ပါးသောတရားဟူသည် ဗောဇ္ဈင်တရားတည်း။
= နှစ်ပါးသောတရားဟူသည် ၀ိဇ္ဇာနှင့် ၀ိမုတ္တိတည်း။
ထို့ကြောင့် အာနာပါန ကမ္မဌာန်းတရား အားထုတ်သူများသည် အကျိုးဆက်အဖြစ်ဖြင့်
သတိပဌာန်တရား (၄) ပါးနှင့် ပြည့်စုံလာပြီး ယင်း သတိပဌာန်တရား (၄) ပါးကို အဆက်မပြတ်
ကျင့်ကြံပွားများလျှင် ဗောဇ္ဈင် (၇) ပါးနှင့် ပြည့်စုံပြီး ၀ိဇ္ဇာဉာဏ် အလင်းပေါက်၍ ၀ိမုတ္တိခေါ်
လွတ်မြောက်မှုနယ်ပယ် နိဗ္ဗာန်စခန်းသို့ ပေါက်ရောက်နိုင်မည် ဖြစ်ပါသည်။ ။
{ သာသနာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကူးယူရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment