ကိလေသာ (၁၁) ပါးမှာ==
၁။ ကောဓ = အမျက်ထွက်ခြင်း။
၂။ ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း။
၃။ ထမ္ဘ = ရိုသေထိုက်သူကို မရိုသေခြင်း။
၎။ သာရမ္ဘ = သူတစ်ပါး မခံသာအောင် ယှဉ်ပြိုင်ခြင်း။
၅။ မက္ခ = ကျေးဇူးမဲ့ကို ပြောခြင်း၊ ကျေးစွပ်ခြင်း။
၆။ ပဠာသ = မိမိထက် သာလွန်သူကို သာလွန်သည်ဟု မပြောဘဲ ဂုဏ်ပြိုင်ခြင်း။
၇။ မာယာ = မိမိ၏ မကောင်းမှုကို ဖုံးထား ကာကွယ်ခြင်း။
၈။ သာထေယျ = ဥစ္စာဓန သဒ္ဓါ သီလ သုတ ပညာ ဂုဏ်မရှိဘဲ ရှိယောင်ဆောင်ခြင်း။
၉။ အတြိ စ္ဆာ = အတူတူရပါလျက် သူတစ်ပါး ရသည်ကိုပါ လိုချင်ခြင်း။
၁၀။ မဟိ စ္ဆာ = မိမိ၏ သီလပညာ ဂုဏ်ဓနတို့ကို ရှိသည်ထက် ကြီးကျယ်အောင် ပြောခြင်း။
ပြခြင်း ပြုမူခြင်း။
၁၁။ ပါပိ စ္ဆာ = ယုတ်မာသောစိတ် ရှိခြင်း တို့ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
တက်လှမ်း နိဗ္ဗာန်ပြည်။
(ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)
No comments:
Post a Comment