မီး (၁၁) ပါးတို့မှာ==
၁။ လောဘမီး = တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
၎။ ဇာတိမီး = ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။
၅။ ဇရာမီး = အိုမင်းရသဖြင့် ပူလောင်ခြင်း။
၆။ မရဏမီး = သေပျက်ရသဖြင့် ပူလောင်ခြင်း။
၇။ သောကမီး = စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။
၈။ ပရိဒေ၀မီး = ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
၉။ ဒုက္ခမီး = ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။
၁၀။ ဒေါမနဿမီး = စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။
၁၁။ ဥပါယာသမီး = စိတ်ပင်ပန်း ဆင်းရဲရသဖြင့် ပူလောင်ခြင်း။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
တက်လှမ်း နိဗ္ဗာန်ပြည်။
(ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)
No comments:
Post a Comment