လောကမှာအကောင်းဆုံးသောအရာဟာ
ဘာလဲမေးလိုက်ရင်
လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ကိုယ်အကြိုက်ဆုံးအရာကိုပဲ
အကောင်းဆုံးအရာလို့
သတ်မှတ်ကြမှာပါ။ ဒါက ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ ပြောတာပေါ့။ ဒါပေမဲ့
ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ မဟုတ်ပဲ ဓမ္မဓိဋ္ဌာန်အနေနဲ့ အကောင်းဆုံးအရာ
သတ်မှတ်တဲ့နေရာမှာတော့
ကိုယ်ကြိုက်တာ၊ မကြိုက်တာကို ပဓာနပြုလို့ မဖြစ်ပါဘူး။ ပင်ကိုသဘာဝအရ
ကောင်းတာ၊ မကောင်းတာကိုပဲ
ပဓာနပြုရပါမယ်။ သူ့ပင်ကိုသဘာဝကိုက အကောင်းဆုံးအရာ ဖြစ်နေဖို့ပဲ
လိုအပ်ပါတယ်။ (အရှင်ဆန္ဒာဓိက)
လောက၌အကောင်းဆုံးသောအရာဟာဘာလဲ ဆိုတဲ့ အဖြေမှန်ရဖို့အတွက် ဇတ်တော်ကိုသာဓက ထားပြောပြရရင် ...
"ဘုရားအလောင်းနုစဉ်က ဗာရာဏသီပြည်တွင် ပုရောဟိတ်ပုဏ္ဏ္ဏားဘဝတွင်
မင်းနှင့်တကွ ပြည်သူပြည်သား အားလုံးတို့က ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ လေးစားကိုးကွယ်ကြသည်"
ထိုသို့ ကိုးကွယ်ခြင်း၏ အကြောင်းရင်းကို ပုရောဟိတ်ပုဏ္ဏ္ဏားက
သေချာသိချင်သည်။တတ်ထားတဲ့ ဗေဒင်ပညာကြောင့်လား၊ မြင့်မြတ်တဲ့ အမျိုးဇတ်ကြောင့်လား၊ တောင့်တင်းတဲ့
မိတ်ဆွေခင်ပွန်းကြောင့်လား၊ ထိန်းသိမ်းစောက့်ရှောက်လာတဲ့ ငါးပါးသီလကြောင့်လား စသော
လားပေါင်းများစွာ၏ အဖြေကိုသိရန်အတွက် နန်းတွင်းရွှေပန်းထိမ်သည်၏ သေတ္တာမှ ငွေသား လက်တစ်ဆုပ်ကို
နှိုက်ယူလေသည်။
ပထမတစ်ခါတော့ ရွှေပန်းထိမ်သည်သည်တစ်ပြည်လုံးက
ကိုးကွယ်နေသော ပုဏ္ဏ္ဏားကြီးဖြစ်သောကြောင့် ဘာမျှမပြောတတ်အောင်ဖြစ်နေရှာသည်။
ဒုတိယအကြိမ်ယူသောအခါတွင်လည်း ထိုနည်းတူ ဘာမှမပြောမိသော်လည်း
စိတ်ထဲ၌ကား တော်တော်အကြည်ညို ပျက်သွားလေပြီ။
တတိယအကြိမ်ယူသောအခါတွင်ကား ပုဏ္ဏ္ဏားကြီး၏ဂုတ်ကိုဖမ်း၍
မြေတွင်နှိမ်ချကာ ဘုရင့်အာဏာသားတို့၏ လက်သို့ခိုးသူအဖြစ် အပ်နှံလိုက်လေတော့သည်။ဘုရင့်ရှေ့
တော်မှောက်ရောက်သောအခါတွင်လည်း ခိုးမှုကထင်ရှားပြီးဖြစ်သောကြောင့် သေဒဏ်အမိန့်ပေးလိုက်လေသည်။
ထိုအခါကျမှ ပုရောဟိတ်ပုဏ္ဏ္ဏားက အောက်ပါဂါထာကို ရွတ်ဆိုကာ မင်းနှင့်တကွ ပရိသတ်အားလုံးအား
ဖြစ်ရပ်မှန်ကို ရှင်းပြလေသည်။
" နဗေဒါ
သမ္ပရာယာယ၊ န ဇာတိနာပိဗန္ဓဝါ။
သကဉ္စ
သီလ သံသုဒံ္ဓ၊ သမ္ပရာယ သုခါယစ။ "
ဗေဒင်သုံးပုံတို့သည်လည်း သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။
မြင့်မြတ်တဲ့ အမျိုးဇတ်သည်လည်း သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။ ဆွေမျိုးမိတ်ဆွေအပေါင်းသည်လည်း
သံသရာ၌ ချမ်:သာကိုမဆောင်နိုင်ပါ။ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသောမိမိစောင့်ထိန်းအပ်သော
ငါးပါးသီလသည်သာလျှင် သံသရာ၌ ချမ်:သာကိုဆောင်နိုင်သည်။
"မင်းကြီး … အကျွန်ပ်သည် ရွှေပန်းထိမ်ထံမှ ငွေကို
ရယူလို၍ ခိုးယူခြင်းမဟုတ်ပါ၊ ကျွန်ပ်အား မင်းနှင့်တကွ တိုင်းသူပြည်သားအားလုံးတို့က
လေးစားကိုးကွယ်ကြခြင်း၏ အကြောင်းကိုသိလို၍ ယူခြင်းဖြစ်ပါသည်။ ယခုကား သိရပါပြီ။ ကျွန်ပ်တတ်ထားသော
ဗေဒင်ပညာ၊ အမျိုးဇတ်၊ ဆွေမျိုးမိတ်ဆွေတို့ကြောင့်လေးစားကိုးကွယ်ခြင်းမဟုတ်ပဲ ကျွန်ပ်စောက့်ရှောက်ထိန်းသိမ်းထားသော
ငါးပါးသီလကြောင့်သာလျှင် ဖြစ်သည်။"
ယနေ့ မှစ၍ မင်းနှင့်တကွ ပြည်သူအပေါင်းလည်း ငါးပါးသီလကို လုံခြုံအောင်စောင့်ကြပါ ဆိုပြီး မင်းကြီးအားခွင့်ပန်ကာ တောထွက်၍ ရသေ့ရဟန်းပြုကာ ဈာန်အဘိညာဉ်တို့ဖြင့်တစ်သက်ပတ်လုံး နေသွားခဲ့ပါသည်။ (အရှင်ဇဝန)
ယနေ့ မှစ၍ မင်းနှင့်တကွ ပြည်သူအပေါင်းလည်း ငါးပါးသီလကို လုံခြုံအောင်စောင့်ကြပါ ဆိုပြီး မင်းကြီးအားခွင့်ပန်ကာ တောထွက်၍ ရသေ့ရဟန်းပြုကာ ဈာန်အဘိညာဉ်တို့ဖြင့်တစ်သက်ပတ်လုံး နေသွားခဲ့ပါသည်။ (အရှင်ဇဝန)
ဘယ်ပန်းရနံ့
ဘယ်လောက်မွှေးမွှေး
လေညာဆန်ရိုးမရှိပါဘူး ။
ကိုယ်ကျင့်သီလပန်းရနံ့ကတော့
လေစုန်ရောလေဆန်ပါ
လေအောက်ရောလေညာပါ
ထက်အောက်ဝဲယာ
the eXistence မှ အတွင်းရန်သူ
-
အရှင်ဇဝန မေတ္တာရှင် { ရွှေပြည်သာ } - စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ (စာမျက်နှာ - ၁၄၂)
No comments:
Post a Comment