ရဟန်းတို့ ! သင်္ချိုင်း အပြစ် ၅-မျိုးဟူသည်မှာ -
- ၁။ မစင်ကြယ်။
- ၂။ မကောင်းသော အနံ့ရှိသည်။
- ၃။ ဘေးဘျမ်း ရှိသည်။
- ၄။ သရဲ သဘက်တို့ နေရာဖြစ်သည်။
- ၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည်။
ဤအတူသာလျှင် - သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုးဟူသည်မှာ -
သင်္ချိုင်နှင့် တူသော ပုဂ္ဂိုလ်အတွက်
- ကာယကံ, ၀စီကံ, မနောကံ မစင်ကြယ်ခြင်းပင်တည်း။
- သူ၏ မကောင်းသတင်း ထွက်ခြင်းပင်တည်း။
- သီလကို ချစ်ခင် မြတ်နိုးကြသည့် သီတင်သုံးဖော်တို့က ဝေးစွာ ရှောင်ကြဉ်ခြင်းပင်တည်း။
- ကာယ, ၀စီ, မနောကံ မစင်ကြယ်သူ၏ သဘောတူ ပုဂ္ဂိုလ်တို့နှင့် အတူ နေခြင်းပင်တည်း။
- “ငါတို့ သူနှင့် အတူ နေရခြင်းသည် စိတ်ဆင်းရဲဖို့ ကောင်းသည်” ဟု သီလချစ်မြတ်နိုးသူတို့က ထိုမစင်ကြယ်သူကို ရူတ်ချခြင်း ပင်တည်း။
ဆောင် - မစင်ကြယ်တောင်း၊ မကောင်းနံ့ထွက်၊ သဘက်နေရာ၊ ဘေးများစွာရှိ၊
ငိုသည့် နေရာ၊ ဤငါးဖြာ မှန်စွာ သင်္ချိုင်းအပြစ်များ။
( သိဝထိကသုတ် )
.............................
No comments:
Post a Comment