Sunday, December 28, 2014

“မျက်စိရှိသူတို့ သည်သာ မြင်နိုင်ကြကုန်၏”



ဘုရားရှင်လက်ထက်တော်က အရိယာ အရှင်မြတ်ကြီးများကဲ့သို့ 
မိမိတို့ ကိုယ်တိုင် ကိုယ်ပိုင် ကြိုးစားလျှင်လည်း ဈာန်အဘိညာဉ်နှင့်တကွ
အရဟတ္တဖိုလ်ပေါက် ဘာမဆိုရနိုင် ရောက်နိုင်သော
အခွင့်ကောင်းကြီးများကို အမှန်ပင် ရနေကြပါ၏။
ရဟန်းကိစ္စပြီးမြောက်ရုံမျှသာမက လောကီ အသိဥာဏ်ထူး
အမျိုးမျိုးနှင့် ပြည့်စုံသော အရှင်မြတ်ကြီးများလည်း
ဤလောက၌ ရှိနေကြသည်သာဖြစ်ပါကုန်၏။

မျက်စိရှိသူတို့ သည်သာ မြင်နိုင်ကြ၍
နားရှိသူတို့ သည်သာ ကြားနိုင်ကြကုန်၏။
နှလုံးသားရှိသူတို့ သည်သာ သဒ္ဓါယုံကြည်၍
လိုက်နာကျင့်ကြံကြကုန်၏။
သာသနာသမိုင်းစဉ် သာသနာဝင် ခရီးတစ်လျှောက်ကို
ကြည့်ပါလျှင် ကြက်သီးထခမန်း တောကြမ်းလမ်းရှုပ်ကြီးများ အဆင့်ဆင့်ကျော်လွှားခဲ့ရလေပြ
ီ။
သုဝဏ္ဏဘူမိမှ ပုဂံ၊ ပုဂံမှ ကုန်းဘောင် နှစ်ပေါင်းထောင်ချီ၍
ထေရ၀ါဒသာသနာ့အလံကို သယ်ဆောင်ခဲ့ကြရာမှ
မိုးမှောင်ကာလ ညတာရှည်ကြီးတွင် တခါတရံ
လျှပ်စီးပြက်သလောက်သာ လင်းခဲ့သည်။
ဘိုးတော်ခေတ်လောက်ကမှ စ၍
စနစ်တကျ တစ်ရှိန်တည်း ချီတက်နိုင်ခဲ့၏။
သို့ ရာတွင် ပဋိပတ္တိအလုပ်စခန်းကား
ပုဂ္ဂလိကအတိုင်းအတာမျှဖြင့် ရပ်တန့် နေခဲ့ရသေးသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်၌ပင်
မရှိခဲ့ဖူးသေးသော ယနေ့ ပဋိပတ္တိ သာသနာသည်
ပြည့်သူ့ အတိုင်းအတာမှသည် ကမ္ဘာ့အတိုင်းအတာသို့ 
ဦးတည်နေပေပြီ။ ကျွန်ုပ်တို့ သည်
လက်ရှိအခွင့်ကောင်းကြီးများကို လက်မလွတ်စေရအောင်
ဘ၀နှင့်ရင်း၍ စဉ်းစားကြရပေတော့မည်။
ထူးမြတ်မှန်း မသိ၍၊ မယုံ၍ အခွင့်ကောင်းကြီးများ လက်လွတ်ရခြင်း၊
ထူးမြတ်မှန်းသိသော်၊ ယုံသော်လည်း မယူတတ်၍ မရခြင်းကား
ဒေ၀ီလရသေ့ကြီး ဘုရားနှင့် လွဲရသည်ထက်
ကြေကွဲဖွယ်ကောင်းလှပေသည်။
(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် ရေးသားသော
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ – မှ)

No comments:

Post a Comment