Monday, December 29, 2014

“ဒါနရော ပါရမီထိ တက်ပြီးပြီလား…သီလရော ပါရမီထိ တက်ပြီးပြီလား”



အာရုံလုံလိုက်ရင် ကြက်သတ်ဖို့ ဝက်သတ်ဖို့ ရှိသေးလား..
မရှိတော့ပါဘူးဗျ။ အလိုလို သီလလုံသွားတယ်။
ဆိုင်ရာတံခါးပေါက်က သတိနဲ့ စောင့်တာ၊
အဲဒါ အာရုံလုံအောင်စောင့်တာ။
ကိုယ်ထဲက စိတ် အာရုံနောက် မပါစေရဘူး၊
အာရုံနောက်က ကပ်မြှောင်လိုက်လာတဲ့
ကိလေသာ ကိုယ့်စိတ်ထဲမ၀င်ရဘူး။
ကြားက စောင့်ရမယ်။ အဲဒါ ဥပုသ်စောင့်တာ။

ဥပုသ်စောင့်ရင် ပါရမီတက်တယ်။
သီလရိုးရိုးဆိုရင် ခင်ဗျားတို့  နတ်ပြည်လောက်နဲ့ ပြီးမှာ။
ဒါနမှာလည်း သူက စွန့် လွှတ်တာ၊
စွန့် တယ်..ကိုယ့်လက်က ပစ္စည်းကို စွန့် လိုက်တာပဲ။
သို့ သော် ငါ့ပစ္စည်းမဟုတ်ဘူးဆိုတာကို သတိနဲ့ အစွဲကို
မလွှတ်လို့ ရှိရင် နိဗ္ဗာန်တံခါးဝ မရောက်ဘူး။ နတ်ပြည်တော့ ရောက်ချင်ရောက်မယ်။
ငါ့ပစ္စည်းမဟုတ်ဘူးဆိုတဲ့ အစွဲလည်း လွှတ်ရဦးမှာ။
အစွဲမလွှတ်လို့ ရှိရင် ဆိုင်းဘုတ်ကြည့်တိုင်း သာယာမယ်နော်..။
စွန့် ပြီးရင် လွှတ်ရမှာနော်..။
စွန့် ရုံမျှနဲ့ တော့ ခင်ဗျားတို့  နတ်ပြည်တော့ ဖြစ်ချင်ဖြစ်မယ်။
နိဗ္ဗာန်တံခါးဝတော့ မရောက်နိုင်ဘူး။
ဒါနသာဖြစ်၍ ပါရမီမတက်နိုင်ဘူး။
အခု ဒါနရော ပါရမီထိတက်ပြီးကြပြီလား၊
သီလရော ပါရမီထိ တက်ပြီးကြပြီလား။
မဟာဗောဓိမြိုင်ဆရာတော်ကြီး

No comments:

Post a Comment