ဣရိယာပုဒ်ကြာချင်ရင် အရင်ဆုံး မေတ္တာ၊ ဂုဏ်တော် စတဲ့ သမထ အရင် ပွားရင်သော်လည်းကောင်း၊ စင်္ကြန် များများလျှောက်လျှင်သော်လည်းကောင်း ပိုထိုင်နိုင်ပါတယ်။ မဟာစည် ဆရာတော်ရဲ့ အချိန်ဇယားလို တစ်နာရီတော့ နည်းနည်း ထိုင်စရှိလာရင် ပြည့်အောင်ထိုင်သင့်ပါတယ်။ဒါမှလည်း သည်းခံခြင်း နဲ့ အဓိဌာန်ပါရမီတွေက တရားတက်ခြင်းကို အားပေးမှာပါ။ အလွန်ကြာညောင်းသော ဣရိယာပုဒ် ဖြစ်ခြင်း မဖြစ်ခြင်းထက် ဘယ်ဣရိယာပုဒ်မဆို တရားသတိရှိနေခြင်းက အဓိကပါ။
တရားတက်ဖို့ ရိုရိုသေသေ၊စူးစူးစိုက်စိုက်ရှုရပါမယ်။
မီးပွတ်သော ယောက်ျားကဲ့သို့ အဆက်မပြတ်မှတ်သိမှုရှိရပါမယ်။
ထက်သန်သော လုံ့လ ၀ီရိယရှိရပါမယ်။
ယုံကြည်မှုလည်းရှိရပါမယ်။
တရားလည်းနာရပါမယ်။
ဆရာကောင်းကို မှီဝဲရပါမယ်။
ဣရိယာပုတ် ကြာရှည်ထိုင်နိုင်သူများကိုလည်း ချီးကျူးပါတယ်။ ဣရိယာပုတ် ကြာရှည်ခြင်းအကျိုးကတော့ ပိုမိုသည်းခံ လာနိုင်ပါတယ်။
အတွေ့အကြုံပိုရပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရပါတယ်။စိတ်ကြည်ပါတယ်။ ဝေဒနာနဲ့ကိုယ်နဲ့ နဖူးတွေ့ ဒူးတွေ့တဲ့ခါ တုန်လှုပ်မှု အားနည်းပါတယ်။
မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)
No comments:
Post a Comment