Saturday, December 19, 2015

“ဘယ်သူ့ကို အချစ်ဆုံးလဲ”။

        ဒီမေးခွန်းကို ဘုရားရှင်လက်ထက်မှာ ကောသလမင်းကြီးက မလိကာမိဖုရားကြီးကို
မေးဖူးပါတယ်။ မင်းကြီးကတော့ မိဖုရားကြီးကို ချစ်လဲချစ်တယ်၊ လိုလေသေးမရှိ အခြွေအရံ
အပြည့်အစုံနဲ့ထားကာ အလိုလိုက်ထားတော့.. သူ့ကို အချစ်ဆုံးလို့ ပြောမယ်ထင်ပါတယ်။ ဒါ

ပေမယ့် မင်းကြီးထင်သလို မဟုတ်ပါ၊ မိဖုရားကြီးက မိမိကိုယ်ကို အချစ်ဆုံးလို့ ပြန်ဖြေလိုက်
ပါတယ်။ အဲဒါကို မင်းကြီးက မကျေနပ်လို့ မြတ်စွာဘုရားဆီသွားပြီး ထပ်လျှောက်တော့..
ဘုရားရှင်ကလဲ မိဖုရားပြောတာ မှန်တယ်ဆိုမှ သဘောပေါက် ကျေနပ်သွားပါတယ်။ သင်ကော
ဘယ်သူ့ကို အချစ်ဆုံးလဲ ?။
 { မြင့်ရွှေ(ပေါင်းတည်) ၏  ခန္ဓာကိုမြင်ခြင်းနှင့် ဒါန.သီလမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ }

    ဦးသိန်းဝေ။
            https://www.facebook.com/thein.wai.167
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment