Friday, December 18, 2015

အာရုဏ်ဆွမ်းကပ်လှူတန်းသူများသတိချပ်ရန်...။



ရဟန်းတော်တွေ အာရုဏ်ဆွမ်းစားတဲ့အခါ ရာသီဥတုကိုလိုက်ပြီး အချိန်ကွာခြားတယ်လို့ သိရပါတယ်။ ဘယ်ရာသီမှာ ဘယ်အချိန် အာရုဏ်ဆွမ်းစားရသလဲဆိုတာ သိချင်ပါတယ် ဘုရား။
အရုဏ်တက်ရာ၊ ၁၂-ဖြာ၊ ဘယ်ရာသီမှာ ဘယ်လိုနည်း?။


၁၂-လ၌ အရုဏ်တက်သောအချိန် နာရီ မိနစ်များကိုအောက်ပါလင်္ကာအတိုင်း ရှေးပညာရှိ က၀ိဆရာများ စီစဉ်သတ်မှတ်ထားကြ၏၊ ဤ၌ စနေနံကို သုညယူ။

လင်္ကာသွား လအမည် နာရီ မိနစ်

ကူး= ပြန် နှင်းထွေး တန်ကူး ၅း ၀၀
ဆုန်= လေး ပေါ်နေ ကဆုန် ၄း ၅၀
ယုန်= ဝေ ဝေထပ် နယုန် ၄း ၄၀
ဆို= လပ် စာတော် ၀ါဆို ၄း ၃၀
ခေါင်= လှော် လူထု ၀ါခေါင် ၄း ၄၀
လင်း= လူ မတွေး တော်သလင်း ၄း ၅၀
ကျွတ်= မေး နင်တို့ သီတင်းကျွတ် ၅း ၀၀
မုန်း= ဖို့ အော်နေ တန်ဆောင်မုန်း ၅း ၁၀
တော်= မြေ ကျော် ဋ္ဌေး နတ္တော် ၅း ၂၀
ပြာ= ပေး ဆန်တောင်း ပြာသို ၅း ၃၀
တွဲ= ပေါင်း ခေါ်နော် တပို့တွဲ ၅း ၂၀
ပေါင်း= ပျော် အထွက် တပေါင်း ၅း ၁၀
အထက်ဖော်ပြထားသောပုံစံ၌ မိမိက လင်္ကာသွားကိုမရရင်တာင် ဘယ်လမှာ ဘယ်နှစ်နာရီ အာရုဏ်တက်တယ်ဆိုတာလေးကို သိထားရင် အဆင်ပြေပါတယ်။ မေးသူက ဘယ်ရာသီမှာ ဘယ်အချိန် အာရုဏ်ဆွမ်းဘုဉ်ပေးရသလဲဆိုတော့ မိမိက နွေ၊ မိုး၊ဆောင်း ခွဲကြည့်လိုက်ပါ။

အထက်ပါ (၁၂)လကိုမှ နွေရာသီက(၄)လ စသည့်ဖြင့် ပိုင်ခြားပြီးတော့ပေါ့။ ဒါဆိုရင် အဓိကမှတ်ရမှာက ဘယ်လမှာ ဘယ်နှစ်နာရီ အာရုဏ်တက်တယ်ဆိုတာလေးကို မှတ်သားထားဖို့ပါပဲ။

လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။
မှတ်ချက်။ ။ (လပြည့်ဝန်း ဆိုက်မှ ကူးယူဖော်ပြသည်)

No comments:

Post a Comment