ဤလူ့လောကကြီး ဖြစ်တည်စအချိန် လူတို့၏သက်တမ်းသည် ဤမျှပါဟု ပြောဆို၍မရအောင်
ရှည်လှစွာသော အသေင်္ချေယျတန်း မှစ၍ လူသားတို့သည် ဗြဟ္မစိုရ်တရားတို့ကို ကျင့်သုံးနေထိုင်
လာခဲ့ရာမှ ရသတဏှာကို အခြေခံသည့် ကိုယ်တွင်းအကုသိုလ်တရားများ တဖြည်းဖြည်း ဖြစ်ပွားလာ
ခဲ့ကြပြီး တဖြည်းဖြည်း တိုးပွားလာခဲ့ကြသည်။ သို့သော် ဒုစရိုက် အဆင့်သို့ကား မရောက်သေးပေ။
လူတို့၏သက်တမ်း တစ်သိန်းတန်းနှင့် တစ်သိန်းတန်းအောက်ရောက်မှသာ ဒုစရိုက်တရားတို့
တဖြည်းဖြည်း ဖြစ်ပွားလာခဲ့ကြသည်။
(၁) တစ်သိန်းတန်းတွင် အဒိန္နာဒါန ဒုစရိုက်ပေါ်သည်။
(၂) ရှစ်သောင်းတန်းတွင် ပါဏာတိပါတ ဒုစရိုက်ပေါ်သည်။
(၃) လေးသောင်းတန်းတွင် မုသာဝါဒ ဒုစရိုက်ပေါ်သည်။
(၄) နှစ်သောင်းတန်းတွင် ပိသုဏ၀ါစာ ဒုစရိုက်ပေါ်သည်။
(၅) တစ်သောင်းတန်းတွင် ကာမေသု မိစ္ဆာစာရ ဒုစရိုက်ပေါ်သည်။
(၆) ငါးထောင်တန်းတွင် ဖရုသ၀ါစာ, သမ္ဖပ္ပလာပ ဒုစရိုက်ပေါ်သည်။
(ရ) နှစ်ထောင်တန်းတွင် ဗျာပါဒ, အဘိဇ္ဈာ ဒုစရိုက်ပေါ်သည်။
(၈) တစ်ထောင်တန်းတွင် မိစ္ဆာဒိဌိ ဒုစရိုက်ပေါ်သည်။
(၉) ငါးရာတန်းတွင် မိစ္ဆာဓမ္မ, ၀ိသမလောဘ, အဓမ္မရာဂတို့ ပေါ်သည်။
(၁၀) နှစ်ရာတန်းတွင် အမိ၊ အဖတို့အပေါ် ဂါရ၀ကင်းကြသည်။
ဤသို့ ဖြစ်ပေါ်တိုးပွားလာခဲ့ရာ ယခု ဗုဒ္ဓဂေါတမလက်ထက်တော်တွင် ဒုစရိုက် ၁၀ပါး စုံနေရုံမျှမက
ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း ဆန္ဒရာဂ ဖြစ်ပေါ်သည့် အဓမ္မရာဂတို့ ဖြစ်ကြရုံမျှမက
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့အပေါ် လေးစားရိုသေမှု ဂါရ၀ကင်းနေကြပြီဖြစ်သည်။
(၁၁) ဆယ်နှစ်တန်းတွင် ဓမ္မအားလုံး စွန့်ပစ်ကြသည်။
ထို့ကြောင့် မိမိတို့သန္တာန်၌ ထိုဆိုခဲ့ပြီးသော မကောင်းသော တရားများ ဖြစ်ပေါ်ခွင့်မပေး
ကြဘဲ ဗုဒ္ဓ၏ အဆုံးအမအတိုင်း ကျင့်သုံးနေထိုင်ကြပါရန် နိုးဆော်ရေးသားလိုက်ပါသည်။ ။
(မဟာဝိဟာရကျောင်းတိုက် ဆယ်နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရစာစောင်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။)
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment