Friday, April 29, 2016
#မဟာဝိဟာရဓမ္မ၀ိနယတက္ကသိုလ်အကြိုဒီပလိုမာတန်းဖွင့်မည်။
သီလ၊ သုတ စွယ်စုံရသောပညာရှင်ရဟန်းတော်များကို မွေးထုတ်ရန်ရည်ရွယ်လျက်
"နေနည်းရှေးကျ သင်နည်းခေတ်မီ” ဟူသောရှေးမထေရ်မြတ်ကြီးတို့၏
သြ၀ါဒကိုဦးထိပ်ရွက်ပန်ဆင်မည်။
အကြိုဒီပလိုမာတန်း ကိုတက်ရောက်မည့်သူများသည် အင်္ဂလိပ်စာအခြေခံရှိရန်မလိုပါ။
 ဓမ္မာစရိယပိဋကတ်ပညာအရည်အချင်းသာ လိုပါသည်။
#၀င်ခွင့်စာမေးပွဲဖြေရမည်။
ဝင်ခွင့်လျှောက်လွှာများကို၂၀၁၆-ခုနှစ်၊ ဇွန်လ(၆)ရက်၊ ၁၃၇၈-ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊
တနင်္ဂနွေနေ့တွင်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲကို (၂၀၁၆ခု ဇွန်လ (၂၀)ရက်) ၁၃၇၈ ခု နယုန်လပြည့်နေ့
(တနင်္လာနေ့) တွင် ကျင်းပမည်။ ကျင့်ပမည့် နေရာနှင့်အချိန်ကို ထပ်မံကြေညာပါမည်။
အောင်မြင်သူများကို  Web Page, Email, Phone တို့ဖြင့် ဇွန်လအတွင်း ထုတ်ပြန်အသိပေးပါမည်။
အကြိုဒီပလိုမာတန်းဖွင့်ရက် ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်၊ ၁၃၇၈ - ခု ၀ါဆိုလဆန်း (၁၃)ရက်၊
တနင်္ဂနွေနေ့ ဖြစ်ပါသည်။
ဝင်ခွင့်မေးခွန်းပုံစံနှင့်ဝင်ခွင့်လျှောက်လွှာများကို   www.mdamyanmar.com
ဝဘ်ဆိုဒ် တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
လျှောက်လွှာများကို ၀င်ခွင့်မေးခွန်းပုံစံနှင့်အတူ ကျောင်းသားရေးရာဌာန၊ မဟာဝိဟာရဓမ္မ၀ိနယတက္ကသိုလ်၊ ဘိုးဒေါနကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်(ရုံးအဖွဲ့)ဖုန်း- ၀၉-၄၅၁-၃၈၈၂၅၀၊ ၀၉-၄၅၁-၃၈၈-၂၅၁ နှင့်
Info Myanmar College၊အမှတ်(၅၀၇)၊ ပြည်ရိပ်သာလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်တို့တွင်
ရယူနိုင်ပါသည်။
ဝင်ခွင့်လျှောက်ထားရာ၌ အထက်ပါနေရာများတွင် ကိုယ်တိုင် လာရောက် လျှောက်ထားနို်င်သကဲ့သို့
အွန်လိုင်းမှတဆင့်လည်း   sayaphyowai@gmail.com (or) saya.hw001@gmail.com
တို့သို့လည်း(သက်ဆိုင်ရာစာရွက်စာတမ်းအပြည့်အစုံကိုပူးတွဲလျှက်) အီးမေးလ် ပို့၍လျှောက်ထားနိုင်ပါသည်။ ၀င်ခွင့်နှင့်ပတ်သက်၍ အောက်ပါဖုန်းနံပါတ်များသို့ မေးမြန်းစုံးစမ်းနိုင်ပါသည်။
- ၀၉ ၃၃၈၆ ၁၈၃၃
- ၀၉ ၇၉၂ ၆၇၈ ၅၀၁
- ၀၉ ၄၂၈ ၁၂၃ ၃၉၀
- ၀၉ ၅၀ ၆၆၃၀၆
အကြိုဒီပလိုမာတန်းဖွင့်ရက် (၂၀၁၆ခု ဇူလိုင် (၁၇) ရက်) ၁၃၇၈ ခု ၀ါဆိုလဆန်း (၁၃)ရက်၊
တနင်္ဂနွေနေ့ ဖြစ်ပါသည်။
“၀င်ခွင့်ဖြေကြားမည့်အရှင်များ၏ပရိယတ္တိပညာအရည်အချင်း”
(အောက်ပါဘွဲ့တခုခုကိုရရှိထားသူများလျှောက်ထားနိုင်သည်)
- (က) ဓမ္မာစရိယဘွဲ့ (အစိုးရ/အသင်း)။
- (ခ) သာမဏေကျော်ဘွဲ့ / သာသနာလင်္ကာရဘွဲ့တခုခုရရှိထားပြီး ဓမ္မာစရိယစာဝါများကို
  ကျေညက်စွာ သင်ယူပြီးသူ။
- (ဂ) ဓမ္မာစရိယစာဝါပို့ချသောကျောင်းတိုက်ကြီးများမှတိုက်တွင်းဓမ္မာစရိယစာမေးပွဲကို အောင်မြင်ထားသူ။
- (ဃ) မဟာဝိဒူဘွဲ့
- အသက်(၃၀) သိက္ခာ (၁၀)၀ါအတွင်းဖြစ်ရမည်။
- ၀ိနည်းတော်ကို အသက်သဖွယ်မြတ်နိုးလျှက် ၀ိနယဂရုကလဇ္ဇီပေသလ ဂုဏ်နှင့်ပြည့်စုံစွာနေနိုင်ပြီး
 သာသနာချစ်စိတ်ပြင်းထန်သူဖြစ်ရမည်။
- ကို်ယ်လက်အင်္ဂါ ချွတ်ယွင်းသူ (ပရိသဒူသကပုဂ္ဂိုလ်မျိုး)မဖြစ်စေရ။
- ၀င်ခွင့်လျှောက်ထားရာတွင် သက်ဆိုင်ရာအောင်လက်မှတ် (သို့) အထောက်အထားမိတ္တူများကို
- ယခု (၁၈လ)အကြို ဒီပလိုမာတန်းတွင်ဓမ္မ၀ိနယဆိုင်ရာ အင်္ဂလိပ်စာနှင့် အထွေထွေအင်္ဂလိပ်စာတို့ကို 4Skills ဖြင့် Special Training အထူးသင်ကြားပေးမည်ဖြစ်ပါသည်။
- ဒီပလိုမာတန်းနှင့် အထက်အဆင့်များတွင် အင်္ဂလိပ်ဘာသာကို ကြားခံဘာသာစကားအဖြစ်
  အသုံး ပြုမည်ဖြစ်သည်။
- အဆောင်နေစာသင်သားများသာ လက်ခံမည်။
အောက်ပါလျှောက်လွှာကို Downloadဆွဲကာ တင်နိုင်ပါသည်ဘုရား။
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
No comments:
Post a Comment