ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ္စာ၊ ငါ့ချစ်သူဆိုတဲ့အရာတွေနဲ့ လောကကြီးကို ငါ့အပိုင်လုပ်ထားတတ်ပါတယ်။
တကယ်တော့ လောကမှာ မြဲသောကိစ္စသည် အမြဲမရှိ။ မမြဲသောကိစ္စသည် အမြဲရှိသည်ဆိုတဲ့ သဘောတရားလိုပဲ ဤလောကမှာ မြဲခြင်းဆိုတဲ့ အရာဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ပုထုဇဉ်တွေဟာ ဆိုးရွားတဲ့ လောကဓံလှိုင်း မပုတ်ခတ်သ၍ ရီလိုက်မောလိုက် ပျော်ပါးလိုက်နဲ့ ကိုယ်ချစ်တဲ့ အသိုင်းဝိုင်းထဲမှာ ပျော်မြူးရင်း မမြဲတဲ့ သဘောတရားကြီးကို ကောင်းကောင်းလေး မေ့ထားလိုက်ပါတယ်။ ပျော်ရွှင်ခြင်းတွေကော မြဲပါလား????? မမေ့နဲ့နော် ဒါလဲတစ်နေ့ပြီးသွားမှာပါ။
စွဲလမ်းခြင်းတွေများစွာနဲ့ တစ်နေ့ကိုယ်အရမ်းချစ်တဲ့လူ ခွဲခွားသွားတဲ့အခါ မမြဲတဲ့သဘောတရားကို နှလုံးမသွင်းဘူးတော့ လွန်စွာ ပူလောင်လာပါပြီ။ “ငါ့သားလေးက ငယ်ငယ်လေးရှိသေးတာ။ ဒီလောက်စိတ်ထားကောင်းတဲ့ ငါ့သားလေးကိုမှ”ဆိုတဲ့ ပူလောင်ခြင်းများစွာနဲ့ နေလို့မရတော့ပါဘူး။ ဒီထက်ဆိုးလာရင် ရူးပါ ရူးသွားတတ်ပါတယ်။ လူငယ်တွေဆိုလဲ ကိုယ်ချစ်တဲ့လူ ကိုယ့်ကို ထားသွားတဲ့အခါ “ငါကတော့ ချစ်လိုက်ရတာ။ ပေးဆပ်လိုက်ရတာ။ လုပ်ရက်လိုက်တာ။ ဒီ----ကို အသေသတ်ပစ်မယ်”ဆိုတဲ့ ဒေါသမီးတွေ အစွမ်းကုန် တောက်လောင်လာပါပြီ။ ဘာဖြစ်လို့ပါလဲ???? ယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်းမမှန်လို့ပါ။ တကယ်က “အော်--- ငါအစွမ်းကုန်ကောင်းခဲ့ပြီးပြီလေ
အဲ့လိုတွေမှာ နှလုံးမသွင်းတတ်ဘူးဆို သောကတွေက ကိုယ့်နောက်မှာ တောက်လျှောက်လိုက်လာပါမယ်။ ဘဝကို စိတ်ပျက်လာမယ်။ မလုပ်သင့်တာတွေ လုပ်လာမယ်။ မဆုံးနိုင်တဲ့ ပူဆွေးခြင်းတွေနဲ့ နောက်ဆုံးမှာ လူ့ဘဝကို အရှုံးပေးသွားလိမ့်မယ်။ တကယ်တော့ ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုတောင် တစ်စက္ကန့်မပိုင်ပါဘူး။ ဒီနေ့ငါနဲ့ နောက်နေ့ငါ မတူပါဘူး။ လူသားအားလုံးက သံသရာဝဋ်ဆင်းရဲကို လာခံနေရတဲ့ သံသရာ ဒုက္ခသည်တွေပါ။ လူဖြစ်လာထဲကိုက ဒုက္ခခံစားဖို့ ဖြစ်လာတာပါ။ အဲ့တော့က လူဖြစ်လာတယ်။ ကိုယ်နဲ့ရေစက်ဆုံလာတဲ့ လူတွေကို အကောင်ဆုံး ဆက်ဆံပေးမယ်။ ပျော်စရာကြုံလဲ နှလုံးသွင်းမယ်။ အော် ဒါလဲ တစ်နေ့ပြီးသွားမှာပါ။ ဝမ်းနည်းစရာတွေ့တော့ကော??? မမေ့ပါနဲ့။ ဒါလဲတစ်နေ့ ပြီးသွားမှာပါ။
ဗုဒ္ဓဘာသာစောင့်ရှောက်သူများဖေ့ဘုတ်မှတင်ပြသည်။
No comments:
Post a Comment