အဲဒီနိုင်ငံမှာ ဗီယင်နာ တက္ကသိုလ်ဆိုတာ ရှိတယ်၊
လွန်ခဲ့တဲ့ ၂-နှစ်လောက်ကတည်းက ဘုန်းကြီးတို့ကို ဖိတ်တယ်၊
ဘုန်းကြီးတို့လည်း အချိန်မပေးနိုင်တာနဲ့ ဒီနှစ်တော့ မေလ (၂၀)ရက်နဲ့ (၂၁)ရက်မှာ စိတ်အကြောင်း ဟောပြောဖို့ ဖိတ်တာနဲ့ အဲဒီသွားပြီး စိတ်အကြောင်း ဟောပြောတယ်။
အဲဒီမှာ ဘုန်းကြီးက မေးခွန်းတစ်ခုကို မေးတယ်၊
စိတ်တ်အကြောင်း ဟောပြီးတော့ စိတ်ဆိုတာ ဘယ်နေရာမှာ ရှိသလဲလို့၊
identify လုပ်နိုင်သလားလို့ မေးလိုက်တော့
အဲဒီထဲက Psychology ပါမောက္ခတစ်ယောက်ပါလာတယ်၊
သူက ဦးနှောက်ထဲမှာ ရှိတယ်လို့ ဖြေတယ်၊ ဦးနှောက်ထဲမှာ ရှိတယ်လို့ ဖြေလိုက်တော့၊ ဘုန်းကြီးက စိတ်ဟာ တကယ်ပဲ ဦးနှောက်ထဲမှာ ရှိနေသလား၊ မရှိဘူးလား ဆိုတာ သိဖို့ ဥပမာလေးတစ်ခု ပြောရအောင်ပေါ့။
ဂီတာထဲမှာ အသံဆိုတာ ရှိနေသလား မေးတော့ မရှိဘူးလို့ ဖြေကြတယ်၊
အေး -အဲလိုပဲ မရှိသလို ဦးနှောက်ထဲမှာလည်း စိတ်ရှိနေတာ မဟုတ်ဘူးလို့၊
သူတို့က ဦးနှောက်ထဲကိုပဲ စိတ်လို့ ယူဆတာ၊ ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို စိတ်လို့ ယူဆတာဆိုတာကို နောက်တော့ သိလာရတယ်။
စိတ်ဆိုတာ အကြောင်းရှိမှ ဖြစ်တာ
နောက်ပိုင်းကျတော့ ဗုဒ္ဓအဘိဓမ္မာအရ စိတ်ဆိုတာဟာ ရှိနေတာ မဟုတ်ဘူး၊
မီးခြစ်ဘူးထဲမှာ မီးရှိမနေဘူး၊ သို့သော် အကြောင်းဆုံတဲ့အခါ မီးလေး ပေါ်လာသလိုပဲ၊ ဂီတာထဲမှာ အသံတွေ ရှိနေတာ မဟုတ်ဘူး၊
တီးခတ်လိုက်တယ် ဆိုတဲ့ အကြောင်းဆုံတဲ့အခါ အသံလေး ပေါ်လာတာလို့၊
အဲဒီ ဥပမာလေးတွေနဲ့ ရှင်းပြီး ပြောတဲ့အခါကျတော့
နောက်ပိုင်းမှာတော့ အဲဒီ Psychology ပါမောက္ခကြီး
သူတို့ Psychology အယူအဆနဲ့ ဗုဒ္ဓအယူအဆ မတူညီဘူး ဆိုတာလေးကို
သူ သဘောပေါက်သွားတယ်၊ ဘုန်းကြီးက သူ့ကို အထူးအားဖြင့် ၀မ်းပန်းတသာ နှုတ်ဆက်ပြီးတော့ ပြောတယ်၊
သူကလည်း ၀မ်းပန်းတသာ ဖြစ်သွားတယ်။
ပထမတော့ ဒီလိုအသိုင်းအ၀ိုင်းမှာ မေးလိုက်တော့ သူအံ့အားသင့်သွားတယ်၊ ကြောင်သွားတယ်ပေါ့၊
အသံ မရှိဘူးဆိုရင် ဦးနှောက်ထဲမှာလည်း စိတ်မရှိဘူးဆိုတဲ့အဖြေ ဖြစ်သွားတာကိုး၊
တကယ်တော့ မရှိဘူး၊ ဒါပေမယ့် လူတွေက ထင်နေတယ်၊
စိတ်ဟာ အမြဲတမ်း ကိုယ်ထဲမှာရှိနေတယ်၊ ဦးနှောက်ထဲမှာ ရှိနေတယ်၊ သို့မဟုတ် နှလုံးသားထဲမှာရှိ နေတယ်လို့ ထင်နေကြတယ်။
(ဒေါက်တာ - အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)
အသိဉာဏ်သည် ဦးနှောက်ထဲတွင်ရှိတယ်ဆိုတာ ဟုတ်ရဲ့လား
.................................
https://www.facebook.com/note.php?note_id=286647731403319
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment