
တစ်ခါသား အထက်အညာတွင်“သာစည်”ဆိုတဲ့ ကျေးရွာတစ်ရွာ ရှိပါ၏။ အိမ်ခြေ (၃၀၀)လောက်ရှိသောထို ရွာတွင် ကိုးကွယ်စရာ စေတီ ပုထိုး မရှိသေးဘူးဟုဆိုပါ၏။ တစ်နေ့တွင်မတော့ ရွာဦး ကျောင်း ဆရာတော်သည် အိပ်မက်အရ ဟုဆိုကာသူ့
ကျောင်းဝင်းထဲတွင် ရွာသူရွာသားများ ကိုးကွယ်ဖို့ရာ စေတီငယ်တစ်ဆူ တည်တော်မူပါ၏။ ဆရာတော်သည်ဒကာ၊ ဒကာမတစ်ဦးတစ်ယောက်ထံမှ အလှူမခံဘဲ ကိုယ်ပိုင် န၀ကမ္မဖြင့်သာ တည်တော်မူခြင်းဖြစ်သဖြင့် "ကိုးတောင်ပြည့်ရုံ" သာ တည်နိုင်သည်ပေါ့။
စေတီတော်တည်ပြီးသွားသည့်အခါ
ထို အချိန် မန္တလေးမှ စာသင်သား အာဂန္တု ဦးပဉ္စင်းတစ်ပါးသည် လည်း ရွာဦးကျောင်းမှာ ရောက်ရှိ နေသောကြောင့် ဆရာတော်က “ထီးတော်တင်ပွဲ စည်ကားအောင် ဘယ်လိုကျင်းပရရင် ကောင်းမလဲ”ဟု အကြံဉာဏ် တောင်းခံသည်ဆို၏။
ထို အခါ အဆိုပါ ဦးပဉ္စင်းက-
“ဘုရားရှင်ကို ပူဇော်ရာမှာ "အာမိသပူဇာ"လို့ခေါ်တဲ့ "ပစ္စည်းဝတ္ထု"နဲ့ ပူဖော်တာထက်
"ဓမ္မပူဇာ"လို့ခေါ်တဲ့ "တရားနဲ့ ပူဇော်တာ"က ပိုမိုကောင်းမြတ်ပြီး ဘုရားရှင်လည်း နှစ်သက်တော်မူတာမို့
"ဓမ္မစကြာ၊ ပဋ္ဌာန်း"စတဲ့ တရားများနဲ့ ရွတ်ဖတ်ပူဇော်ခြင်း၊
နိုင်ငံကျော် ဓမ္မကထိကများကို ပင့်ဖိတ်ပြီး ညတရားပွဲများ ကျင်းပ ပူဇော်ခြင်းတွေကို
ဆောင်ရွက်သင့် ကြောင်း” အကြံပေးတော်မူပါတယ်။
နော့ပေမယ့် ဆရာတော်နှင့် ရွာလူကြီးများက “တရားပွဲဆိုရင် လူစည်းကားမှာ မဟုတ်”ဟု အကြောင်းပြကာ ထိုဦးပဉ္စင်း၏အကြံပေးချက်ကု
နောက်ဆုံး အများဆန္ဒအရ ဆိုကာ ဇာတ်ပွဲထည့်ရန် ဆုံးဖြတ်ကြပါ၏။ နာမည်ကြီး ဇာတ် တစ်ဇာတ်ကို မန္တလေးမြို့ အထိတက်၍ ငှားရမ်းကြသဖြင့် ငွေများကလည်း သိန်းနှင့်ချီ၍ ကုန်ပါသည်ပေါ့။
ထို့ပြင် ထီးတင်ပွဲ မကျင်းပမီ ကတည်းက စေတီတော်နှင့် မလှမ်းမကမ်း ကွင်းပြင် ကျယ်ထဲတွင် ဧရာမ ဇာတ်စင်ကြီးကို ဟည်းနေအောင် ဆောက်ကြသဖြင့် "ဘုရားက ငယ်ငယ် ဇာတ်စင်က ကြီးကြီး"ဟုပင်ဆိုရပါမည်။
ထီးတင်ပွဲနေ့ ရောက်တဲ့အခါ မနက်ပိုင်း စောစောမှာ ရွှေထီးတော်ကို တင်လှူကြပါ၏။ ပင့်သံဃာတော်(၁၀)ပါးနဲ့ ရွာလူကြီးတွေသာ ပါဝင်ကြတာမို့ သိပ်စည်စည် ကားကားကြီး မဖြစ်သေးပါ။
နော့ပေတဲ့ ညနေခင်းရောက်သောအခါ ရွာနီးချုပ်စပ်မှ ဧည့်သည်များ၊ ရွာထဲရှိ လူပျို၊ အပျို ကာလသား အဘိုးကြီး အမယ်အိုပါမကျန် ထွက်လာကြသဖြင့် ဇာတ်စင်ရှေ့တွင် တိုးမပေါက်အောင် စည်ကားသည်တဲ့။
ထိုအချိန် ကျောင်းဝန်းထဲမှာ တည်ထားတဲ့ "ကိုးတောင်ပြည့် စေတီတော်ကလေး" နံဘေးတွင်မတော့ လုပ်လီလုပ်လဲ့ လင်းနေသော ဖယောင်းတိုင် လေး တစ်တိုင် နှစ်တိုင်မှလွဲ၍ လူတစ်ယောက်မျှ မရှိပါ။
ဆိုပါစို့။ နာမည်ကြီး ဇာတ်ပွဲကြီး ကပြ အသုံးတော်ခံနေခြင်း တစ်နာရီလောက်အချိန်သာရှိသေး
တွေ့ကရာ သစ်သားချောင်း၊ အုတ်ခဲတွေနဲ့ ပစ်ပေါက် ရိုက်နှက်ကြသဖြင့် ခေါင်းကွဲသူကွဲ၊ အလဲလဲ အပြိုပြိုနဲ့ လူသုံးဆယ်လောက် ဒဏ်ရာရ သည်ပေါ့။ ထို လူများကို ကျေးရွာလူကြီးများ ဖမ်းခေါ်သွားကာ ရဲဌာနတွင် အမှုတိုင်ချက်ဖွင့်ရပါ၏။
ထို အခြင်းအရာများကို မန္တလေးက ဦးပဉ္စင်းမှ တွေ့မြင် သွားသောအခါ-
“အင်း.. ငါအကြံပေး သလိုသာ တရားနဲ့ ပူဇော်ကြရင် အခုလို ဖြစ်ကြမှာ မဟုတ်ဘူး။
အခုတော့ ဘုရားကို မတရားနဲ့ ပူဇော်ကြလို့ မဟုတ်မဟတ်တွေ ဖြစ်ကုန်ကြပြီ။
တကယ်တော့ လူတွေဟာ ထီးတင်ပွဲ၊ ဘာပွဲ၊ ညာပွဲတွေ လုပ်နေကြတာပါ။
ဘုရားကို ပူဇော်ရာ မရောက်ဘဲ “ စော်ကားရာတောင် ရောက်သေးတယ်”ဟု တွေးမိပြီး မချင့်မရဲဖြစ်လာရာမှ
အောက်ပါအတိုင်း “ဒွေးချိုး” တစ်ပုဒ် စပ်ဆိုလိုက်သည်ဆိုပါ၏။
“ဘုရားကလေး ငယ်ငယ်၊
ကိုးထောင်ပြည့်တယ်၊
ငယ်သာငယ် တယ်တွယ်တဲ့ဘုရား။
လူသုံးဆယ် ခေါင်းတွေ ကွဲသွားတယ်။
ရဲဌာနသွား။”ဟူ၏။
ပုံပြင်ထဲမှဖော်ပြပါ အဖြစ်အပျက်များသည် အပြင်မှာလည်း တကယ်ဖြစ်နေတတ်ပါ၏။ ထို့ထက်ဆိုးလျှင်သာ ဆိုးပါမည်၊ ထို့ထက်တော့ မလျော့နည်းနိုင်ပါ။ ထိုကဲ့သို့ အဖြစ်ဆိုးများကို ပညာရှိ သူတော်ကောင်းများက မနှစ်သက်ပါ။
ထို့ကြောင့်ပင်-"လယ်တီဆရာတေ
"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ" သည် လည်း- “ပွက်လောဆူညံ၊ လူသံပွဲတို့၊ ကျောင်းဘုရားထဲ လုပ်ကြသည်။ ဗုဒ္ဓအယူ၊ အတွင်းလူဖျက်လို့။ ဘာသာပျက်၍ ခက်လိမ့်မည်” ဟု ကဗျာရေးစပ်ခဲ့ပါ၏။
ဗုဒ္ဓသာသနာတော်သည် လူသားများအတွက် မွန်မြတ်ပြီး၊ ရခဲတဲ့ ပဏ္ဏာတစ်ခု ဖြစ်ပါ၏။ ကရုဏာနှင့်ပညာကို အခြေခံကာ လောက အကျိုးစီးပွားအတွက် တည်ဆောက် ထားသောကြောင့် လူသားများနှင့် အံဝင်ခွင်ကျ အဖြစ်ဆုံး ဘာသာတရား တစ်ခုလည်း ဖြစ်သည်ဟု ဆိုနိုင်ပါ၏။
ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ အထည်ကိုယ်သည် သစ္စာလေးပါးဖြစ်၍ ရည်မှန်းချက် ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်ပါ၏။ အကျင့်လမ်းစဉ်မှာ မဂ္ဂင်ရှစ်ပါးဖြစ်ကာ လက်စွဲတရားဆိုသည်က ဗြဟ္မစိုရ် လေးပါးဖြစ်ပါသည်။
"သိက္ခာသုံးဖြာ၊ သာသနာတော်သုံးရပ် ပိဋကသုံးပုံ၊ နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်း လေးထောင်"အစရှိသော ဗုဒ္ဓသာသနာတော်၏ ကြီးမြတ်သော ဂုဏ်သိက္ခာသည် အံ့ဖွယ်ရှစ်ဖြာနှင့် ပြည့်စုံသော မဟာသမုဒ္ဒရာကြီးတစ်ခုလိုပင်ြ
စ-လယ်-ဆုံး ကောင်းခြင်းသုံးပါးနှင့် ပြည့်စုံသည့် သာသနာတော်သည် ဖွဲ့စည်းပုံ၌လည်း "စည်းကမ်း၊ နည်းလမ်း၊ သဘောတရား"ဟူ၍ သုံးပိုင်းလုံး ပြည့်စုံကြွယ်ဝစွာ ပါရှိပါ၏။
"စည်းကမ်းပိုင်း" ဖြစ်သော "၀ိနယ ပိဋက"သည် သာသနာတော်၏ အသက်ဖြစ်ပါသည်။
"နည်းလမ်းပိုင်း"ဖြစ်သော "သုတ္တန္တ ပိဋက"သည် သာနာတော်၏ အလှဖြစ်ပါသည်။
"သဘောတရားပိုင်း"ဖြစ်သော "အဘိဓမ္မပိဋက"သည် သာနာတော်၏ အနှစ်သာရဖြစ်ပါသည်။
"အသက်- အလှ-အနှစ်သာရ" များနှင့် ပြည့်စုံ ကြွယ်ဝသော သာသနာတော်သည် ယဉ်ကျေးသိမ်မွေ့၍ လွန်စွာမှ အထက်တန်းကျ မြင့်မြတ်လှပါပေ၏။
"ဗုဒ္ဓသာသနာတော်" သည် "အသွင် သဏ္ဍာန်"ရော၊ "အနှစ်သာရ"ပါ နှစ်ဖက်လှသည့် ဘာသာ တရားတစ်ခု ဖြစ်ပါ၏။ စည်းကမ်းရှိမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကိုယ်ချင်းစာနာ မေတ္တာထားမှု၊ သတိဉာဏ်ယှဉ်တတ်မှု စသည်များသည် ဗုဒ္ဓသာသနာ တော်၏လှပသော အသွင်သဏ္ဌာန်များ ဖြစ်ပါသည်။
"ဗုဒ္ဓမြတ်စွာ"သည် “သန့်ရှင်း သပ်ရပ်မှုနဲ့ တိတ်ဆိတ်ငြိမ်သက်မှု”ကို လွန်စွာ လိုလား မြတ်နိုး တော်မူသည့်အတိုင်း “ဘုရားရှင်တို့ မည်သည် တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာမှာသာ မွေ့ လျော်မြဲဖြစ်တယ်”ဟူ၍ မကြာခဏ မိန့်တော်မူပါသည်။
လက်ယာရံ အဂ္ဂသာဝကဖြစ်သည့် အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် သန့်ရှင်း မှုနှင့် ပတ်သက်၍ ဘုရားရှင်၏ သတိပေး ဆုံးမမှုကို ခံရပါသေးသည်။ “၀ိနည်းအစ၊ တံမြက်လှည်းမှုက” ဟု ဆိုရိုးရှိသည့် အတိုင်း ကုဋေကိုးထောင်ကျော် စည်းမျဉ်း ဥပဒေတွေ ပါရှိသော ၀ိနည်းပိဋက၏ နိဒါန်းကိုလည်း တံမြက်လှည်းမှု ကျင့်ဝတ်နှင့်ပင် စတင် ထားရှိတော်မူခဲ့ပါသည်။
ကျောင်းတော်တွင်း ဆူညံသံပြုကြတဲ့ ရဟန်းငယ်၊ ရှင်ငယ်များကို “ငါးစိမ်းသည်တွေ ရန်ဖြစ်သလိုပဲ”ဟု ရှုတ်ချတော်မူကာ နှင်ထုတ်စေခဲ့ ပါ၏။ ရဟန်းတော်များ စုဝေးရာတွင်လည်း ပြောကြားလိုလျှင် တရားစကားကိုသာ တိုးတိတ်ငြင်သာစွာ ပြောဆိုနိုင်ပြီး၊ မပြောကြားလိုလျှင် တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေရမည်ဟု ဗုဒ္ဓ က ညွှန်ကြားတော်မူခဲ့ပါသည်။
ထို့ကြောင့် “သန့်ရှင်း သပ်ရပ်မှုနဲ့ တိတ်ဆိတ် ငြိမ်သက်မှု” များသည် အထက်တန်းကျ မြင့်မြတ် လှသော ဗုဒ္ဓသာသနာတော်ကြီး၏ကောင်းမြ
ယခုအချိန်အခါတွင် သာသနာတော်၏ မြင့်မြတ်သော ဂုဏ် ကျက်သရေ များသည် တစ်စ တစ်စ ဆုတ်ယုတ် လျော့ပါးလာရုံမျှမက မယဉ်ကျေးကြသော အောက်တန်းစား ဘာသာဝင် တချို့ကြောင့် ပျက်စီးလုနီးပါးဖြစ်နေပါပြီ
မွန်မြတ်သော အနှစ်သာရ များ ကြောင့် ဗုဒ္ဓသာသနာတော်အား မြတ်နိုးတန်ဖိုးထား၊ စိတ်ဝင်စားကြသည့် နိုင်ငံခြားသားများသည် ဗရုတ်သုတ်ခ၊ ပရမ်းပတာ၊ ၀ရုန်းသုန်းကား ဖြစ်နေကြသော အချို့သော ဘာသာရေး အခမ်းအနား တချို့ ကို ကြည့်၍ စိတ်ပျက် အထင်သေး သွားပါလိမ့်မည်။
စည်းကမ်းကြီးသော ဗုဒ္ဓသာသနာတော်ကို ကိုးကွယ် ယုံကြည်သူများသည် စည်းကမ်းရှိသင့်ကြ ပါ၏။ ယဉ်ကျေး သိမ်မွေ့သော ဗုဒ္ဓသာသနာ တော်ကို မှီခိုနေကြသူများသည် ယဉ်ကျေးသိမ် မွေ့သင့်ကြပါ၏။ အထက်တန်းကျ မြင့်မြတ်လှသော ဗုဒ္ဓသာသနာတော်ကို ယုံကြည်သက်ဝင် ကြသူများသည် အထက်တန်းကျ မြင့်မြတ်သင့်လှပါ၏။
ထို့အတူ-
အချင်းချင်း မသင့်မတော် မလျော်တာများ တွေ့လျှင် ဆုံးမသွန်သင် ပြုပြင်ပေးခြင်းသည် မွန်မြတ်သောသာသနာ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါ၏။
မေတ္တာ၊ ကရုဏာ ရှေ့ထားပြီး အချင်းချင်း အမှားပြင်ပေးခြင်းသည်လည်း ကြီးပွား တိုးတက်ကြောင်း၊ ကောင်းမြတ်တဲ့ မင်္ဂလာတစ်ပါးလည်း ဖြစ်ပါ၏။
ဤသာသနာတော်သည် အလေးအမြတ်ပြုအပ် ရင်နဲ့ကပ်ထားရမည့် သာနာတော်၊ ရိုသေ မြတ်နိုး၊ ဦးနှိမ်ချိုးရမယ့် သာသနာတော် ဖြစ်ပါ၏။
ဤ သာသနာတော်အတွက် ချွေးနဲ့ရင်း၊ သွေးနဲ့ရင်း၊ အသက်နဲ့ရင်းခဲ့ရတဲ့ ဗုဒ္ဓမြတ်စွာရဲ့ စွန့်ခြင်းကြီးများ ပြန်လည်တွေးဆ သတိရမိလျှင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ကရုဏာတော်ကို စော်ကားဖို့ဆို ဝေးစွ၊ မျက်ရည် ပေါက်ပင်ကျလာ နိုင်ပါ၏။
ဘုရားရှင်ကို ရိုသေခြင်း၊ တရားတော်ကို မြတ်နိုးခြင်း၊ သံဃာတော်ကို ရိုကျိုးခြင်း၊ သာသနာ တော်ကို လေးစားခြင်း၊ မိမိကိုယ်ကို တန်ဖိုး ထားခြင်းစသည့်ကိစ္စများသည် လောကနှင့် သာသနာကြီးပွား ကြောင်းများပင်ဖြစ်ပါ၏။
ဆရာ၊ မိဘ စသူများ ကို မိမိ ကမှ မလေးစားလျှင် တခြားသူများ က အရိုအသေ တန်တတ်ပါ၏။ ထို့အတူ ဗုဒ္ဓသာသနာတော်ကို မိမိတို့ကမှ မမြတ်နိုးလျှင် တခြား ဘာသာဝင်တွေက တန်ဖိုးထားကြမှာ မဟုတ်ပါ။
ထို့ကြောင့် ဗုဒ္ဓသာသနာတော်နှင့် စပ်လျဉ်းသော အခမ်းအနားကြီးငယ် အသွယ်သွယ်တွင် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးများ ကို ဦးထိပ်တင် ပန်ဆင်၍ ရိုသေလေးမြတ် ပြုလုပ်အပ်ကြပါ၏။
“ ရေမြင့်ရင်ကြာတင့်” သလို ဗုဒ္ဓသာသနာတော်၏ ဂုဏ်ကျက်သရေသည် မိမိတို့၏ ဂုဏ်ကျက်သရေပင် မဟုတ်ပါလော။
ရေးသားပြီးစီး။ ။ ၁၃၇၅ခုနှစ်၊၊၀ါဆိုလဆုတ်(၁၁)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြော
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)
http://www.facebook.com/
No comments:
Post a Comment