တရားအားထုတ်တာ လူတိုင်းကောင်းတဲ့ အလုပ်မှန်းသိပေမယ့် တကယ်အားထုတ်ဖြစ်သူနည်းပါတယ်
အားထုတ်ဖြစ်ရင်တောင် တစ်နှစ်မှာဆယ်ရက်ကိုတောင် မနည်းအချိန်ယူရပါတယ်။
ဒါဟာဘာလို့လဲ ဆိုရင် ငါမရှိရင်မဖြစ်ဘူးလို့ ယူဆလို့ ပါဘဲ။
လူတိုင်းအလုပ်ကိုယ်စီရှိကြေ
လောကမှာ သေဖို့ထက် နေဖို့ က ပိုအရေးကြီးလေ့ ရှိပါတယ်။ ဆရာတော် အရှင် ဆန္ဒာဓိက ပြောသလို "အားလို့ သေတဲ့ မသာမရှိပါဘူး...မအားတဲ့ ကြားကဘဲ သေသွားကြတာပါ။" ဒါကြောင့် တချို့ ဆရာတော်တွေက တပည့်တော် မအားလို့ တရားအားမထုတ်ဖြစ်တာပါလို့ ပြောရင်..သေရင်ရော အားပြီလား လို့ မေးတတ်ကြပါတယ်။
မအားတဲ့ အပြင် ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ စိတ်က လည်း အထင်ကြီးစွာ ကိုယ်စီ စိုးမိုးထားကြပါတယ်။
ခုဘဲ မဟာဗောဓိမြိုင်ဆရာတော်ကြီးရ
ယနေ့ သင်မရှိလျှင်…..
ယနေ့ပင် သူ့ဟာနှင့်သူ ဖြစ်နေပေလိမ့်မည်။
ယနေ့ သင်သေ၍ သင်မရှိတော့ပါသဖြင့်
သင့်နောက်သို့ လိုက်သေမည့်မသာကား
တစ်လောင်းမျှ မရှိပါချေ။ ။ တဲ့......
မှန်ပါတယ်။ ကျန်တဲ့ အလုပ်ကိုသာ အချိန်ပေးနိုင်ပါမယ်။ ယုတ်စွအဆုံး အပျော်ခရီး ဆိုရင် တစ်ပတ်လား...ဥရောပဆို တစ်လလား...ကမ္ဘာပတ်မယ်ဆိုရင်
ငါ မရှိရင် ဘာဖြစ်မလဲ...တကယ်တော့ ဘာမှ မဖြစ်ပါဘူး...ကိုယ်ကသာ မဖြတ်နိုင်တာပါ။
နောက်ဆုံး ဖြစ်ခဲ့ ရင်တောင် အရာအားလုံး သူ့ ဘာသာ လည်ပတ်သွားပြီး အစားထိုးသွားမှာပါ။
မြေဇင်းတရားစခန်းကို နှစ်လ ၀င်ရောက်တုန်းက တရားဝင်သူတွေက ပြောဘူးပါတယ်။ စီးပွားပျက်ပြီ ထင်တာတဲ့ တရားအားထုတ်ပြီး စီးပွားရေး ပြန်လုပ်တော့ ကံပိုကောင်းလာပါတယ်လို့ ပြောဘူးတာ သုံးလေးယောက်ကြားဖူးပါတယ်။
အလုပ်ပြုတ်ချင်ပြုတ် နှစ်လ စခန်း အပျက် မခံဘူးဆိုသူအတွက်လည်း ပိုမို အဆင်ပြေသော အလုပ်ကို ရသူရ၊ အလုပ်က ကိုယ့်ကို မဖြုတ်ဘဲ စောင့်သူစောင့် စသဖြင့် ကိုယ်တွေ့ ကြုံ သူတွေကို တွေ့ဖူးပါတယ်။
တရားအားထုတ်တယ်ဆိုတာ သီလ၊သမာဓိ၊ပညာ ပိုမို အားကောင်းအောင် အားဖြည့်တာမို့ ကံမကောင်းသူတွေတောင် ကံကို ပြင်ပြီးသားရောက်ပါတယ်။
ဒါကြောင့် ငါမရှိရင် မဖြစ်ဘူးဆိုပြီး တရားအားထုတ်ဖို့ ဆင်ခြေပေးနေသူတွေအတွက်
“ငါ မရှိမဖြစ်”
သင့်ကိုယ်သင် အထင်ကြီးခြင်းမျှသာ…..
သင်မရှိဘဲနှင့် ဖြစ်နေသူတွေ တစ်ပုံကြီး။
“သူမရှိ မဖြစ်”
သူ့အပေါ် သင် အထင်ကြီးနေခြင်းမျှသာ…..
သူမရှိဘဲနှင့် ဖြစ်နေသူတွေ မေးထိုးပြလို့မကုန်။
သင်ရှိတုန်းမို့ လက်ခံနေသည်သာ။
သင်ပေးကမ်းလို့ ယူငင်နေသည်သာ။
(မဟာဗောဓိမြိုင် ဆရာတော်ကြီး)
တစ တစ စွန့် ၀ံ့မှ လျှင် ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏။
တရားအားထုတ်စေလိုသော စေတနာဖြင့်
မနန်းမွန်း ( အနှိုင်းမဲ့ စာတိုပေစများ)
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment