Tuesday, August 27, 2013

အပင်ပေါက်နေပြီ....



နှလုံးသားမြေနေရာမှာ မြေသြဇာတွေကောင်းတယ်လေ...
အမုန်းမျိုးစေ့ အတွက် နေရာချနိုင်သလို အချစ်မျိုးစေ့ဆိုတာတွေလည်း စိုက်ပျိုးကြတယ်။
လယ်ယာမြေကောင်းတဲ့ ဒီနှလုံးသားကွက်လပ်မှာ မေတ္တာမျိုးစေ့ကိုစိုက်ပျိုးမိရင်တော့ နှစ်ရှည်ပင်စိုက်ပျိုးသလို တန်ပြန်အကျိုးတွေကို နှစ်ရှည်

 မွေးမြူသလောက်ပြန်လည်စားသုံးရမှာပါ။


သမထမျိုးစေ့ကတော့ အပင်တွေကြီးထွားစေမယ့်အားဆေးပေါ့။

တရားနာခြင်း၊ဖတ်ခြင်းကတော့ ရေလောင်း၊ပေါင်းသင်တာလေ။

ဝိပသနာကတော့ ပိုးတွေမကျအောင်၊ ပြုန်းတီးမှုနဲ့ အလေအလွင့်နည်းအောင် ရှင်းလင်းပေးတဲ့ အကောင်းဆုံး ထွန်ယက်စိုက်ပျိုးနည်းပါဘဲ။

တခါတလေဘာမဟုတ်တဲ့ အချစ်အမုန်းလေးတွေကို ရင်ထဲမှာ မထုတ်နိုင်ဘဲ သိမ်းထားမိတဲ့ခါ ညောင်စေ့က ညောင်ပင်ပေါက်သလို ကိုယ့်ရင်ထဲမှာအပင်ပေါက်ပြီး အသီးတွေပါသီးနေလို့ လေးလံနေတတ်ပါတယ်။

လေးလံလှပြီး အသုံးမ၀င်တဲ့ ပဒိုင်းသီးလို အသီးတွေများသိမ်းထားမိရင် ဆုပ်လည်းဆူး၊ စားလည်း ရူးတော့ မှာ......

ဒါကြောင့် သီလနဲ့လည်း မြေရှင်းပါ။ ဒါနနဲ့လည်း ရေလောင်းပါ။ ဘာဝနာနဲ့လည်း အားဆေးတွေပေးပြီး နှလုံးသားရဲ့  အဖိုးအတန်ဆုံးမြေမှာ တန်ပြန်ကောင်းကျိုးတွေ ခံစားရမယ့် နှစ်ရှည်ပင်များကိုသာ စိုက်ပျိုးသုံးဆောင်ကြ ဖို့ ကိုယ်တိုင် သတိပေးရင်းရေးသားလိုက်ရပါတယ်။

မေတ္တာဖြင့်
မနန်းမွန်း( အနှိုင်းမဲ့စာတိုပေစများ)
 http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment