လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတွင်
ပွင့်တော်မူပြီးကြကုန်သော ၂၈ ဆူကုန်သော
ဘုရားရှင်တို့ အား လက်စုံမိုးကာ ရှိခိုးကန်တော့ပါ၏။
သာရမဏ္ဍကမ္ဘာ (ဘုရား ၄ ဆူ ပွင့်သော ကမ္ဘာ)
..........................
၁။ တဏှင်္ကရာ
၂။ မေဓင်္ကရာ
၃။ သရဏင်္ကရာ
၎။ ဒီပင်္ကရာ
( ဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍည မြတ်စွာဘုရားကြားတွင်
ဘုရားမပွင့်သော ကမ္ဘာပေါင်းသည် မရေမတွက်နိုင်သောကြောင့်
အသင်္ချေ (တစ်သင်္ချေ) ကြာ၏။)
သာရကမ္ဘာ (ဘုရား ၁ ဆူ ပွင့်သော ကမ္ဘာ)
..........................
၅။ ကောဏ္ဍည မြတ်စွာဘုရား
(.... ကောဏ္ဍည မြတ်စွာဘုရားနှင့် မင်္ဂလ မြတ်စွာဘုရားကြားတွင်
ဘုရားမပွင့်သော ကမ္ဘာပေါင်းသည် မရေမတွက်နိုင်သောကြောင့်
အသင်္ချေ (တစ်သင်္ချေ) ကြာ၏။)
သာရမဏ္ဍကမ္ဘာ (ဘုရား ၄ ဆူ ပွင့်သော ကမ္ဘာ)
..........................
၆။ မင်္ဂလ
၇။ သုမန
၈။ ရေ၀တ
၉။ သောဘိတ
(.... သောဘိတ မြတ်စွာဘုရားနှင့် အနောမဒဿီ
မြတ်စွာဘုရားကြားတွင် ဘုရားမပွင့်သော ကမ္ဘာပေါင်းသည် မရေမတွက်နိုင်သောကြောင့် အသင်္ချေ (တစ်သင်္ချေ) ကြာ၏။)
ဝရကမ္ဘာ (ဘုရား ၃ ဆူ ပွင့်သော ကမ္ဘာ)
..........................
၁၀။ အနောမဒဿီ
၁၁။ ပဒုမ
၁၂။ နာရဒ
(.... နာရဒ မြတ်စွာဘုရားနှင့် ပဒုမုတ္တ မြတ်စွာဘုရားကြားတွင်
ဘုရားမပွင့်သော ကမ္ဘာပေါင်းသည် မရေမတွက်နိုင်သောကြောင့်
အသင်္ချေ (တစ်သင်္ချေ) ကြာ၏။)
သာရကမ္ဘာ (ဘုရား ၁ ဆူ ပွင့်သော ကမ္ဘာ)
..........................
၁၃။ ပဒုမုတ္တရ
(----- ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်တွင် ပွင့်တော်မူသည်။)
မဏ္ဍကမ္ဘာ (ဘုရား ၂ ဆူ ပွင့်သော ကမ္ဘာ)
..........................
၁၄။ သုမေဓာ
၁၅။ သုဇာတ
(........ ဤကမ္ဘာမှ ကမ္ဘာသုံးသောင်းထက်တွင် ပွင့်တော်မူသည်။)
ဝရကမ္ဘာ (ဘုရား ၃ ဆူ ပွင့်သော ကမ္ဘာ)
..........................
၁၆။ ပိယဒဿီ
၁၇။ အတ္ထဒဿီ
၁၈။ ဓမ္မဒဿီ
(..... ဤကမ္ဘာမှ ကမ္ဘာ ၁၈၀၀-ထက်တွင် ပွင့်တော်မူသည်။)
သာရကမ္ဘာ (ဘုရား ၁ ဆူသာ ပွင့်တော်မူသော ကမ္ဘာ)
..........................
၁၉။ သိဒ္ဓတ္ထ
(.....ဤကမ္ဘာမှ ၉၄-ကမ္ဘာထက်တွင် ပွင့်တော်မူသည်။)
မဏ္ဍကမ္ဘာ (ဘုရား ၂ ဆူ ပွင့်တော်မူသော ကမ္ဘာ)
..........................
၂၀။ တိဿ
၂၁။ ဖုဿ
(..... ဤကမ္ဘာမှ ၉၂-ကမ္ဘာထက်တွင် ပွင့်တော်မူသည်။)
သာရကမ္ဘာ (ဘုရား ၁ ဆူသာ ပွင့်တော်မူသောကမ္ဘာ)
..........................
၂၂။ ၀ိပဿီ
(ဤကမ္ဘာမှ ၉၁-ကမ္ဘာထက်တွင် ပွင့်တော်မူသည်။)
မဏ္ဍကမ္ဘာ (ဘုရား ၂ ဆူ ပွင့်တော်မူသော ကမ္ဘာ)
..........................
၂၃။ သိခီ
၂၄။ ဝေဿဘူ
(ဤကမ္ဘာမှ ၃၁-ကမ္ဘာထက်တွင် ပွင့်တော်မူသည်။)
ဤ ဘဒ္ဒကမ္ဘာ (ဘုရား ၅ ဆူ ပွင့်သော ကမ္ဘာ)
..........................
၂၅။ ကကုသန္ဓ(ကကုသန်)
၂၆။ ကောဏာဂမန(ကောဏာဂုံ)
၂၇။ ကဿပ
၂၈။ ဂေါတမ
ဤဘဒ္ဒကမ္ဘာသည် ဘုရား ၅ ဆူပွင့်တော်မူသော ကမ္ဘာဖြစ်ရာ
ယခု ဘုရား လေးဆူပွင့်တော်မူပြီး၍ နောင် ပွင့်တော်မူမည့်
မြတ်စွာဘုရားမှာ အရိမေတ္တယျ မြတ်စွာဘုရား ဖြစ်ပါသည်။
ဂေါတမမြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူခဲ့သော ဒီပင်္ကရာ မြတ်စွာဘုရား
လက်ထက် သာရမဏ္ဍကမ္ဘာမှ ယခု ဘဒ္ဒကမ္ဘာထိ ကမ္ဘာပေါင်း
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတွင် ဘုရားပွင့်သော
ကမ္ဘာမှာ ၁၂ ကမ္ဘာသာရှိ၍ ဘုရားရှင် ၂၈ ဆူ ပွင့်တော်မူခဲ့၏။
ထို့ ကြောင့် ဘုရားရှင်တို့ ၏ သာသနာတော်နှင့် ဆုံတွေ့ ရန်မှာ
၇ ရက် ၇ လီ မိုးဆွေ၍ မှောင်မိုက်နေသော ကာလတွင်
လျှပ်စီးတစ်လက်စာ အချိန်မျှသာ ရှိပါ၏။
ဤဘဒ္ဒကမ္ဘာတွင် အရိမေတ္တယျ မြတ်စွာဘုရားရှင် ပွင့်တော်မူပြီးပါက
ဘုရားမပွင့်သော သုညကမ္ဘာပေါင်း မြောက်မြားစွာ ထပ်မံ
ကြုံတွေ့ ရဦးမည်ဖြစ်ရာ ဤဘဒ္ဒကမ္ဘာတွင် ဂေါတမမြတ်စွာဘုရားရှင်၏
သာသနာတော်နှင့် ကြုံကြိုက်၍ လူ့ ဘ၀ရနေကြကုန်သော
သူတော်ကောင်းတို့ သည် ........
ရခဲသော လူ့ ဘ၀၊ ဆုံနိုင်ခဲသော ဘုရားရှင်တို့ ၏ သာသနာတော်ဝယ်
ရတနာသုံးရပ် မပြတ်ဆည်းကပ်ကာ
နာကြားရခဲသော စစ်မှန်သော တရားအဆုံးအမတို့ ကို
မိမိကိုယ်တိုင် လိုက်နာကျင့်သုံး၍
နိဗ္ဗာန်ချမ်းသာတိုင်အောင် မြင့်သထက် မြှင့်တင်နိုင်ကြပါစေ....။
ဘုရားရှင်တော် မပွင့်ပေါ်လျှင်
..........................
ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်
သူတော်အများ၊ စိတ်ကောင်းထားလဲ
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထို ဘုံဘ၀၊ မသိကြရ
များလှအပြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍
သူတော်အများ၊ စိတ်ကောင်းထားက
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထို ဘုံဘ၀၊ သိကြရ
များလှကျေးဇူးတွေ။
(အရှင်ဇနကာဘိဝံသ)
စုစည်းဝေမျှသူ - လွင်ဦးကို
ကိုးကား - နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓ၀င်
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment