သူတစ်ပါးကို အသုံးချဖို့ ထက် ကိုယ်တိုင် အသုံးကျအောင် ကြိုးစားသင့် ပါတယ်။
ကိုယ်တွေးလိုက်တဲ့ အတွေးက အများအားဖြင့် ကိုယ့်ဘက်ကို ကြည့် တာ များပါတယ်။ ကိုယ်တိုင်တောင်မသိလိုက်ပါ
ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်ဟာ သူများ မျက်ခုံးမွေးပေါ် စင်္ကြန် လျှောက်တာမျိုးဖြစ်နေတတ်ပါတ
ကျေးဇူးတရားချေဖျက်ခြင်း၊ လုပ်သင့် တာကို မသိကျိုးကျွန်ပြု နာမည်ယူလိုခြင်း၊ အတ္တ ကိုသာ ရှေ့တန်းတင်ခြင်းစတာတွေဟာ သိသလိုလိုနဲ့ လျစ်လျူရှုလိုက်တဲ့ အတွေးတွေပါ။
ဒါတွေကို သေချာဆန်းစစ်ပြု ပြင်မှသာ လူတော်လူကောင်း ဘ၀ကို နီးစပ်ပါမယ်။
လူတော်တွေရှိပေမယ့် လူကောင်းတွေ နည်းပါတယ်။
ကိုယ့်လောဘကိုယ့် အားနည်းချက်ကို မမြင်တော့ ပါဘူး။လုပ်သင့် မလုပ်သင့်ကိုလည်း မစဉ်းနိုင်တော့ ပါဘူး။ကျေးဇူးတရား ချေဖျက်ဖို့
လည်း ၀န်မလေးတော့ ပါဘူး။
ဒါကြောင့် လောကမှာ အားနာတတ်သူ၊သဘောကောင်းသူကို
အသုံးချလိုသူမှာ စစ်မှန်တဲ့ စေတနာမရှိလို့ စစ်မှန်တဲ့ သူငယ်ချင်းမိတ်ဆွေမရနိုင်ပါ
ကိုယ်ချင်းစာတရားသာရှိရင် ကိုယ့်ကို အသုံးချတာ ကိုယ်လည်း ကြိုက်သလားလို့ မေးကြည့် ကြပါ။
ဒါကြောင့်
အရှင်နာရဒ( ဟိုပင်)ရေးသားတဲ့ 'မတူပါဘူး...'ဆိုတဲ့ အတွေးစာစုလို
အားနာလို့ လိုက်လျောတာကို
အ,တယ်လို့ ထင်ပြီး
လူကို အသုံးမချလိုက်ပါနဲ့။
အားနာတာနဲ့
အ, တာ မတူပါဘူး။....တဲ့
ကိုယ့်ကိုယ်ကို ဆင်ခြင် အသိရှိနိုင်ကြပြီး အသုံးချတတ်သူမှ အသုံးကျသူသို့ ပြောင်းလဲ နိုင်ကြပါစေ။ကိုယ့်ကိုယ်ကို
မေတ္တာဖြင့်
မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment