Tuesday, August 27, 2013

အေးချမ်းသာယာဖို့ ညစဉ် ခုနစ်နာရီတိုင်း မေတ္တသုတ်ကို ရွတ်ကြစို့။


အဲဒီအကြံဥာဏ် အဆုံးအမ ကိုပေးသူက စိန်ရတနာကျောင်းတိုက် ဆရာတော် ဦးသာသန၀ရ ဖြစ်ပါတယ်။

ဆရာတော်က အိမ်တိုင်း အိမ်တိုင်း၊ မြို့ ရွာတိုင်း မေတ္တာသုတ်ကို ယခုအချိန်အခါမှာ ညစဉ်၊နေ့ စဉ် ပွားများစေလိုကြောင်း ပြောကြားပါတယ်။

အချိန်မှန် ပွားများပြီး နေ့စဉ် အလေ့အကျင့်လေးဖြစ်စေဖို့ ည ရနာရီ ကို ပွားများစေလိုပါတယ်လို့ ဆရာတော်က မိန့်ပါတယ်။

မိမိက အပြင်ရောက်နေရင်လည်းကားပေါ်မှာသော်လည်းကောင်း၊ ရောက်ရာအရပ်မှာ မပျက်မကွက် အချိန်မှန်ပွားများစေလိုပါတယ်တဲ့။

ကျွန်မမြေဇင်းတရားစခန်းဝင်စဉ်က အတွေ့ အကြုံအရ ယောဂီထဲမှာ သမထအား အလွန့်အလွန်ကောင်းတဲ့ ထောင်မှူး ဦးလေးတစ်ဦးပါပါတယ်။ အဲဒီ ဦးလေးက နတ်ပြည် ကို အာရုံ နိမိတ်နဲ့ စေလွှတ်ဘုရားဖူးတဲ့ အခါ သိကြားမင်းနဲ့ စကားပြောလို့ ရကြောင်း၊ သိကြားမင်း က ပရိတ်တော်များရွတ်ဖတ်ရာတွင်



၁) အချိန်မှန်ရမယ်။ အထူးသဖြင့် နံနက်စောစော ၄ နာရီ ၀န်းကျင် နှင့် ညပိုင်း ၁၀ နာရီ ခန့်ကို နတ်များသွားလာ တတ်သဖြင့် ထိုအချိန်ရွတ်ဖတ်ပါက နတ်များ ပိုမို ကြားသိနိုင်ကြောင်း

၂) နေရာမှန်ရမယ်။ နေရာမှန်ပါက ထိုအချိန် ထိုနေရာ သို့ နတ်များလာရောက် တရားနာကြောင်း

၃) အသံနေ အသံထား မှန်ကန်ပါက ကြည်ညိုဖွယ်ဖြစ်သောကြောင့် ပိုမို အစွမ်းထက်ကြောင်း

၎) သီလကို အတတ်နိုင်ဆုံးလုံခြုံအောင် စောင့်ထိန်းရမည်ဖြစ်ကြောင်း

၅) မိမိ လိုအပ်သော ဆုကို တစ်ခုတည်း ရည်ညွန်းပြီး အဓိဌာန်နှင့် ရွတ်ဖတ်ပါက နတ်များက အလိုဆန္ဒကို ပြည့်အောင် (မိမိကံလည်းရှိပါက) မစကူညီနိုင်ပါကြောင်း

၆) နတ်များ လာရောက်ပါက ထူးခြားသော အမွှေးနံ့များရတတ်ကြောင်း

စသဖြင့် တရားလျှောက်စဉ်က ကြားဘူးပါတယ်။

ဘာဘဲဖြစ်ဖြစ် ဘာမှ မရွတ်မဖတ်တာထက်စာရင် အချက်အားလုံးမပြည့်စုံရင်တေ
ာင် အစစအရာရာ အဆင်ပြေဖို့ မိမိနှစ်သက်သော မေတ္တာသုတ် (သို့) ပရိတ်တော်ကို နေ့စဉ်မပျက်မကွက် ရွတ်ဖတ်ပါက အကျိုးထူးများ ခံစားရမည်ဟုယုံကြည်စွာဖြင့် တိုက်တွန်းအပ်ပါတယ်ရှင်။

မှတ်ချက်၊ ။မြေဇင်းတရားစခန်းရဲ့  အတွေ့ အကြုံကို ကိုယ်တိုင် ၀င်ရောက်မှ သိရှိနိုင်မည်ဖြစ်သောကြောင့် စာရွက်ပေါ်မှာ အငြင်းမပွားကြဘဲ လက်တွေ့ လုပ်ဆောင်ကြည့် ရန် တိုက်တွန်းပါတယ်။

သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)
 http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment