Thursday, August 29, 2013

ဘယ်သူတွေဘာဘဲပြောပြော ကိုယ့် အကျိုးစီးပွားကို တွေးပါ။

ပာပြော ကိုယ့် အကျိုးစီးပွားကို တွေးပါ။


ဒီနေ့ စိန်ရတနာကျောင်းဆရာတော်ဦးသာသန၀ရဆီရောက်တော့ သြ၀ါဒတွေ မိန့်ကြားပါတယ်။
-ခုတလော ဘာသာရေး..သာသနာရေးအတွက် စည်းစည်းလုံးလုံး နေသင့်ကြောင်း၊

-အားလုံးစည်းလုံးကြရမည့် အချိန်ဖြစ်ကြောင်း

-မြန်မာနိုင်ငံသည် အလွန်အခြေခံ ကောင်းသော နိုင်ငံဖြစ်သောကြောင့် တစ်ဦးချင်းစီမှ ဘာသာအတွက် ကြိုးပမ်းရန် အရေးကြီးသော အချိန်ဖြစ်ကြောင်း

-မေတ္တာတရား များ ပွားများသင့်ပြီး အိမ်တိုင်း လူတိုင်း မေတ္တာသုတ်ကို ရွတ်ဆိုသင့်ကြောင်း

-ဒေါသကို ရှေ့တန်းမတင်ဘဲ မေတ္တာနှင့်သာ ဆက်ဆံရန်လိုအပ်ကြောင်း

-ဗုဒ္ဓဘာသာ မှန်သမျှ ဗုဒ္ဓဘာသာ ကို ကာကွယ်စောင့် ရှောက်ရန်တာဝန်ရှိသောကြောင့် တစ်ဦးချင်းကိုယ်စီ တာဝန်သိ စည်းလုံးကြရန်လိုကြောင်း
စသဖြင့် အားသွန်ခွန်စိုက် လူငယ်များမှ လုပ်ဆောင်ကြရန်တိုက်တွန်းသွားပါတယ်။

ဒါကြောင့် မိမိအကျိုးစီးပွားအတွက် အငြင်းမပွား ခိုက်ရန် မပွားကြဘဲ စည်းစည်းလုံးလုံး အပြုသဘော မေတ္တာရှေ့ ထားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

မေတ္တာဖြင့်
မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)
 http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment