ဂေါတမမြတ်စွာဘုရားက အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမည
ဖလသုတ္တန် တရားတော် ဟောကြားတော်မူသည်ကို အကြောင်းပြု၍ သာမညဖလ အခါတော်နေ့
ဟု ခေါ်တွင်ကြပါသည်။
သာမညဖလ ဆိုသည်မှာ ရဟန်းပြုခြင်း၏ အကျိုးဟု အဓိပ္ပါယ် ရပါသည်။ ရဟန်းပြုခြင်း၏
အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်းဆောင်မုန်းလပြည့်နေ့ကို သံဃာတော်နေ့များဟု ခေါ်ဆို
နိုင်ပါသည်။ သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။ သာမ
ညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလ
ရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။
သာမညဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေ
သော ဆရာသမားများ၏ ကျင့်ကြံနေထိုင်မှု ဟုတ် မဟုတ၊် မှန် မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်
ကြည့်နိုင်ပါသည်။ အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်
ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်
ခဲ့ပါသည်။
ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏ အကြံပြုချက်အရ တိတ္ထိဆရာကြီး ခြောက်
ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) ကို စုံစမ်းမေးမြန်းရာ ကျေ
နပ်လောက်သော အဖြေကို မရရှိခဲ့ပါ။ နောက်ဆုံး သမားတော်ကြီး ဇီဝက၏ အကြံပေးချက်အရ
ရာဇဂြိုဟ်မြို့အနီး ဇီဝကလှူဒါန်းထားသော သရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်
စွာဘုရားထံသို့ သွားရောက်ပြီး လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်းအကျိုး
(သာမညဖလ) ကို သိရှိရပါတော့သည်။
အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရသည့်အချိန်မှစ၍ ဗုဒ္ဓ
သာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာ
ရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအ၀ီဝိငရဲတွင် မကျတော့ဘဲ
အပြစ်ဒါဏ်ပေါ့သော လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ “ ၀ိဇိတာဝီ ” မည်
သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။
အဇာတသတ် မင်းတရားသည် ပထမ သင်္ဂါယနာတင် ဒါယကာအဖြစ် ခံယူခဲ့ခြင်း၊ မြတ်စွာ
ဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာ
သနာကို အတိအကျ သတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်ခဲ့သည်မှာ
ဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူးကြီးလှပေသည်။
ပိဋကတ်တော်များကို မပျက်မစီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့တိုင်
အောင် ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။ အဇာတသတ်
မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့
ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။
{ ဦးပညာသာမိ(မာဂဓီ-သာစည်)၏ အခါတော်နေ့များမှ ကောက်နုတ်ရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
----------------------------------------------
“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
တက်လှမ်း နိဗ္ဗာန်ပြည်။
(ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)
No comments:
Post a Comment