Monday, November 11, 2013

မိရိုးဖလာဗုဒ္ဓဘာသာ တစ်ယောက်၏ အခြေခံ စိတ်နေသဘောထား။

    မိရိုးဖလာဗုဒ္ဓဘာသာတို့သည် ဗုဒ္ဓသာသနာတော်အတွက် အခြေခံအကျဆုံးခွန်အား ဖြစ်
၏။ ဘာသာရေးသည် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိသော လူ့အရေးအ
ရာ အားလုံး၏ အဓိက ပဓာန အချက်အချာ ဖြစ်သောကြောင့် မိရိုးဖလာဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာ
သာမြန်မာနိုင်ငံ၏ အခြေခံအကျဆုံး ခွန်အားဖြစ်ပါသည်။
         မိရိုးဖလာဗုဒ္ဓဘာသာဝင် တစ်ယောက်သည် “ဘုရား” ဂုဏ်တွေ၊ ကျေးဇူးတွေကို  လေး
လေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားကိုတော့ ယုံ၏။ အ
ကြမ်းအားဖြင့် ငါတို့ “ဘုရား” ဟု ခံယူ၏။ “ဘုရား” ကို ထိလျှင် မခံ၊ စော်ကားလျှင် မခံ၊ ယုံ
ကြည်မှုသဒ္ဓါ ရှိပါသည်။
         “တရား” ကိုလည်း ထို့အတူ ယုံ၏။ မိမိ ကျင့်နိုင်သည်၊ မကျင့်နိုင်သည် အပထား။ ငါတို့
ဗုဒ္ဓဘာသာတရားက ငြိမ်းအေးစေတယ်၊ မှန်တယ်ဟု ယုံ၏။ ကုသိုလ်သည် ကောင်း၏၊ အကုသိုလ်
သည် မကောင်း၊ စောင့်နိုင်သည် အစောင့်နိုင်သည် ဖယ်ထား။ ဥပုဒ်သီလစောင့်ခြင်းသည် ကောင်း
သည်ဟု သူလက်ခံ၏။ ယုံကြည်၏။
         “သံဃာ”=ဘုန်းကြီး၊ ရဟန်းသည် မြတ်၏။ ပူဇော်ထိုက်၏၊ ရှိခိုးထိုက်၏ဟု သိ၏။ ရှိခိုး၏၊
သဒ္ဓါ၏၊ လှူဒါန်း၏။
         “ကံ”= မိရိုးဖလာဗုဒ္ဓဘာသာသည် အကုသိုလ်ကံ၊ ကုသိုလ်ကံကို အကြမ်းဖျဉ်း သိ၏။ ငါး
ဖမ်းနေသူ ဗုဒ္ဓဘာသာတစ်ဦးကို မေးကြည့်ပါ၊ ခင်ဗျားလုပ်နေတာ ကုသိုလ် အလုပ်လား၊ အကု
သိုလ် အလုပ်လား၊.. အကုသိုလ် အလုပ်ဟု သူ သိ၏။ ဤသို့သိခြင်းသည် တန်ဖိုးအလွန်ရှိ၏။ မိရိုး
ဖလာ ဗုဒ္ဓဘာသာသော်မှ မဟုတ်ဘိမူ အကုသိုလ်မှန်းပင် သိမည် မဟုတ်ပေ။ မရှောင်နိုင်သေး၍
လုပ်တာက တခြား။ သိတာက တခြား။ သိခြင်းသည်ပင် ပတ္တမြားထိုက်၏။ အကုသိုလ်မှန်း သိရှိ
ယုံကြည်နေသူသည် သဒ္ဓါပတ္တမြားကို ပိုင်နေသူဖြစ်၏။ တစ်နေ့ သူထပြီး ချမ်းသာနိုင်သလို တစ်
နေ့တွင် သူသည် အကုသိုလ်မှုကို စွန့်ပယ်ပြီး ကုသိုလ်ဘက်သို့ ကူးပြောင်းနိုင်ပေလိမ့်မည်။ ထို့
ကြောင့် သူသည် အကုသိုလ်မှုကို စွန့်ပယ်ပြီး ကုသိုလ် အလုပ်ကို အားထုတ်လာပေလိမ့်မည်။ အ
ကြောင်းကား သူသည် ကံကို သဒ္ဓါ၏၊ ယုံ၏၊ ကံ၏အကျိုးပေးကို ယုံ၏။
         ကံ၏အကျိုး= ငရဲကြီးသည်ဆိုသော စကားသည် မိရိုးဖလာ ဗုဒ္ဓဘာသာတို့၏  လက်သုံးစ
ကားတည်း၊ မြတ်စွာဘုရား ဖေါ်ထုတ်ဟောကြားခဲ့သော ငရဲကြီးရှစ်ထပ်၌ မဟာဒုက္ခ တွင်းဆုံးကျ
ခံကြရခြင်းသည် အကုသိုလ်ကံ၏ အပြစ်တွေကြောင့်ဟု သိ၏။ သုဂတိဘုံသို့ ရောက်ရခြင်းသည်
ကုသိုလ်၏အကျိုးဟု ယုံကြည်၏။
         မိရိုးဖလာ ဗုဒ္ဓဘာသာတစ်ဦးသည် သူ့အနေဖြင့် ယခင့် ယခင်က အတိတ်ဘ၀တွေ ဖြစ်ခဲ့
ရ၏ဟု ယုံကြည်၏။ သံသရာကျင်လည်ခဲ့ရပုံကို ယုံကြည်၏။ အတိတ်ဘ၀ မရှိဘဲ အခုမှ လူထဖြစ်
လာသည်ဟု မည်သည့် မိရိုးဖလာ ဗုဒ္ဓဘာသာကမှ မယုံကြ။ ထိုနည်းတူ အနာဂတ် ဘ၀ရှိသည်။
နောက်ဘ၀ ကူးရဦးမည်ဟု ယုံကြည်၏။ ထို့ကြောင့် ဘ၀ကူးကောင်းအောင် လုပ်ကြ၏။ အား
ထုတ်ကြ၏။ အကုသိုလ်ကို ရှောင်ကြ၏။ ကုသိုလ်ကို ဆောင်ကြ၏။
  {နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူကို ကိုးကားရေးသားပါသည်။ }
      “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
---------------------------------------------------------
 “သင်တန်းဖွင့်ကြစို့”
  ============
  တို့သာသနာ၊ တို့ဘာသာကို
  မျက်နှာလွှဲထား၊ မကြိုးစားက
  တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့
  ဘာသာတအား၊ တည်တံပွားအောင်
  တို့များညီညာ၊ လက်တွဲကာဖြင့်
  ဓမ္မ တရား၊ စာပေများကို
  သင်ကြားကျင့်သုံး ကြပါစို့။ ။
 (ဟိတဓရ ဆရာတော်)

No comments:

Post a Comment