၁။ အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။ ၂။
ဆရာ မိဘ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့၊ ၃။ မိဦး ဖဦး၊ ဆရာဦး၊
ခူး၍နော်ကွဲ့ မစားနဲ့။ ၄။ ကိုယ့်ထက်ကြီးသူ၊ ပြောဆိုမူ၊ နင် ငါဟူ၍ မပြောနဲ့။
၅။ သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။ ၆။ ယဉ်ကျေးအောင်သွား၊
ယဉ်အောင်စား၊ စကားပြောလည်း ယဉ်စေကွဲ့၊ ၇။
ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့၊( မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့မထိုင်နဲ့၊ မအိပ်နဲ့၊ ) ၈။ ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့၊ ၉။ ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။ ၁၀။ စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့၊ ကောင်းကောင်းတဲ့။ ၁၁။ လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့၊ ကောင်းကောင်းတဲ့။ ၁၂။ နှုတ်ခမ်း ပါး နား၊ လျက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။ ၁၃။ လျာကို ထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့၊ ၁၄။ ဟင်းရေသောက်ပြန် ၊ ရှူးရှူးသံ၊ ဧကန်မပြုနဲ့။ ၁၅။ ထမင်း ဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နဲ့မကိုင်နဲ့၊ ၁၆။ အိမ်ပေါ် ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော် ခြေနင်း မပြင်းနဲ့။ ၁၇။ ရဟန်း သံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။ ၁၈။ လူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။ ၁၉။ ဒူးထောင် ပေါင်ကား၊ ဆရာနား( မိဘနား) အားလျားမှောက်၍ မနေနဲ့။ ၂၀။ သောက်ရေ သုံးရေ၊ မရှိချေ၊ ရေကို ခပ်ကွဲ့ မပျင်းနဲ့၊ ၂၁။ အိပ်ယာနေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့၊ ၂၂။ ကျောင်းတွင်း အိမ်တွင်း၊ ရှုပ်နေလျင်း၊ သန့်ရှင်းအောင်တဲ့ ပြုပါကွဲ့၊ ၂၃။ မိန်းကလေးမှာ၊ အရာရာ၊ ပြာတီး ပြာတာ မရှုပ်နဲ့။ ၂၄။ မိန်းမ မင်း ဆင်၊ ၇ဟန်းပင်၊ ဣနြေ္ဒရှင်ကွဲ့၊ လေးဦးတဲ့။ ၂၅။ မိန်းမ ဣနြေ္ဒ၊ သိရ်သရေ၊ စိန်ကုဋေတန်သကွဲ့၊ မှတ်လေတဲ့။ ၂၆။ ကျောင်းပစ္စည်းကို ၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။ ၂၇။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့။ မခိုနဲ့။ ၂၈။ အများပိုင်ကို၊ ကိုယ့်ဟာလို၊ ရိုသေကြကွဲ့၊ ကောင်းကောင်းတဲ့။ ၂၉။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့၊ မခိုနဲ့။ ၃၀။ ဧည့်သည် အာဂန္တု၊ ရောက်လာမှု့၊ ဆူညံ၍လည်း ၊ မနေနဲ့။ ၃၁။ လူရှုပ် လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွဲ့ ဝေးဝေးတဲ့။ ၃၂။ ဘိန်း အရက်ကို ၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။၃၃။ ကုန်းချော ကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။ ၃၄။ ဘုရား ပုထိုး၊ ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။ ၃၅။ မိခင် ဖခင်၊ ဆရာရှင်၊ နေ့စဉ် ရှိခိုးကွဲ့။ ၃၆။ သူက ပြုဖူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ၊ ပြန်ဆပ်ကွဲ့၊ ၃၇။ ကောင်းမြတ်အကျင့် ထိုသူကျင့် မလင့် တိုးတက်မည်။
“ မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ။ ”
♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠
♦ ငါဟုခေါ်စရာ ဤခန္ဓာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ မိဘနှစ်ဖြာ ရိုသေစွာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ သင်ကြားပညာ မြတ်ဆရာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ မျိုးဆွေတော်ရာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ ကိုယ်မှာစောင့်လာ နတ်ဒေ၀ါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ မြေ၌တည်လာ နတ်ဒေ၀ါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ သစ်ပင်တည်လာ နတ်ဒေ၀ါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ ကောင်းကင်တည်လာ နတ်ဒေ၀ါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ ယောက်ျားမည်ရာ ပေါင်းများစွာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ မိန်းမမည်ရာ ပေါင်းများစွာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ သူမွန်မြတ်စွာ အရိယာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ ပုထုဇဉ်သာ အနရိယာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ လုံးစုံဒေ၀ါ နတ်များစွာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ လုံးစုံလူ့ရွာ များသတ္တ၀ါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ အပါယ်ဘုံမှာ များသတ္တ၀ါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
♦ ဆင်းရဲမှန်စွ ဘေးဒုက္ခ အားလုံး လွတ်ကြပါစေသောဝ်။
♦ လုံးစုံများစွာ သတ္တ၀ါ ကံသာမူလ ရှိပေစွ။
(ဖေ့ဘုတ်မျတဆင့်တင်ပြသည်)

No comments:
Post a Comment