ဒါန၏အကျိုးကို အထူးချဲ့ထွင်၍ တန်ဆာဆင်နေဖွယ်မလိုပါ။ တိရစ္ဆာန်ကလေး
တစ်ကောင်အား ၀၀လင်လင်ရှိအောင် ထမင်း တစ်ထပ်ကျွေးသော ဒါနကလေးသည်ပင် ဘ၀ပေါင်း
တစ်ရာတို့၌ “အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန (အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း)”ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။ တခြားကုသိုလ်ကြောင့် လူနတ်ဖြစ်ခြင်း တူသော်လည်း ဒါနရှင်တို့က သာလွန် မြင့်မြတ်ကြသည်။
ကဿပဘုရားရှင်လက်ထက်တော်တုန်းက မိတ်ဆွေရဟန်း
၂-ပါးရှိရာ တစ်ပါးက ဒါနရှင်၊ တစ်ပါးက ဒါနမဲ့ ဖြစ်ခဲ့၏။ ၂-ပါးလုံးပင်
သီလပြည့်စုံသဖြင့် ငါတို့ ဘုရားလက်ထက်တိုင်အောင် လူ့ပြည်နတ်ပြည်
ကျင်လည်ကြရာဝယ် ဒါနရှင်ကသာ အထက်တန်းကျခဲ့၏။ နောက်ဆုံးဘ၀၌ ကောသလမင်း၏
နန်းတော်တွင် ထိုမိတ်ဆွေရင်း ၂-ဖော် တွေ့ဆုံပြန်ရာ ဒါနရှင်က မင်းသား၊
ဒါနမဲ့က အထိန်းတော်သား ဖြစ်၍ ပုခက် ၂-လုံးတွင် ဒါနရှင်က ထီးဖြူဆောင်းလျက်၊
ဒါနမဲ့က သစ်သားပုခက်ကို စီးကာ ထိုကဲ့သို့ အရည်အချင်း ကွာခြားစွာဖြင့်ပင်
ကျွတ်တမ်းဝင်ကြလေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment