Thursday, November 20, 2014

အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ


                                                                                      မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။ (ဇေယျာနောင်(စင်္ကာပူ))
ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ် မဟုတ်လား၊ (သိပါတယ် ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက် ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေး ကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ ဆိုပါစို့ ကိုယ့်စိတ်အကြောင်း ကိုယ့် လေ့လာချင်တယ်
ဆိုလိုရှိရင် ကောင်းတဲ့စိတ်လား မကောင်းတဲ့စိတ်လား သိဖို့ရာ အဘိဓမ္မာကို လေ့လာမှပိုပြီးသိတယ်။
အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ Analyst လုပ်တတ်မှ ခွဲခြား စိတ်ဖြာ ပြီးတော့ သိတာ၊ အနတ္တသဘောတရားကိုလည်း အဘိဓမ္မာလေ့လာ ခြင်းဖြင့် ပိုပြီးထင်ရှားစေတယ်ပေါ့၊ ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင် ဝိပဿနာ ကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အဘိဓမ္မာဘာသာ ရပ်ကို လေ့လာထား ရမယ်။ ဒါဟာ အရေးကြီးတယ်ပေါ့၊ အထူးသဖြင့် ဘဝမှာအဘိဓမ္မာသင်ထား
တဲ့ အတွက်ကြောင့် ကိုယ့် ဘဝရဲ့ အဓိပ္ပာယ်ကို ကိုယ်နား လည်လာတယ်။ ကိုယ့်အကြောင်း ကိုယ်နားလည်တယ်၊ လောကမှာ မေးလာရင် မင်းအကြောင်း မင်းသိလားဆို အော်-သိတာပေါ့ ဘယ်မြို့မှာမွေးတာ အမေကဘယ်သူ အဖေကဘယ်သူ နံမည်ကဘယ်သူ ဒီလောက်ပဲပြောနိုင် မယ်မဟုတ်လား မင်း ဘယ်ဘဝကလာတယ် ဆိုတဲ့ Question ကို ဘယ်လိုဖြေမလဲ။ ဘယ်ကလ တာတုန်း ဘယ်သွားမှာတုန်းဆိုတဲ့ မေးခွန်းတွေ ကြတော့ မဖြေနိုင်တော့ ဘူးလေ။
ဒီတော့ အဘိဓမ္မာတတ်ထားတဲ့ ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီး ကိုယ့်အကြောင်းနဲ့ကိုယ် နားလည်မှုရှိတယ် ပေါ့။ ကိုယ့်အကြောင်းကို နားလည်ချင်တယ် ကိုယ့်ရဲ့ဘဝ ကိုယ်နားလည်ချင်တယ်၊ ကိုယ့်စိတ်ကိုယ် နားလည်ချင်တယ် စိတ်ထဲမှာ ထားရမဲ့စိတ် မထားရမဲ့စိတ်ကို နားလည်ချင်တယ်ဆိုရင် အဲဒါတွေနား လည်မှ ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိတယ် ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိဖို့အတွက်က အဘိ ဓမ္မာဘာသာရပ် ဟာ အရေးကြီးတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။
အဘိဓမ္မဆိုသည်မှာ Profound ဓမ္မ Profound doctrines ပဲ ရုပ်တရား နာမ် တရားတွေနဲ့ ပတ်သက်ပြီးသိရှိဖို့ ဝိပဿနာတရား ကျင့်စဉ်တွေ ကျင့်ဖို့လည်းပဲ အဘိဓမ္မာဘာသာရပ်ဟာ အထောက်အ ကူ အများချည်း ဖြစ်တယ်ပေါ့။ Underlectical Knowledge Job mind & Matter အထောက်အကူပြု တဲ့ ဘာသာတစ်ခု ဖြစ်တယ်ပေါ့။
ဒါကြောင့်မို့ အဘိဓမ္မာကို နားလည်ခြင်းဖြင့် ကုသိုလ်အကုသိုလ်ကို နားလည်ပြီး ဘဝမှာ အမှားနည်း သွားမယ် အမှားနည်းပြီး အမှန်ကိုလုပ်နိုင်မယ် ဖြစ်ခြင်း ကြောင့် အဘိဓမ္မာဟာ အင်မတန် အရေးကြီး ပါတယ်လို့ ပြောပါရစေ။
ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
(ပါချုပ်ဆရာတော်ဘုရားကြီး စင်္ကာပူတရားပွဲ ပထမနေ့တွင် ဖြေကြားခဲ့သည့် မေးခွန်း အဖြေလွှာမှ )
အဘိဓမ္မာမြတ်ဒေသနာ MP3 (ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ)

No comments:

Post a Comment