ပါဠိတော်။
။တသ္မာ့တိဟာ နန္ဒ ဓမ္မာဒါသံနာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ ယေန သမန္နာဂတော အရိယ
သာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏ တိရစ္ဆနယောနိ
ခီဏပေတ္တိ ၀ိသယော ခီဏာပါယဒုဂ္ဂတိ ၀ိနိပါတော၊ သောတာပန္နော ဟမ သ္မိ အ၀ိနိပါတ
ဓမ္မော နိယတော သမ္မောဓိပရာယဏောတိ။
မြန်မာပြန်။ ။နောက်၌ ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာဂုဏ်တော် ၉-ပါး၊ ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း) ၃-မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသူသည် မိမိ ကိုယ်ကို သောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။
သောတာပန်ဖြစ်ဖို့ မခဲယဉ်း
ဤတရားမှန်ကြီးကို
ကြည့်ရူသောအခါ သောတာပန်ဖြစ်ဖို့ အကြောင်းမှာ ရတနာသုံးပါး၏ ဂုဏ်တော်ကို
လေးလေးနက်နက်ကြည်ညိုခြင်းနှင့် လူဝတ်ကြောင်များ၌ ငါးပါးသီလ စင်ကြယ်ဖို့သာ
ဖြစ်၏။ ထို့ကြောင့်လည်း ၀ိသာခါကျောင်းအမသည် ဗုဒ္ဓမြတ်စွာကို ပထမဖူးရစဉ်
၇-နှစ်အရွယ်ကပင် သောတာပန်တည်ခဲ့၏။ ဓမ္မာသောကမင်း၏ အသန္ဓိမိတ္တာဒေ၀ီသည်
ဘုရားရှင်၏ အသံတော်နှင့် အထိုက်အလျောက်တူသော ကရ၀ိက်ငှက်၏ အသံကို ကြားရ၍
ဘုရားကို မဖူးလိုက်ရဘဲ ကြည်ညိုသော အဝေစ္စပသာဒ (သဒ္ဓါ) ကြောင့်
မောင်းမ ၇-ရာနှင့်အတူ သောတာပန်ဖြစ်ကြ၏။ ပင်ကို ငါးပါးသီလ
စင်ကြယ်သူများအတွက် ယခုလို သာသနာတွင်း၌က သောတာပန်ဖြစ်ဖို့ မခဲယဉ်းဟု
မှတ်သင့်ပါသည်။
ဆောင်။ ။ထောက်မှန်ပေါ်တွင်၊
ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊ နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊
နေ့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမူ၊ အလေးပြုလျက်၊ သုံးလူထွတ်ထား၊
မြတ်ဘုရားနှင့်၊ တရား၊ သံဃာ၊ အရိယာ၏။ ဆိုင်ရာ ဂုဏ်တော်၊ ဉာဏ်၌ပေါ်အောင်၊
ရွှင်ပျော်ရူစား၊ သဒ္ဓါပွားမူ၊ မလားအပါယ်၊ တရားကယ်မည်၊ ရူဖွယ်ထောက်မှန်
အစစ်တည်း။
အ၀ိဇ္ဇာနှင့်
တဏှာကြောင့် ဒုက္ခအမျိုးမျိုးဖြင့် ကျင်လည်နေရပုံကို သိသောအခါ
ထိုအ၀ိဇ္ဇာနှင့် တဏှာကုန်အောင် ကြိုးစားနေရသောနည်းကို ရှာကြရ၏။ ထိုနည်းကို
ဘုရားတစ်ဆူ ပွင့်တော်မူမှသာ ဘုရားဟောတော်မူ၍ သိကြရ၏။ သမုဒ္ဒရာသို့
ဝင်ဖို့ရန် ဆိပ်ကမ်းများစွာ ရှိသကဲ့သို့ သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော
နိဗ္ဗာန်ကို ၀င်ဖို့ရန်လည်း ကမ္မဋ္ဌာန်းတည်းဟူသော ဆိပ်ကမ်းတွေ
အများအပြားပင်ရှိ၏။
ထိုကမ္မဋ္ဌာန်းကို
အားထုတ်ရင်းပင် အ၀ိဇ္ဇာနှင့် တဏှာတို့ နည်း၍ နည်း၍လာမှသာ
ထိုကမ္မဋ္ဌာန်းလမ်းစဉ်သည် မှန်သောလမ်းစဉ်ဖြစ်၏။ ကမ္မဋ္ဌာန်းအားထုတ်သော်လည်း
အ၀ိဇ္ဇာနှင့် တဏှာမနည်းလျှင် ကမ္မဋ္ဌာန်းသော်လည်း မှားနေပေလိမ့်မည်။ သို့မဟုတ်
မိမိကသော်လည်း အ၀ိဇ္ဇာနှင့် တဏှာ နည်းလိုသော ဆန္ဒမရှိသောကြောင့်
ဖြစ်လိမ့်မည်။ ကမ္မဋ္ဌာန်းနည်းမှန်၍ မိမိဆန္ဒက အ၀ိဇ္ဇာနှင့် တဏှာ
ကုန်စေလိုလျှင်ကား ကမ္မဋ္ဌာန်းဟူသမျှသည် အ၀ိဇ္ဇာ တဏှာနည်းပါးရာမှ တစ်စတစ်စ
ကုန်ဖို့သာဖြစ်သည်။ ထို့ကြောင့် ဤအချက်လည်း ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာနည်း
မနည်းကြည့်ရူရန် တရားကြေးမုံ ထောက်မှန်ကြီး ဖြစ်သည်ဟုမှတ်ပါ။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment