Tuesday, November 25, 2014

မချိ တင်ကဲဖြစ်လိုက်တာ

 

သရဏ ဂုံဆောက်တည်ယုံနဲ့ လည်း
နတ်ပြည်ရောက်နိုင်တယ် အဲဒီကတဆင့်
နိဗ္ဗါန်စံဝင်နိုင်တယ်

ငါးပါးသီလဆောက်တည်ယုံနဲ့ လည်း
နတ်ပြည်ရောက်နိုင်တယ် အဲဒီကတဆင့်
နိဗ္ဗါန်စံဝင်နိုင်တယ်
ပန်းတပွင့်လှူ ရေတခွက်လှူ ယုံနဲ့ လည်း
နတ်ပြည်ရောက်နိုင်တယ် အဲဒီကတဆင့်
နိဗ္ဗါန်စံဝင်နိုင်တယ်

အဲဒီလောက်ထိအကျိုးပေးကြီးလှတဲ့
ဗုဒ္ဓသာသနာတော်ကြီးမှာ
တရားတော်တွေကို share တဲ့ကုသိုလ်က
နိဗ္ဗါန်အထောက်အပံ့မဖြစ်ပဲနေပါ့မလား
သံသရာမှာမိုက်မဲခဲ့လို့ နိဗ္ဗါန်မလိုချင်တဲ့
စိတ်ကိုယ့်မှာဖြစ်နေတာ ဒါ့ကြောင့်မို့ လည်း ရဟန်းဝတ်ဖို့ တောထွက်ဖို့ စိတ်ကူး
မရှိခဲ့တာပေါ့
တရားနဲ့ ပါတ်သတ်တဲ့ကုသိုလ်နည်းလို့ 
လည်း ခုချိန်ထိ လူ့ ဘောင်မှာ ကာမဂုဏ်
အာရုံတွေနဲ့ ကျင်လည်နေရတာပေါ့
ခုလို share ယုံနဲ့ နိဗ္ဗါန်အထောက်အပံ့
ဖြစ်တဲ့ကုသိုလ်မျိုးကိုမှ လိုချင်တဲ့စိတ်
မရှိဘူး ဆိုရင် share ဖို့ စိတ်မပါဘူးဆိုရင်
ဘယ်လိုအခြေအနေမျိုးမှာမှ ပါရမီဖြည့်ဖို့ 
စိတ်ကူးထားလို့ လည်း
ကိုယ် shar လိုက်တဲ့တရားတပုဒ်ဟာ
လူတထောင်လည်းဖတ်နိုင်တယ်
လူတသောင်းလည်းဖတ်နိုင်တယ်
လူတသိန်းလည်းဖတ်နိုင်တယ်
အဲဒီကုသိုလ်နည်းမလား
ကိုယ်ကသူများစိတ်ဝင်စားအောင်မရေးနိုင်ပေမဲ့
စိတ်ဝင်စားအောင်ရေးထားတဲ့ ဘာသာရေးပို့စ်တွေ
အများကြီးပါ
ဘာ့ကြောင့် မ share ပဲနေကြသနည်း
ဗုဒ္ဓတရားတော်တွေဟာ အင်မတမ်မှ
စွဲဆောင်မှူ့ ရှိလှပါတယ်
ကိုယ်ကသာ share ဖို့ တာဝန်ယူပါ
ဖတ်တဲ့သူကိုစွဲဆောင်ဖို့  တရားတော်က
တာဝန်ယူပါလိမ့်မယ်
ခုလိုအခွင့်အရေးမျိုးကိုမှ
အသုံးမချနိုင်ဘူးဆိုရင်
သေချာတယ်
ဘုရားအဆူဆူနဲ့ လွဲနေဦးမှာပဲ
မချိတင်ကဲ ဖြစ်လိုက်တာ နော်

No comments:

Post a Comment