၁။ ထေရဝါဒ
၂။ မဟာသံဃိကဂိုဏ်း
၃။ ဂေါကုလိကဂိုဏ်း (ကုက္ကုဠသဒ္ဒါဂိုဏ်း)
၎။ ပဏ္ဏတ္ထိဝါဒဂိုဏ်း (ပညတ္တိဝါဒ)
၅။ ဗာဟုလိယဂိုဏ်း (ဗဟုဿုတိက)
၆။ စေတိယဂိုဏ်း
၇။ ဧကဗျောဟာရိကဂိုဏ်း
၈။ လောကုတ္တရာဝါဒီဂိုဏ်း
၉။ မဟိသာသကဂိုဏ်း
၁၀။ ဓမ္မဂုတ္တိကဂိုဏ်း
၁၁။ သဗ္ဗတ္ထိဝါဒဂိုဏ်း
၁၂။ ကဿပိကဂိုဏ်း
၁၃။ သင်္ကန္တိကဂိုဏ်း
၁၄။ သုတ္တန္တိကဂိုဏ်း (သုတ္တဝါဒ)
၁၅။ ဝဇ္ဇီပုတ္ထကဂိုဏ်း
၁၆။ ဓမ္မုတ္ထရိယဂိုဏ်း
၁၇။ ဆန္နာဂါရိကဂိုဏ်း
၁၈။ ဘဒြယာနိကဂိုဏ်း
၁၉။ သမ္ပိတိယဂိုဏ်း
၂၀။ ဟေတုဝါဒီဂိုဏ်း
၂၁။ ဝိဘဇ္ဇဝါဒီဂိုဏ်း
၂၂။ ဥတ္တရာပထကဂိုဏ်း
၂၃။ အန္ဓကဂိုဏ်း
၂၄။ အပရသေလိယဂိုဏ်း
၂၅။ ပုဗ္ဗသေလိယဂိုဏ်း
၂၆။ သိဒ္ဓတ္ထိကဂိုဏ်း
၂၇။ ရာဇဝိရိကဂိုဏ်း
၂၈။ ဝေတုလ္လကဂိုဏ်း (ဝေပုလ္လဂိုဏ်း)
၂၉။ ဟေမာဝတိကဂိုဏ်း
၃၀။ ဝါဇိရိယဂိုဏ်း
၃၁။ အညမညသံဃိကဂိုဏ်း
မဟာယနဂိုဏ်းဖြစ်လာပုံကိုလည်း ဟြေပြပါဦးမယ်။
သာသနာတော်နှစ် ၄၀၀ နှင့် ၅၀၀ ကြားသို့ရောက်သောအခါ
မဟာသံဃိကဂိုဏ်းက ဂိုဏ်းဝင်များက ဝိနယကြောင့်မဟုတ်၊
ဓမ္မအကြောင်း အငြင်းပွားပြီး မဟာယာနဂိုဏ်းအဖြစ်
ကွဲထွက်ခဲ့ကြတာ။ အဲဒီမဟာယာနဂိုဏ်းတွင်းမှာပဲ ဟီနယာနလို့ ထပ်ကွဲပြန်တယ်။ မဟာယာနဆိုတာ ဘုရားအလောင်း
လမ်းစဉ်ဖြစ်လို့ သာဝကလမ်းစဉ်ကိုလိုက်သူကို
ဟီနယာနဆိုပြီး တဆင့်နှိမ့် သမုတ်ကြတာ။ ဒါပေမဲ့ဟီနယာနဆိုတာ
ထေရဝါဒကိုခေါ်ဆိုတာမဟုတ်ဘူးဆိုတာကို သတိပြုရမယ်။ ထေရဝါဒနဲ့
ဝိဘဇ္ဇဝါဒီဂိုဏ်းကတူတယ်။ မဟာယာနကို ထပ်ထည့်ရင် စုစုပေါင်း ဂိုဏ်းကွဲ ၃၁ ပါ။
ဒါက ဘုရားပွင့်တော်မူတဲ့ မဇျွိမဒေသက ဂိုဏ်းကွဲတွေ။ မဟာဟာနမှာကို ထပ်ကွဲတာ
အများကြီးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ
No comments:
Post a Comment