Monday, February 23, 2015

အလှူခံတာဝန်။

          ဒီတော့ ဘုန်းကြီးမှာ နှစ်ဖက်ငဲ့ပြီးတော့ ကြည့်ရပါတယ်။
အလှူခံပုဂ္ဂိုလ်တွေဘက်ကလဲ ပေါင်းမြက်သဘောလို လောဘ ဒေါသတွေ မပါ,ပါစေနဲ့။ တခါ
ဟိုနောက်ဘဝ သံသရာကျတော့ ဒီလောဘ ဒေါသတွေနဲ့ နေတဲ့ အလှူခံပုဂ္ဂိုလ်က သက်သက်သာ
သာနဲ့ သွားရမှာ မဟုတ်ဘူး။ သူ့မှာ အပြစ်တွေနဲ့ ထွေးရောယှက်တင် သွားရမယ်။

အဲဒီလို ဘုန်းကြီးက ကံ၏အကျိုးကိုပေါ့လေ မြင်လို့မို့ ဘုန်းကြီးတို့ဘက်ကလဲ ဝမ်းမြောက်ဝမ်း
သာနဲ့ အားရပါးရ စားတာကို ဘုန်းကြီးက မကြိုက်ချင်ဘူး။ သဘောမတူချင်ဘူး။
ဒီကလဲ ပစ္စဝေက္ခဏာ ဆင်ခြင်လို့၊ အလှူ့ရှင်တွေအပေါ်မှာ မေတ္တာပို့လို့၊ ဒီလို အနေမျိုးနဲ့ စားမှ
ဘုန်းကြီးတို့မှာ ပေါင်းမြက်လဲ ကင်းတယ်လို့ ဆိုရတယ်။
ပြီးတော့ ဘဝသံသရာမှာ ဒီ လောဘ ဒေါသတွေက အကျိုးပေးစရာ မရှိဘဲ၊ ဘုန်းကြီးတို့ရဲ့
မေတ္တာ ကရုဏာနဲ့ သီလ သိက္ခာတွေက ကောင်းသော အကျိုးကို ပေးစရာ ရှိတယ်။
အဲဒီ နှစ်ဖက်ငဲ့တယ်ဆိုတဲ့ဥစ္စာဟာ ကံ-ကံ၏အကျိုးကို မြင်လွန်းလို့ ငဲ့နေတာ။
ဒါကြောင့် ကံ-ကံ၏အကျိုးကို ကောင်းကောင်း နားလည်ဖို့ ကောင်းတယ်။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

No comments:

Post a Comment