ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ ဖြုတ်စရာ မလိုဘူး၊ လိုလို့ ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့် လန့်  တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။
မဟာနာမ်က နေ့ လယ်နေ့ ခင်း ဆိုရင် ဘုရားကျောင်းကိုသွား ညနေဆိုရင်ပြန်နဲ့  တနေ့ 
တော့.. ဘုရားရှင်ကိုလျောက်တယ်== ဘုန်းတော်ကြီး မြတ်စွာဘုရား တပည့်တော်တို့  ကပိလ
ဝတ်ပြည်က စည်ပင်လိုက်တာဘုရား လူတွေလဲပြည့်ညှပ် တိရစ္ဆာန်တွေကလဲ ပြည့်ညှပ်နေတာ
ဘဲဘုရား။ မြို့ ကလဲစည်ကားလိုက်တာ ယာဉ်၊ ရထားတွေကလဲ အများကြီး မြင်းတွေရော ဆင်
တွေရော၊ အိုး........လမ်းကြီးလမ်းငယ်၊ လမ်းသွယ်လမ်းမ၊ ပြည့်ညှပ်နေတာဘဲ၊ သွားတာလာ
တာတောင် မနည်းကြည့်ရှောင်ပြီး သွားနေရတယ်။ ယာဉ်၊ ရထားကများ တိုက်သွားလို့ က
တော့ သေမှာပါဘုရား၊ တပည့်တော် ဒီကပြန်တဲ့အချိန် လူပိုစည်တယ်ဘုရား၊ တပည့်တော်
အဲဒီလို သွားနေတုံး ရုပ်တရက်(Accident) ဖြစ်၊ တပည့်တော် သေရင်ဘုရား...တပည့်တော်
သေတာက ကောင်းသောသေခြင်း ဘယ်ဖြစ်မလဲဘုရား၊ ဆိုးသောသေခြင်း ဖြစ်မှာပေါ့။ သေ
ပြီးရင် မဟုတ်တဲ့ဆီ၊ ရောက်သွားမှာပေါ့၊ အပါယ်လေးဘုံကို ရောက်သွားမှာပေါ့၊ တပည့်တော်
စိတ်ထဲ အဲဒီလို ဖြစ်နေပါတယ်ဘုရား။***ဆိုလိုတဲ့ သဘောက ခုခေတ်နဲ့ ပြောရင် ဒီလောက်
ရှုတ်နေတဲ့ အထဲမှာ မှတ်လို့ ရမှာလား ဆိုရင် မရဘူး၊ ရှုလို့ ရမှာလားဆိုတာ မအားဘူး။ ဒီအ
ချိန်မှာ မတော်တဆ(Accident) ဖြစ်လို့  သေသွားရင်..တပည့်တော် ဘယ်လိုလုပ်ရမှာလဲ? ။
ဘုရားရှင်က.....အဲဒီ အကြောင်းကြောင့်တော့ မကြောက်ပါနဲ့ ကွယ်၊ အပါယ်ကျမှာမ
ကြောက်ပါနဲ့ ကွယ်။ (မှတ်တဲ့သတိ မရှိမှန်းသိတယ်၊ ရှုတဲ့သတိ မရှိမှန်းသိတယ်။) ဘာဖြစ်လို့ 
လဲဆိုတော့ သင့်မှာဘုရား ကြည်ညိုတဲ့ စိတ်ရှိတယ်၊ တရားကြည်ညိုတဲ့ စိတ်ရှိတယ်၊ သံဃာ
ကြည်ညိုတဲ့ စိတ်ရှိတယ်။ ဘုရား၊ တရား၊ သံဃာကို ထဲထဲဝင်ဝင် ကြည်ညိုတဲ့ စိတ်ရှိတယ်။
သင့်မှာ သီလစင်ကြည်တဲ့ စိတ်ဓါတ် ရှိတယ်။ သင်မမှတ်ပေမဲ့ သင့် "ဓါတ်"ကကောင်းတယ်၊
သင်မရှုပေမဲ့ သင့်"ဓါတ်" ကကောင်းတယ်၊ လူအုပ်ကြား ဆင်နင်းလို့ ၊ ရထားတိုက်လို့ သေ
ရင်လဲ သင်အပါယ်မကျဘူး။ (မှတ်မှ အပါယ်မကျဘူး၊ ရှုမှ အပါယ်မကျဘူး ထင်နေကြတာ၊
မှတ်သာမှတ်တယ် ရှုသာရှတယ်"ဓါတ်" မလာရင် အပါယ်ကျတယ်။ တကယ့်သူတော်ကောင်း
'ဓါတ်' သာရှိနေရင် မမှတ်လဲ မကျဘူး၊ မရှုလဲ မကျဘူး။)မဟာဝဂ္ဂသံယုတ်၊ မဟာနာမသုတ္တန်
မှာ ဘုရားရှင် ဟောထားတယ်။
မှတ်ဖို့ ရှုဖို့  အဓိကမဟုတ်ဘူး၊ သူတော်ကောင်း 'ဓါတ်' ပေါ်အောင်ကြိုးစားပါ၊ ဘုရားရှင်
က မဟာနာမ်ကို မကြောက်နဲ့ လို့ ပြောတာ၊ ဘုရား၊ တရား၊ သံဃာကို ကြည်ညိုပြီး သီလလဲရှိ
တယ်၊ အတွက်ကြောင့်တဲ့။ ဘာ.."စိတ်" လေးလံမှုများ မရှိဘူးဆိုရင်၊ အပါယ်မကျဘူးတဲ့။
ဘုရားပေးတဲ့ ဥပမာက===မဟာနာမ်ရယ်..ဆီ ထည့်ထားတဲ့ အိုးတစ်လုံးကို ယူပြီးတော့
ရေထဲခွဲချလိုက်စမ်းပါ၊ သင်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ရမှာပါ၊ ဆီကရေပေါ် ပေါ်ပြီး အိုး
ခြမ်းကွဲတွေက အောက်ကျမြှပ်ကုန်မှာတဲ့၊ သင့်ခန္ဒာကြီးက သေပြီးတော့ အိုးကွဲသလို ဖရိုဖရဲ
ပျက်စီးသွားတာ အဓိကမဟုတ်ဘူး။ သင့်စိတ်ဓါတ်က ပေါ့တဲ့အတွက်ကြောင့် ဆီပေါ်သလိုပေါ်
တာ၊ ရေအောက်မမြှပ်ဘူးတဲ့။ အပါယ်လေးဘုံ မရောက်ဘူးတဲ့။ လူပြည်အလွှာက အောက်ကို
မရောက်ဘူးတဲ့။ အိုးခြမ်းကွဲမို့  မြှပ်တာမဟုတ်ဘူး။ လေးလို့ မြှပ်တာ။ ဆီမို့ လို့ ပေါ်တာမဟုတ်
ဘူး။ ပေါ့လို့ ပေါ်တာ။ " စိတ် " ကလေးဟာ ဘုရား၊ တရား၊ သံဃာကြည်ညို ကိုယ့်သီလစင်
ကြယ် ဘာ " စိတ်" လေးလံမှုများ မရှိဘူးဆိုရင် အပါယ်မကျဘူးတဲ့။
မိမိနဲ့  ဓမ္မမိတ်ဆွေ အပေါင်းတို့ လဲ ဘုရား၊ တရား၊ သံဃာကြည်ညိုပြီး သီလစင်ကြယ်
ကာ မြင့်မြတ်တဲ့ ဓမ္မကိုအဖေါ်ပြုရင်း နိဗ္ဗာန်ဆီသို့  တက်လှမ်းနိုင်ကြပါစေ။။
{၁၃၇၂-ခု ဒုတိယ၀ါဆိုလဆန်း ၁၄ ရက်၊တနင်္ဂနွေနေ့  မှော်ဘီမြို့  တရားစခန်း၌ ဓမ္မဒူတ
အရှင်ဆေကိန္ဒ ဟောကြားတော်မူသော" အာရုဏ်တက်မှ နေထွက်ပါတယ် "တရားတော်
(အသံ) မှ ကောက်နုတ် ရေးသားပါသည်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
--------------------------------------------
ဖြစ်ပြီးအဟောင်း၊ တိတ်ဇာတ်ကြောင်းကို၊
ပြန်ပြောင်းစဉ်းစား၊ မငြီးတွားနှင့်၊
နောင်ခါဖြစ်လတ်၊ အနာဂတ်ကို၊
ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနှင့်၊
ဖြစ်ဆဲဧကန်၊ ပစ္စုပန်ကို ဝေဖန်ဉာဏ်ရှု၊
မျှတမှုဖြင့်၊ ပူမှုကင်းစွာ၊ နေစမ်းပါလော့။
သို့ပါလေမှ၊ သင့်ဘ၀၀ယ်၊
ဒုက္ခကင်းစွာ၊ ချမ်းသာလာလိမ့်။
(ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ)
No comments:
Post a Comment