![]() |
စိတ်ကို သန့်ရှင်းအောင်ထား |
ပေါ်လာတဲ့ မကောင်းတဲ့စိတ် အကုသိုလ်စိတ်တွေကို
အမှိုက်လိုသဘောထားပြီး ရှင်းရင်
အမှိုက်ဆိုတဲ့ အရာက ကြာလေ ပုပ်လေ အနံ့ဆိုးထွက်လေပါပဲ၊
နောက်
ကြည်လင်မူကိုလည်း ဖျက်စီးတယ်၊ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။
လောဘ ဒေါသ မောဟ ဣဿာ မစ္ဆရိယ တွေကိုယ့်မှာ ကိန်းနေရင်
ကိုယ့်ကို ပူလောင်စေတယ် တည်ကြည်မူတွေကို ပျက်စီးစေတယ်၊ ကြာရင် ကျန်းမာရေးတွေပါ ထိခိုက်လာတယ်။
ဒီအကုသိုလ် အကြောင်းတရားရဲ့ တန်ပြန်အကျိုးပေးမူတွေဟာလည်း အကုသိုလ်တွေပဲဖြစ်မှာပဲ။
အမှိုက်ပုံးကို လူတွေဝေးဝေးရှောင်သလိုပဲ၊ လောဘ
ဒေါသ မောဟ ဣဿာ မစ္ဆရိယ အမှိုက်တွေများနေတဲ့ လူပုပ်ကောင်ကိုလည်း လူတွေဝေးဝေးရှောင်ကြမှာပဲ။
ဒီတော့ ဘုရားဟော်ဖြစ်တဲ့ " မကောင်းမှုရှောင်၊
ကောင်းမှုဆောင်၊ စိတ်ကို ဖြူအောင်ထား " ဆိုသလို စိတ်ကိုသန့်ရှင်းအောင်
အတတ်နိုင်ဆုံး ထားကြရမှာဖြစ်တယ်။
" ဆက်ကြိုးစား "
စိတ်ဖြူတော့ ကိုယ်ကြည်
ကိုယ်ကြည်တော့ ကိုယ်ပျော်
ကိုယ်ပျော်တော့ ကိုယ်ပြုံး
ကိုယ်ပြုံးတော့ သူပြုံး
သူပြုံးတော့ ကိုယ်ပျော်
ကိုယ်ပျော်ရင် ဆက်ကြိုးစား။
( the eXistence )
http://www.worldofwisdom.asia မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment