ကြုံခဲတဲ့ သာသနာ ရခဲတဲ့
ဘဝမှာ
သာသနာ့ ဘောင်ဝင် ရဟန်းဝတ်
တရားအားမထုတ်နိုင်သေးရင်တောင်မှ
ဘုရားလောင်းဘဝတွေကို သာဓကထားပြီး
ရောက်ရာဘဝမှာ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်
ကျင့်ကြံဖို့လိုသည်။
သားသမီးတွေက သားသမီးဝတ္တရားနဲ့အညီ
မိဘတွေက မိဘဝတ္တရားနဲ့အညီ
မိတ်ဆွေတွေက မိတ်ဆွေဝတ္တရားနဲ့အညီ
ဆရာတွေက ဆရာဝတ္တရားနဲ့အညီ
တပည့်တွေက တပည့်ဝတ္တရားနဲ့အညီ
လင် မယားတွေက လင် မယားဝတ္တရားနဲ့အညီ
ခေါင်းဆောင်တွေက ခေါင်းဆောင်ဝတ္တရားနဲ့အညီ
ကိုယ့်တာဝန် ကိုယ်သိပြီး လူကျင့်ဝတ်များကို
ကျေပွန်အောင် လိုက်နာ ထမ်းဆောင်နိုင်လျှင်
လူဖြစ်ရကျိုးနပ်ဦးမည်။
ဒါကြောင့် တာဝန် ဝတ္တရားသာလျှင် အဓိကဖြစ်တယ်။
နောက်ဆုံး ရဟန်းတွေလည်း ရဟန်းဝတ္တရားနဲ့အညီ
ကျင့်ကြံပွါးများ အားထုတ်နိုင်ဖို့ အရေးကြီးသည်။

( the eXistence )
http://www.worldofwisdom.asia မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment