မွေးလာထဲကမျက်စိမမြင် တဲ့လူတယောက်ဟာ အဖြုရောင်၊အနီရောင်၊ တော၊ တောင်၊ ရေမြေ၊
ယုတ်စွအဆုံး လူဆိုတဲ့သတ္တ၀ါတောင် ဘယ်လိုပုံစံမှန်းသူမသိပါဘူး၊ အဲမျက်စိမြင်တဲ့ လူကတော့ မျက်စိမမြင်တဲ့သူကိုလည်း
မြင်တယ်၊ ကျန်တဲ့သဘာဝ အလှတရားတွေအားလုံးကိုလဲ တွေ့မြင်ခံစားနိင်တာပေါ့၊ နောက်တခု သတ္တ၀ါထဲမှာ အသိဥာဏ်
အမြင့်ဆုံး ဆိုတဲ့ “လူ” သတ္တ၀ါကို မွေးပြီးပြီးခြင်းမှာ လူဝံတွေနေတဲ့ လှောင်အိမ်ထဲကိုထည့်ပြီး လူဝံတွေနဲ့အတူကြီးပြင်းပါစေ
ဒါဆိုအသိဥာဏ် မြင့်ပါတယ်ဆိုတဲ့ “လူ” သတ္တ၀ါဟာ ကမ္ဘာပေါ်မှာ လူတွေသုံးစွဲနေတဲ့ ဘာသာစကားတခုခု ပြောတက်ဖို့နေ
နေသာသာ၊ လူဝံတွေရဲ့အသိလောက်ဘဲသိမယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး၊ ဒီတော့ အကြောင်းအရာတခု
ကိုစဉ်းစားဆုံးဖြတ်ကြမယ်ဆိုရင် မွေးထဲကကန်တဲ့လူလိုလဲ လောကကြီးဟာ အမှောင်ကြီးပါဘဲ အားလုံးအလကားပါဘဲ
ငါ့ကို ၀ိုင်းညာနေတာဘဲလို့လည်း တယူသန်ဆုံးဖြတ်လို့မရသလို လူဝံလှောင်အိမ်ထဲမှာ ကြီးပြင်ခဲ့တဲ့ “လူ” လိုလဲပြောသမျှ
ယုံလို့မဖြစ်ပါဘူး၊ ကိုယ်ပိုင်ဥာဏ် နဲ့ဆုံးဖြတ်ရမှာပါ၊ ဒီမှာ ဥာဏ်ဆိုတာကိုလဲ ဆရာတော်ဥူးသုမင်္ဂလ ဟောတဲ့ အဓိပ္ပါယ်နဲ့
ပြောရရင် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်၊ တွေကို ဝေဖန်၊ ပိုင်းခြား သိနိင်တာဥာဏ်လို့ ဆိုလိုပါတယ်။
လူဆိုတဲ့ သတ္တ၀ါဟာ ကမ္ဘာဦးအစထဲက သဘာဝဘေးအန္တရယ် အမျိုးမျိုး၊ တိရိစ္ဆာန်အမျိုးမျိုး တို့ရဲ့ဒုက္ခပေးခြင်းကိုခံ
ရလို့၊ သက်သာစေခြင်းမှာ နေ၊ လ၊ မီး၊တော၊ တောင် စသည်ဖြင့် အမျိုးမျိုးသော အရာတို့ကိုပူဇော်ပသ ကိုးကွယ်ခဲ့ကြပါတယ်
အချို့ဆိုရင်ယစ်ပူဇော်တဲ့ အထိအယူသီးတဲ့ဓလေ့ရှိကြပါတယ်၊ လူတွေဟာမိမိယုံကြည်ရာ ဘာသာ (တနည်း) တစုံတခု တို့
အပေါ်မှာ အားကိုးအားထားပြုကြတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး ဒီမှာဗုဒ္ဓဘုရား ကတော့ဖန်ဆင်းရှင်လဲမဟုတ်ပါဘူး
ကယ်တင်ရှင်လဲ မဟုတ်ပါဘူး၊ ကူညီစောင်မပေးမှာလဲ မဟုတ်ပါဘူး၊ လမ်းပြသူသက်သက်ပါ၊ သူပြတဲ့လမ်းကို မိမိဖာသာ
လျှောက်လှမ်း၊ ကြိုးစားရမှာ မိမိတာဝန်ပါဘဲ၊ နောက်တခုသူဟောခဲ့တဲ့ တရားတွေဟာ နောင်ဘ၀မှ သေပြီးမှ အသက်ကြီးမှ
အကျိုးပေးမှာမဟုတ်ပါဘူး ခုလုပ်ရင် ခုအကျိုးပေးပါတယ်၊မယုံကြည်ရင်လဲ ကိုယ်တိုင်လုပ်ကြည့်လို့ရပါတယ် နောက်တခု
သူဟောတဲ့တရားကိုလေ့လာချင်ရင် အားထုတ်ချင်ရင် ဗုဒ္ဓဘာသာဝင်ဖြစ်မှ လုပ်လို့ရမယ်လို့ ဘယ်တုန်းကမှမဟောခဲ့ပါဘူး
ဘယ်ဘာသာဝင်မဆို မိမိဘာသာကိုစွန့်ပစ်စရာမလိုဘဲ လေ့လာလို့ရပါတယ် ပြီတော့သူဟောခဲ့တဲ့တရားတွေ ဟာသဘာဝ
သစ္စာတရားတွေကြီးပါဘဲ လောကကိုဆန့်ကျင်တာ သဘာဝကိုဆန့်ကျင်တာ တခုမှမပါခဲ့ပါဘူး ဥပမာနားလည်းလွယ်အောင်
ပြောရရင် ကြက်ဖတွန်လို့ မိုးလင်တယ်ဆိုတာ ယုတ်တိမရှိပါဘူး မိုးလင်းလို့အလင်းရောင်တွေ့လို့ကြက်ဖတွန်တယ်ဆိုတာ
လူတိုင်းလက်ခံနိင်ပါတယ် ဒါဟာသဘာဝတရားပါဘဲ ဘာသာတခုကိုလွယ်လွယ်လက်ခံယုံကြည်တယ် ဆိုရင်တော့လူညံ့လို့
ခေါ်လို့ရပါတယ် ဗုဒ္ဓဘုရားကလဲ သူဟောတိုင်မယုံဖို့ဟောထားပါသေးတယ် ကိုယ်တိုင်လက်ခံကျင့်သုံးလို့ ခန္ဓာသ်အမှန်တရား
စစ်စစ်ကိုတွေ့မှ လက်ခံပါလို့ဆိုပါတယ် မသိမှု ဆိုတဲ့အ၀ိဇ္ဇာ တခုကြောင့်သံသရာလည်ခဲ့ကြတာဆိုလဲ မမှားပါဘူး ဆိုရိုးစကား
တခုမှာတောင်မရှိတာထက် မသိတာကခက်တယ်လို့ ပြောထားပါတယ် မသိလို့ခက်နေကြတာပါ သိရင်တော့လွယ်သွားပါလိမ့်မယ်
နောက်ဆုံးပြောချင်တာကတော့ ဗုဒ္ဓဘာသာဝင် ဆိုသူတွေလဲမကောင်းတာလုပ်ရင် မကောင်းတာရမှာပါဘဲ အခြားဘာသာဝင်တွေ
ဘာသာမဲ့ သူတွေလည်း ကောင်းတာလုပ်လို့ ကောင်းကျိုးချမ်းသာ ခံစားနေရတာ
အနောက်နိင်ငံတွေမှာ အများကြီးပါ ဗုဒ္ဓနည်းလမ်းကိုမသိ ပေမယ့်လဲ
ကိုယ်ကျင့်တရားကောင်းစွာ နေထိုင်ပြီးပေကမ်းလှူတန်းစွန်ကျဲ
နေတဲ့ဘာသာခြားတွေဟာလည်း
ကောင်းရာသုဂတိလားမယ်လို့ ယုံကြည်ပါတယ် ဗုဒ္ဓဘာသာဝင်မဟုတ်တာနဲ့ဘဲ မိစ္ဆာဒိဋ္ဌိတွေလို့ တဖက်သက်မစွတ်စွဲလိုပါဘူးအဲ..
ဒါပေမယ့် ကောင်းရာဘုံဘ၀မှာဘယ်လိုဘဲကျင်လည်ကျင်လည် အပါယ်၊ ငရဲကတော့လုံးဝလွတ်ပြီလို့ မဆိုနိင်သေးပါဘူး...
ဒါကိုတော့ ဗုဒ္ဓဘာသာအကြောင်း လေ့လာလို့တော်တော်လေး သိမှမြင်လာမှာပါ ဗုဒ္ဓဘာသာကို အခြား သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ
ဇီဝဗေဒ၊ ဘာသာရပ်တွေလို မူလတန်း၊အလယ်တန်း၊ အထက်တန်း အဆင့်ဆင့် သင်ယူလေ့လာကြည်ပါ ကိုယ်တိုင်မှန်ကန်တယ်
လို့ယူဆမှ လက်ခံနိင်ပါတယ် လက်တဖက်က မယုံဘူးဆိုတဲ့စိတ်ကိုထားပါ၊ ကျန်လက်တဖက်မှာတော့ သဘာဝဓမ္မ၊ ကျကျမှန်ကန်
တယ်ဆိုရင်တော့လက်ခံ ရပါမယ် သစ္စာဆိုတာ၊ ထာဝရမပြောင်းလဲတဲ့ အမှန်တရားတွေပါ အလိမ်အညာတခုမှ မပါဘူးဆိုတာ
လက်ခံပါ ဗုဒ္ဓဘုရားဟာ ပရိနိဗ္ဗာန်စံဝင်ခဲ့တာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ လူသားအားလုံး အကျိုးအတွက်သစ္စာတရားကိုသိရှိ
ချိန်မှစလို့ ၄၅ နှစ်တိုင်ကိုယ်ကျိုးမရှိ လာဒ်လာဘ ရှေ့မထား တရားတော်များကို မနားမနေဟောကြားခဲ့ပါတယ် သစ္စာတရားတို့
ရဲ့သခင်ဂေါတမ ဘုရားရှင်ကတော့ လူသားအကျိုးပြုတရားများကို ဟောပြီးလို့ ငြိမ်းအေးရာနိဗ္ဗာန်စံဝင်ခဲ့ပါပြီ လူသန်းပေါင်း
များစွာ တို့လည်းဗုဒ္ဓတရားတော်များနဲ့ ငြိမ်းအေးသူကငြိမ်းအေး၊ လိမ်မာသူကလိမ်မာ၊ မေတ္တာထားသူကမေတ္တာထား၊ နဲ့အဆင်ပြေ
စွာနေထိုင်ကြပါပြီ သင်မယုံကြည်လို့ မကိုးကွယ်လည်း ဗုဒ္ဓကတော့
မည်သို့မျှအကျိုးယုတ်မည်မဟုတ်ပါ သင်၏အသိဥာဏ် တိုးတက်ရင့်သန်မှုသာ
အကျိုးနဲမည်ဖြစ်ပါကြောင်း မေတ္တာရှေ့ထား စေတနာများဖြင့်
ပြောကြားပေးလိုက်ရပါတယ်...။
မူကြိုဆရာ
No comments:
Post a Comment