Thursday, October 23, 2014

“မနုဿတ္တဘာဝေါ ဒုလ္လဘော”။

         မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က  “မနုဿတ္တဘာဝေါ ဒုလ္လဘော” တဲ့၊ လူ့ဘ၀ဆိုတာ
ရဖို့အင်မတန်ခက်ပါတယ်၊ ဘာဖြစ်လို့ခက်တုန်းဆို စဉ်းစားကြည့်ပေါ့။ လူ့ဘ၀က ဘာကြောင့်
ရနိုင်တာတုန်းဆိုရင် ကုသိုလ်ကြောင့်ရတာဖြစ်ပါတယ်၊ ကဲ ကုသိုလ်စိတ်ဖြစ်တဲ့ အချိန်ဟာ များသ

လား၊ နည်းသလား ကိုယ့်ဟာကိုယ် စဉ်းစားကြည်ကြပါ၊ နံနက်မိုးသောက် အလင်းရောက်တဲ့အချိန်က
ညအိပ်ယာဝင်တဲ့အချိန်အထိ ကြည့်လိုက်ရင် အိပ်ပျော်နေတဲ့ အချိန်တော့ဖယ်ထားပါ၊ ကုသိုလ်စိတ်မ
ရှိဘူး၊ ဘ၀င်စိတ်ပဲ ဖြစ်တယ်၊ အိပ်နေတဲ့အချိန်ကို နှုတ်ထားလိုက်ရင်၊ ဘ၀င်စိတ်တွေ မဖြစ်လို့
ဝီထိစိတ်ဖြစ်နေတဲ့အချိန် နံနက်မိုးသောက် အလင်းရောက်လို့ မျက်စိနှစ်လုံး ဖွင့်လိုက်တဲ့အချိန်က
စပြီးတော့ အိပ်ယာပေါ်မှာလှဲပြီး မျက်စိနှစ်လုံးပိတ်ပြီး အိပ်ပျော်သွားတဲ့ အချိန်ထိကြည့်လိုက်ပါ၊
ကုသိုလ်စိတ် ဘယ်နှစ်ခါဖြစ်လဲ။ ကုသိုလ်စိတ် ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်စိတ် ဖြစ်တဲ့အချိန်
ဘယ်ဟာကများသလဲ၊ ကုသိုလ်နဲ့မှ လူ့ဘ၀ရတယ်ဆိုတော့ ကုသိုလ်စိတ်ဖြစ်ဖို့ရာ အင်မတန်
ခဲယဉ်းတော့ လူ့ဘ၀ ဖြစ်ဖို့ရာရော အင်မတန်ခဲယဉ်းပါမယ်၊ ဒါ့ကြောင့်မို့ “မနုဿတ္တဘာဝေါ
ဒုလ္လဘော” ခဲယဉ်းတယ်လို့ပြောတာ ဖြစ်ပါတယ်။
          ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်စင်ပရိသတ်တို့သည်လည်း ရပ်ပြစ်ရှစ်ပါးမှ
ကင်းပြီး၊ အခွင့်အရေးကောင်း၊ ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ ကုသိုလ်စိတ်ဖြစ်တဲ့ အကျင့်တရားကို
ကျင့်ကြံကြိုးကုတ် အားထုတ်ကာ  မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း ။ ။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment