Friday, October 24, 2014

ဒုလ္လဘတရား(၅)ပါး...။

လောကမှာ ရခဲလှတဲ့ အရာတွေရှိပါတယ် ဘုရားပြောတဲ့ ရခဲခြင်း (၅) မျိုးမှာ
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊
(၂) မနုဿတဘာဝ ဒုလ္လဘ = လူ့ဘ၀အဖြစ်ကိုရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊
(၄) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရား (မှန်ကန်သောသစ္စာတရား)ကို
အလွန်ကြားနာရခဲခြင်း၊ တို့ဖြစ်ကြပါတယ်။

(၅) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ = ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊
ဘုရားသာသနာနှင့်ကြုံိုကိုက်ခဲခြင်း
ဘု၇ားတဆူ ဆူပွင့်ဘို့ရန်အတွက် ၄ သင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ၈ သင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ၁၆ သင်္ချေနှင့်ကမ္ဘာ တစ်သိန်း ကြာတော့မှ တဆူ ပွင့်ကြတာဖြစ်ပါတယ် ၊
ဘုရားတဆူနှင့်တဆူအကြားတွင်သတ္တ၀ါတခု တခု၏အလောင်းများအရိုးများကို
ပုံထားမယ်ဆိုလျင် တယူဇနာ ( ၁၃ ) မိုင်အမြင့်ရှိလောက်တယ်လို့ဆိုပါတယ် ၊ အရိုးမရှိ
သော တီကောင် ပက်ကျိ လိုဘ၀မျိုးထဲ့မတွက်သေး ပါ ၊ ဒါကြောင့်ဘုရားတဆူနှင့်တဆူ
အကြားတွင် သေခဲ့ရသည့် အကြိမ်မည်မျှများမည်ကို မှန်းဆကြည့်နိုင်ပါသည် ၊
ကမ္ဘာတိုင်းတွင် ဘုရားပွင့်ရိုးထုံးစံမရှိဘဲ ဤဘဒ္ဒကမ္ဘာမှာသာလျှင် ဘုရားပွင့်ရိုးထုံးစံရှိပါသည် ယခုဘဒ္ဒကမ္ဘာတွင် ဘု၇ား ၅ ဆူပွင့်မည်ြ့ဖစ်သည် ၊ ကျွန်ပ်တို့သည် ။ အလွန်ကြုံခဲလှသော ဂေါတမမြတ်စွာဘုရားသာသနာနှင့်ကြုံကြိုက်နေသည့်အတွက် ရခဲသောကာလနှင့်ကြုံကြိုက်
နေသည်သဘောပေါက်ထားရပေမည် ၊ ( သို့သော်ပွင့်တော်မူပြီးသောဘုရားများ၏အရေ
အတွက်မှာ အင်္ဂါမြစ်ထဲမှသဲပွင့်အမျှပွင့်ခဲပြီးပြီဟုဆိုသည် - ကျွနုပ်တို့သည်ထိုဘုရားအဆူဆူ
နှင့်လွဲခဲ့ပြီးဖြစ်သည် ( ယခု ဂေါတမမြတ်စွာဘုရားပွင့်သည်အချိန်တွင်လူ့ဘ၀မရလိုက်သော်
လဲ သာသနာတော်နှင့်တော့ကြုံနေသေးသည် ရခဲလှလေစွတကား ရထားတွဲကြီးကိုနောက်ဆုံး
တွဲကလေးမှလိုက်နိုင်သေးသည်ဟုဆိုနိုင်ပါသည် )
(၂) မနုဿတဘာဝ ဒုလ္လဘ = လူ့ဘ၀အဖြစ်ကိုရခဲခြင်း၊
လူ့ဘ၀ ရဘို့ရန်အတွက်အလွန်ခဲရင်းသည် ၊ မြတ်စွာဘုရားက နတ်ပြည်က အပ်တစင်း
ပြစ်ချလိုက်လို့ လူ့ပြည်ပအပ်တစင်း ထိချင်ထိနိုင်သည် လူတယောက်သေပြီး လူ့ဘ၀ပြန်ဖြစ်
အလွန်ခဲရင်းသည် ၊ နောက်တမျိုးဥပမာ က ပင်လယ်တွင်း တွင်လိပ်ကန်းကြီးတကောင်ရှိသည်
လိပ်ကန်းကြီးသည် အနှစ် ၁၀၀ မှ တကြိမ်ရေပြင်ပေါ်တက်၍အသက်ရှူလေ့ရှိသည် ၊ပင်လယ်
ထဲတွင်လည်း အပေါက် တစ်ပေါက်ထဲရှိသော သစ်တုံးကြီး တစ်တုံးကမြောနေသည် ။ထိုသစ်
တုံးကြီး ၏ အပေါက်တွင် အနှစ် ၁၀၀ မှ တခါတက်လာသောလိပ်ကန်းကြီး၏ဦးခေါင်းစွပ်မိချင်
စွပ်မိနိုင်မည် ။ လူဘ၀ ရဘို့ရန် ထို့ထက်ပင်ခက်ခဲသည်ဟုဆိုပါသည် ၊
မြတ်စွာဘုရားက လက်သဲခွန်ပေါ်တွင်မြေမုန့်ကိုတင်ပြီး ရှင်အနန္ဒာအား မေးသည် ၊
ရှင်အနန္ဒာ ငါ၏လက်သဲပေါ်ရှိမြေမှုံ နှင့် မဟာပထ၀ီမြေကြီးပေါ်ရှိမြေမှုံအဘယ်ကများသနည်း
ဟုမေးသောအခါ ရှင်အနန္ဒာက မဟာပထ၀ီမြေကြီးပေါ်ကမြေမှုံကများပါသည် ၊ အရှင်ဘုရား
လက်သဲပေါ်ကမြေမှုံများမှာ ဘာမျှပြောပလောက်စရာမရှိပါဟုပြန်လျှောက်သောအခါ ၊
ဟုတ်တယ် ငါ့ ရှင် အာနန္ဒာ လူသေပြီး လူဘ၀ပြန်ရသော ဦးရေမှာ ငါ၏လက်သဲခွံပေါ်
ကမြေမှုံလောက်သာရှိသည် ၊ များသောအားဖြင့် အပါယ်သို့သာရောက်ကြသည်ကများသည်
လို့မိန့်ကြားတော်မူပါတယ် ၊
( သတ္တ၀ါတို့၏အမြဲနေအိမ်သည် အပါယ်ငရဲသာဖြစ်သည် ၊ ယခုလူ့ဘ၀ရရှိခြင်းသည်
ခဏသာမျှသာဖြစ်သည်။ကောင်းကင်လျပ်စီးလက်သလောက်သာကြာသည်၊
အပါယ်ငရဲမှာသာအနေများကြသည်ဟုဆိုလိုရင်းဖြစ်ပါသည် )
ထို့ကြောင့် ယခုရနေသောလူ့ဘ၀သည်အလွန်ရတာင့်ရခဲရှိထားခြင်းဖြစ်သဖြင့် အချိန်
ကိုအလဟသ မဖြုံးတည်းပစ်ဘဲ နောက်ဘ၀ အပါယ်ခန္ဓာလွတ်အောင်ကျိုးစားသင့်ကြပေသည်
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊
အလှူအတန်းပြုလုပ်ရာတွင် ထောင်ချီသိန်းချီ၍လှူခြင်းမျိုး ၊ နေ့စဉ်သံဃာတော်
အရှင်သူမြတ်များကို ဆွမ်းလောင်းမှု အလှူခံပုဂ္ဂိုလ်များထိုထိုအား လှူတန်းရုံမျှဖြင့် မိမိသဏ္ဍာန်တွင် သဒ္ဓါတရားပြည့်စုံပြီဟုမဆိုသည်မဟုတ်ပါ ၊
ဘုရားအပေါ်မှာယုံကြည်မှုသဒ္ဓါ ၊ တရားအပေါ်မှာယုံကြည်မှုသဒ္ဓါ ၊ သံဃာအပေါ်မှာ
ယုံကြည်မှုသဒ္ဓါတရားနှင့်ပြည်စုံခြင်းကိုသဒ္ဓါတရားနှင့်ပြည်စုံဟုဆိုပါသည်၊ ဤလိုသဒ္ဓါတရားဖြင့်ပြည်စုံရန်အလွန်းခဲရင်းပါသည် ၊
ဤအချက် ၃ ချက်တွင် တရားအပေါ်တွင်ယုံကြည်မှုသဒ္ဓါသည်အဓိကဖြစ်သည် ၊
မြတ်ဗုဒ္ဓဟောကြားထားသောတရားများကို နားကြားပြီ ခန္ဓာတွင်ကြည့်သောအခါဟုတ်သည် မှန်သည်ဟုဥာဏ်ဖြင့် တကယ်ဆုံးဖြတ်နိုင်သောအခါ ။ ဘုရားအပေါ်တွင်ယုံကြည်မှုသဒ္ဓါဖြစ်
ဖြစ်ပေါ်လာပါသည် ၊
သဒ္ဓါမရှိသူသည် ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်နေပါသော်လည်း ကုသိုလ်ပြုခွင့်မရချေ။ လက်မရှိသောသူသည် ရွှေတောင်ပေါ် ရောက်နေသော်လည်း ရွှေတုံးများကို မကောက်ယူနိုင်သကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့်
ဤလောကမှာ လူ့ဥစ္စာ၊ သဒ္ဓါအမြတ်ဆုံးတည်း ဟု ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်။ သူတော်ကောင်းဥစ္စာ (၇)ဖြာတွင်လည်း သဒ္ဓါတရားသည် အခြေခံကျဆုံးအဖြစ်ပါဝင်သည်။ ပစ္စည်းဥစ္စာမွဲလျှင် လူဆင်းရဲမခေါ်၊ သူတော်ကောင်း ဥစ္စာမရှိသောသူကိုသာလျှင် တရားများ ခေါင်းပါးသူ ကံမွဲ၊ ဉာဏ်မွဲ လူဆင်းရဲဟုခေါ်ဆိုပါသည်။
(၄) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရား (မှန်ကန်သောတရား)ကို
အလွန်ကြားနာရခဲခြင်း၊ တို့ဖြစ်ကြပါတယ်။
သူတော်ကောင်းတရား ( မှန်ကန်သောတရား ) ကိုအလွန်နာကြား၇ခဲသည် ဆိုသော
အချက်ကိုရှင်းလင်းပါမည် ၊
ယခုခောတ်ယခုအခါတွင်ဆရာတော်သံဃာတော်များကသည်ဗုဒ္ဓဟောကြားထားတော် မူခဲ့သောတရားများတော်များကိုနေရာတိုင်းတွင်ပြန်လည်တဆင့်ဟောကြားဆုံးမလျက်ရှိနေ
သောကြောင့် သူတော်ကောင်းတရားကြားနာရန်ခက်ခဲသည်ဆိုသည့်အချက်ကိုတချိ့ကလက်ခံ
နိုင်မည်ဟုတ်ပေ ၊
ဤအချက်ကို မိုးကုတ်ဆရားတော်ဘုရားကြီးဆုံးမဟောကြားသောတရားများအရဆို
လျင် ဆရာတော်ကြီးက လူ့ဘ၀ရခိုက် ၊ သာသနာနှင့်လဲကြုံ ၊ မိမိတွင်ထောင်နိုင်တဲ့ဥာဏ်နား
ပါရှိမယ် ခန္ဓာထဲဥာဏ်လှည့်လိုက်တဲ့အခါ မှာ ခန္ဓာအရှိ နဲ့ဥာဏ်အသိကိုက်ခဲ့ရင် ဒီဘ၀ တရား
ရနိုင်ပါတယ် လို့ဟောထားပါတယ် ၊
မှန်ပါသည် မိမိတွင်ထောင်နိုင်သောဥာဏ်နားပါရှိဘို့အလွန်ခဲရင်းပါသည် ၊
ဘုရားရှင်လက်ထက်က မြတ်စွာဘုရား၏တရားအဆုံးတွင် မည်သူသည်သောတပန်
တည်သွားသည် ၊ မည်သူသည်ရဟန္တာဖြစ်သွားသည် ဆိုသည် မှာ မိမိတွင်ထောင်နိုင်သော
ဥာဏ်နားပါရှိသူများသာ တရား၏အနက်အဓိပါယ်ကိုသိပြီး ခန္ဓာ အရှိ နှင့် ဥာဏ်အသိကိုက်
သွားသောကြောင့်သာဖြစ်ပါသည် ၊
ဤသည်ကို မျှော်တွေးလို့ စာဆိုကျော် ပညာရှိစလေဦးပုညက
ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှုင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။
ဟုစပ်ဆိုခဲ့သည်ကို ဓမ္မ သံဝေဂယူကြပါကုန်။
.
(၅) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ = ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊
ရဟန်းဘ၀ရခဲခြင်းဆိုသည်အချက်ကိုတော့ အထူးရှင်းလင်းနေစရာလိုမည်မဟုတ်ပါ
လူဘ၀ ရရှိပြီး ဗုဒ္ဓဘာသာနွယ်ဝင်ဖြစ်သောယောက်ျားဘ၀ရရှိမှသာရဟန်းဘ၀ကိုရရိုပါမည်
ယခုခောတ် တွင်သားယောက်ျာလေးမွေးလာလျှင် အသက် ၂၀ မပြည့်ခင် ရှင်ပြုပေး
သည် ၊ အသက် ၂၀ တွင် တခါ ရဟန်းခံပေးသည် ၊ ဤသည်တို့မှာ ယောက်ျားဖြစ်ပြီး ရဟန်း
အ၀တ်ဘူးဆိုရင် ရခဲတဲ့ ရဟန်းဘ၀ မ၀တ်လိုက်ရဘဲနေမယ်ဆိုပြီး စတိအားဖြင့် ရှင်ပြုရဟန်း
ခံပြုလုပ်ပေးခြင်းသာဖြစ်ပါသည် ၊
ဘုရားသားတော်အဖြစ်နှင့် သာသနာဘောင်တွင်းသို့အပြီးဝင်ရောက်ပြီး ရဟန်းတရား
အားထုတ်သူအဖြစ်ကား အရေအတွက်အနည်းငယ်မျှသာဖြစ်ပါသည် ၊
ရဟန်းဘောင်ဝင်ပြီးဝတ်နည်းနှင့်အညီနေထိုင်ကျင်ကြံတရားအားထုတ်နိုင်လျှင်တော့
အကောင်းဆုံးဖြစ်ပါသည် ၊ သို့သော် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အထက်ကပြောခဲ့သော
ဘုရားသာသနာတော် နှင့်ကြုံခိုက် မိမိတွင် ထောင်နိုင်သောဥာဏ်နားပါပြီး ခန္ဓာအရှိ
နှင့်ဥာဏ်အသိကိုက်အောင် အချိန်မပြတ်စောင့်ကြည့်နိုင်မှုကသာလျှင် အရေးအကြီးဆုံးဖြစ်
ပါသည် ၊
မြတ်စွာဘုရားသည်နေ့စဉ် ဆွမ်းခံပြန်ကြွလာပြီးကျောင်းပ်ါမတက်မှီခြေဆေးသော
အခါတိုင်း ချစ်သားတို့ လူဘ၀သည်ရခဲ့၏ သာသနာနှင့်ကြုံရခဲ့၏ မမ့သောသတိဖြင့်
အမြဲမပြတ်နှလုံးသွင်းနေကြလော့( အမ္မာဒေနသမ္ပာဒေထ )ဟု နေ့စဉ်ဟောတော်မူပါတယ်
ဘုရားပြောတဲ့ ရခဲခြင်း (၅) မျိုးမှာ ကိုယ်ဘာတွေနဲ့ ကြုံနေပြီလဲလို့ တိုက်ဆိုင်ကြည့်ကြပါ
ကိုယ့်မှာရှိပြီးသား၊ ကြုံပြီးသားတွေဆိုရင်လဲ ၀မ်းသာကြပြီး မဆုံးရှုံးအောင် ဆက်လက်ထိန်းထားလျက်၊ မရှိသေး မကြုံသေးတာရှိရင်လည်း တတ်နိုင်သလောက် ကြိုးစားပြီး ကောင်းမှုလေးတွေ ပြုမယ်ဆိုရင်ဖြင့် (၅)ခုလုံး မကြုံနိုင်သော်လည်းဘဲ လောက သံသရာမှ လွတ်မြောက်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများ ကျန်းမာ၊ ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ။
ctredit -မောင်သုည
ဖေ့ဘုတ်မှတဆင့်တင်ပြသည်။

No comments:

Post a Comment