ဒါနသည် သံသရာကို တိုစေသည်၊ ရှည်စေသည်ဟု ငြင်းခုံတတ်ကြသည်။ သံသရာ အတို၊ အရှည်ဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာဝယ် သူတို့၏စိတ် မစင်ကြည်မှုကြောင့်
သာ “ လူတွင် ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာ အတို၊ အရှည် မဖန်တီး
ပါ။ သံသရာ မရှည်စေပါ။ “ ဤ ဒါနကြောင့် လူချမ်းသာ၊ နတ်ချမ်းသာကို ခံစားရတော့မည်ဟု”
ရည်ရွယ်မှု တဏှာဇောက သံသရာရေလျဉ်ကြော၌ မျောစေခြင်းသာ ဖြစ်ပါသည်။
အချို့က“ ဘုရားရှင်သည်ပင် ဒါနတွေ အားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်
မူရသည် ” ဟု သူတို့၏ အသိဉာဏ် ကလေးဖြင့်တွေးရှာ ကြပြန်သေး၏။ ထို ဒါန အားကြီးတော်
မူသော ဘုရားရှင်ပေါင်း အသင်္ချေနှင့် အနန္တ (ဂင်္ဂါဝါဠု သဲစုမက) ကျွတ်တမ်းဝင်ကြပြီး ဖြစ်ပါ
လျက် ငါတို့က ယခုတိုင် မကျွတ်ရသေးသည်မှာ ထို ဘုရားရှင်တို့ထက်ပင် ဒါန အားကြီးနေလို့
ပါလော။ ဝေဿန္တရာမင်းကြီးသည် ဘုရားမဖြစ်မီ ၂ ဘ၀မြောက်က အကြီးအကျယ် ဒါနကို ပြု
တော်မူပါသည်။ ထိုဒါနတွေ အဘယ့်ကြောင့် သံသရာမှာ မကြာစေပါသနည်း။
ထို့ကြောင့် ဒါနသည် သူ၏သဘောအားဖြင့် သံသရာမှာ ကြာရှည်စေသည် မဟုတ်ပါ။
မစင်ကြယ်သော တဏှာဇောကြောင့် သံသရာမှာ မျောရသည်ဟု မှတ်ရပါမည်။ ဘုရားအလောင်း
တော်တို့၏ သံသရာ၌ ကြာရှည်စွာ နေရခြင်းမှာလည်း ရည်ရါယ်တော်မူရင်းက သဗ္ဗညုတဉာဏ်
အထူးကို ရယူဖို့ဖြစ်၍ ထိုဉာဏ်နှင့် ထိုက်တန်သော ပါရမီ အခြေခံ မပြည့်သေးသမျှ ထိုဉာဏ်ကို
မရသောကြောင့်သာ ဖြစ်ပါသည်။
ထို့ကြောင့် တရားချစ်ခင် တရားကျင့်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း
ဒါနရဲ့ တိုစေ၊ ရှည်စေ တရားသဘောကို နားလည်သဘောပေါက်ကြပြီး နိဗ္ဗာန်ကိုရရောက်နိုင်
ကြပါစေ ကုန်သတည်း။
{ အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာကို ကိုးကားရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
======================================
“ ကုသိုလ်ရေးမို့ ကြိုးစားမည် ”
================
* ဗုဒ္ဓမြတ်စွာ၊ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ၊ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်။
* ဗုဒ္ဓမြတ်စွာ၊ သာသနာအတွက်တော့
ငါပါအသက် ဆုံးစေမည်။
* စိတ်မပျက်ပေါင်၊ ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
( မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
No comments:
Post a Comment