Tuesday, July 23, 2013

အမေပြောပြတဲ့ ဝါဆိုပန်းကပ်ဓလေ့


Photo: အမေပြောပြတဲ့ ဝါဆိုပန်းကပ်ဓလေ့
***************************************

❖ ဝါဆိုလပြည့်နေ့ဆို ဘာလို့ ဆရာတော်ကို ပန်းကလာပ်ထိုးတာလဲ အမေ..၊(ပန်းကလာပ်ဟု အရပ်ကခေါ်သည် ပန်းများတင်ထားသည့် ကလာပ်တစ်ခု ကျောင်းထိုင်ဆရာတော်ကို ဆက်ကပ်သည်။)

◆ ဒီလို သားရဲ့.. ရဟန်းတော်တွေဆိုတာ ဝါတွင်းမှာ ဝါဆို ဝါကပ်ရတယ်လေ..

❖ အင်း အဲဒါနဲ့ ပန်းကပ်တာနဲ့ ဘာဆိုင်တုန်း အမေရဲ့..

◆ ဒီရပ်ရွာရဲ့ ဓလေ့ပေါ့ ဆရာတော်တွေဟာ ရွာကကိုးကွယ်ပေမယ့် ဝါဆိုဖို့ မလျှောက်ထားရင် တခြားအရပ်ကို သွားခွင့် ရှိတယ် သားရဲ့..အဲဒီလို အခြားအရပ်ကို မကြွဘဲ ဒီရပ်ရွာက ကျောင်းမှာ သီတင်းသုံးဖို့နဲ့ ပစ္စည်းလးပါး ဒကာဒကာမများအဖြစ် ချီးမြှောက်တော်မူပါရန် လျှောက်ကြားရင်း ပန်းကလာပ်ကပ်ကြတာပါ...

❖ သြော်....

◆ အဲဒီလို ပန်းကလာပ်ကိုကပ်လို့ ဆရာတော်က လက်ခံရင် ဒီရွာမှာ ဝါဆိုဖြစ်မယ်လို့ ဝန်ခံကတိပေးရာရောက်တယ်လို့ မှတ်ယူကြတာပေါ့ကွယ်

❖ ဟုတ်အမေ...

◆ တကယ်လို့ ပန်းကလာပ်လက်မခံဘူးဆိုရင် ဆရာတော် ဒီရွာမှာ သီတင်းမသုံးနိုင်ဘူးဆိုတဲ့ သဘောဒါမှမဟုတ် ဒီရွာက ဒကာဒကာမတွေမှာ အပြစ်တစ်စုံတစ်ရာ ရှိလို့ ပြောဆိုဆုံးမ လိုတဲ့အခါ ပန်းကလာပ်လက်မခံသေးဘဲ နေတတ်တယ်၊

❖ သြော် စိတ်ဝင်စားစရာပဲနော်..

◆ ရွာသူရွာသားတွေက ဆရာတော် ပန်းကလာပ်လက်မခံရင် စိတ်မကောင်းပဲ ရွာထဲက အကြီးဆုံး သြဇာအရှိဆုံး လူတစ်ဦးက တောင်းပန်လျှောက်ထားရတယ်လေ...ဒီလိုတောင်းပန်လိုက်လို့ ကျေနပ်တော့ ပန်းကလာပ် လက်ခံတယ်ကွဲ့...

❖ သြော် အဲလိုလား..

◆ ဝါကျွတ်တဲ့အခါတစ်ခေါက် ဆရာတော်ဆီ ရွာသားအားလုံးညီညာစွာပန်းကလာပ်ကပ်ရပြန်တယ်...

❖ ဒါကကော ဘာအဓိပ္ပာယ်လဲအမေ..

◆ သံဃာတော်တွေမှာ ဝါကျွတ်ရင် တခြားအရပ် သွားခွင့်ရှိတယ်၊ဝါဆိုတုန်းက ဝါဆိုဖို့ ဝါဆိုပန်းကလာပ်ကပ်ခဲ့တယ်၊ဝါကျွတ်ပြီဆိုတော့ တခြားအရပ်မကြွဖို့ လျှောက်ထားပြီး ဝါဆိုတုန်းကလို ပန်းကလာပ်ဆက်ကပ်ကြတာပါပဲ...။

❖ သြော် ဟုတ် မှတ်ထားပါ့မယ် အမေ...

◆ ဒီလိုလုပ်လာတာ ဟိုးဘိုးဘွားစဉ်ဆက်ကကြီး ဓလေ့တစ်ခုဖြစ်နေတာလေ၊ ဒကာ, ဒကာမတွေရဲ့ဝတ္တရား ကျေပြွန်အောင် လျှောက်ရတာပေါ့၊ ဆရာတော်တော့ ပန်းကလာပ်မကပ်လဲ ဘယ်မှ ကြွမှာ မဟုတ်ပါဘူး...

❖ အင်းပေါ့ ဓလေ့လေးက ချစ်ရာကောင်းတယ် စနစ်လည်းကျပါတယ် မပျောက်ပျက်အောင် ထိန်းသိမ်းသင့်တာပေါ့နော် အမေ...

◆ ဒါပေါ့သားရဲ့...

(((အခုတော့ ဒီဓလေ့တွေ ရှိသေးလား မရှိတော့လား မပြောတတ်တော့ပါ၊ အလွန်စနစ်ကျပြီး မြတ်နိုးစရာကောင်းလှတဲ့ ဓလေ့ တစ်ခုဖြစ်ပါတယ်၊ 

သို့သော် ယနေ့ခေတ်ဆိုရင် အပိုတွေလို့ ပြောကြလေမလား တွေးတောနေမိပါတော့တယ် )))


***မှတ်သားမိသမျှ ဝေငှလိုက်ပါသည်။                                                ❖ ဝါဆိုလပြည့်နေ့ဆို ဘာလို့ ဆရာတော်ကို ပန်းကလာပ်ထိုးတာလဲ အမေ..၊(ပန်းကလာပ်ဟု အရပ်ကခေါ်သည် ပန်းများတင်ထားသည့် ကလာပ်တစ်ခု ကျောင်းထိုင်ဆရာတော်ကို ဆက်ကပ်သည်။)

◆ ဒီလို သားရဲ့.. ရဟန်းတော်တွေဆိုတာ ဝါတွင်းမှာ ဝါဆို ဝါကပ်ရတယ်လေ..

❖ အင်း အဲဒါနဲ့ ပန်းကပ်တာနဲ့ ဘာဆိုင်တုန်း အမေရဲ့..

◆ ဒီရပ်ရွာရဲ့ ဓလေ့ပေါ့ ဆရာတော်တွေဟာ ရွာကကိုးကွယ်ပေမယ့် ဝါဆိုဖို့ မလျှောက်ထားရင် တခြားအရပ်ကို သွားခွင့် ရှိတယ် သားရဲ့..အဲဒီလို အခြားအရပ်ကို မကြွဘဲ ဒီရပ်ရွာက ကျောင်းမှာ သီတင်းသုံးဖို့နဲ့ ပစ္စည်းလးပါး ဒကာဒကာမများအဖြစ် ချီးမြှောက်တော်မူပါရန် လျှောက်ကြားရင်း ပန်းကလာပ်ကပ်ကြတာပါ...

❖ သြော်....

◆ အဲဒီလို ပန်းကလာပ်ကိုကပ်လို့ ဆရာတော်က လက်ခံရင် ဒီရွာမှာ ဝါဆိုဖြစ်မယ်လို့ ဝန်ခံကတိပေးရာရောက်တယ်လို့ မှတ်ယူကြတာပေါ့ကွယ်

❖ ဟုတ်အမေ...

◆ တကယ်လို့ ပန်းကလာပ်လက်မခံဘူးဆိုရင် ဆရာတော် ဒီရွာမှာ သီတင်းမသုံးနိုင်ဘူးဆိုတဲ့ သဘောဒါမှမဟုတ် ဒီရွာက ဒကာဒကာမတွေမှာ အပြစ်တစ်စုံတစ်ရာ ရှိလို့ ပြောဆိုဆုံးမ လိုတဲ့အခါ ပန်းကလာပ်လက်မခံသေးဘဲ နေတတ်တယ်၊

❖ သြော် စိတ်ဝင်စားစရာပဲနော်..

◆ ရွာသူရွာသားတွေက ဆရာတော် ပန်းကလာပ်လက်မခံရင် စိတ်မကောင်းပဲ ရွာထဲက အကြီးဆုံး သြဇာအရှိဆုံး လူတစ်ဦးက တောင်းပန်လျှောက်ထားရတယ်လေ...ဒီလိုတောင်းပန်လိုက်လို့ ကျေနပ်တော့ ပန်းကလာပ် လက်ခံတယ်ကွဲ့...

❖ သြော် အဲလိုလား..

◆ ဝါကျွတ်တဲ့အခါတစ်ခေါက် ဆရာတော်ဆီ ရွာသားအားလုံးညီညာစွာပန်းကလာပ်ကပ်ရပြန်တယ်...

❖ ဒါကကော ဘာအဓိပ္ပာယ်လဲအမေ..

◆ သံဃာတော်တွေမှာ ဝါကျွတ်ရင် တခြားအရပ် သွားခွင့်ရှိတယ်၊ဝါဆိုတုန်းက ဝါဆိုဖို့ ဝါဆိုပန်းကလာပ်ကပ်ခဲ့တယ်၊ဝါကျွတ်ပြီဆိုတော့ တခြားအရပ်မကြွဖို့ လျှောက်ထားပြီး ဝါဆိုတုန်းကလို ပန်းကလာပ်ဆက်ကပ်ကြတာပါပဲ...။

❖ သြော် ဟုတ် မှတ်ထားပါ့မယ် အမေ...

◆ ဒီလိုလုပ်လာတာ ဟိုးဘိုးဘွားစဉ်ဆက်ကကြီး ဓလေ့တစ်ခုဖြစ်နေတာလေ၊ ဒကာ, ဒကာမတွေရဲ့ဝတ္တရား ကျေပြွန်အောင် လျှောက်ရတာပေါ့၊ ဆရာတော်တော့ ပန်းကလာပ်မကပ်လဲ ဘယ်မှ ကြွမှာ မဟုတ်ပါဘူး...

❖ အင်းပေါ့ ဓလေ့လေးက ချစ်ရာကောင်းတယ် စနစ်လည်းကျပါတယ် မပျောက်ပျက်အောင် ထိန်းသိမ်းသင့်တာပေါ့နော် အမေ...

◆ ဒါပေါ့သားရဲ့...

(((အခုတော့ ဒီဓလေ့တွေ ရှိသေးလား မရှိတော့လား မပြောတတ်တော့ပါ၊ အလွန်စနစ်ကျပြီး မြတ်နိုးစရာကောင်းလှတဲ့ ဓလေ့ တစ်ခုဖြစ်ပါတယ်၊

သို့သော် ယနေ့ခေတ်ဆိုရင် အပိုတွေလို့ ပြောကြလေမလား တွေးတောနေမိပါတော့တယ် )))


***မှတ်သားမိသမျှ ဝေငှလိုက်ပါသည်။
— with Ashin Uttamasara မှတဆင့်တင်ပြသည်။

No comments:

Post a Comment