တခါ လုံ့လဝီရိယဉာဏ် မကောင်းတဲ့လူတွေကျတော့ အကုသိုလ်ကံတွေက အကျိုးပေးတယ်။
ဆိုပါတော့ .. ဉာဏ်မရှိလို့ ဒီအစာကလေး တည့်မှန်းမသိ မတည့်မှန်းမသိတော့ မတည့်တဲ့အစာကို
စားမိတယ်။ တော်တော်ကြာတော့ ရောဂါရတယ်။ ရှိတဲ့ရောဂါ တိုးတယ်။
ရောဂါရဖို့ရန် ရောဂါတိုးဖို့ရန်ကတော့ အကုသိုလ်က စီမံတာပဲ။
အဲဒီ အကုသိုလ်ကံချည်း သက်သက် စီမံနိုင်သလားလို့ဆိုတော့ ... မဟုတ်သေးဘူး။
သူ .. ဉာဏ်မရှိလို့ မတော်တာတွေ စားလို့၊
ဉာဏ်မရှိလို့ ရေမချိုးသင့်တဲ့အချိန် ချိုးလို့၊
ဉာဏ်မရှိလို့ မသွားသင့်တဲ့နေရာ သွားလို့၊
သူ .. ဒီလို ရောဂါတိုးတာ ရောဂါရတာ။ ရပြီးသား ရောဂါ တိုးတယ်။
ဒါဖြင့် ဒီပြင် ပုဂ္ဂိုလ်တယောက်တော့ ဒီလိုပဲ ဘာလို့ ရောဂါမဖြစ်တုန်း။
သူက နည်းနည်း ဉာဏ်ရှိတယ်။
ဒါ မတော်ဘူးလို့ဆိုတာ သူမှတ်ထားတယ်။
ဒီအချိန် သွားလို့ မတော်ဘူးဆိုတာ သူမှတ်ထားတယ်။
ဒီအချိန် ရေချိုးလို့ မတော်ဘူးဆိုတာ သူမှတ်ထားတယ်။
ဟော .. ဉာဏ်ရှိတာနဲ့ပဲ မကောင်းကျိုး မပေးနိုင်ဘူး။
လူနှစ်ယောက်တွင် ဉာဏ်မရှိတဲ့သူမှာ မကောင်းကျိုးပေးတယ်။
ဉာဏ်ရှိတဲ့သူမှာ မကောင်းကျိုး မပေးနိုင်ဘူး။
ဒါ့ကြောင့် မကောင်းတဲ့ ကံတွေ အကျိုးပေးတယ်ဆိုတဲ့ဥစ္စာ မကောင်းအောင်ကို အကြောင်းတွေက
ဆုံလာမှ မကောင်းကျိုးပေးတာပါ။
{ http://lokachantha.blogspot.com (အရှင်ဇနကာဘိဝံသ ) မှ ကူးယူ ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
No comments:
Post a Comment