Thursday, October 16, 2014

********* ပုရိသ တို့ အကြောင်း *********


ယောက်ျား ( ၃ ) မျိုး ။ ။ လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျား
ဆိုပြီးသုံးမျိုးရှိပါတယ် ။
ယောက်ျားက မိန်းမကိုနှောင်ဖွဲ့ပုံ ( ၈ ) မျိုး ၁။ ငိုကြွေးခြင်းဖြင့်နှောင်ဖွဲ့ခြင်း ၂။ ပြုံးရယ်ခြင်းဖြင့်နှောင်
ဖွဲ့ခြင်း ၃။ စကားပြောခြင်းဖြင့်နှောင်ဖွဲ့ခြင်း ၄။ အသွင်အပြင်အမူအရာဖြင့်နှောင်ဖွဲ့ခြင်း ၅။
ပန်းသီးစသည်ပစ္စည်းဖြင့်နှောင်ဖွဲ့ခြင်း ဂန္ဓာရုံ - အနံ့ဖြင့်နှောင်ဖွဲ့ခြင်း ၇။ ရသာရုံ -
အရသာဖြင့်နှောင်ဖွဲ့ခြင်း ၈။ ဖောဋ္ဌဗ္ဗာရုံ - အတွေ့ဖြင့်အထိဖြင့်နှောင်ဖွဲ့ခြင်း တို့ဖြစ်ပါတယ်။

***** ယောက်ျားငယ် ( ၃ )မျိုး ၁။ လျင်မြန်ခြင်းနှင့် သာပြည့်စုံ၍ အဆင်းအလုံးအရပ်နှင့် မပြည့်စုံ
သောယောက်ျားငယ် ၂။ လျင်မြန်ခြင်းနှင့်လည်းကောင်း အဆင်းနှင့်လည်းကောင်းပြည့်စုံ၍ အလုံးအရပ်
နှင့် မပြည့်စုံသော ယောကျာ်းငယ် ၃။ လျင်မြန်ခြင်း အဆင်း အလုံးအရပ် သုံးမျိုးလုံးနှင့် ပြည့်စုံသော
ယောက်ျားငယ် ။
***** ယောက်ျားတို့ ချစ်အပ်သော မိန်းမ၏ အင်္ဂါ ( ၅ ) ပါး ၁။ ရုပ်အဆင်းလှပမူ့ရှိခြင်း ၂။ စည်းစိမ်
ဥစ္စာ ရှိခြင်း ၃။ ကိုယ့်ကျင့်သီလရှိခြင်း ၄။ လိမ္မာရေးခြားရှိလျက် မပျင်းရိခြင်း ၅။ သားသမီး ရခြင်းတို့
ဖြစ်ပါတယ်.။
***** ယောက်ျားတို့ မချစ်အပ်သော မိန်းမ၏ အင်္ဂါ ( ၅ ) ပါး ၁။ ရုပ်အဆင်းလှပမူ့မရှိခြင်း ၂။ စည်း
စိမ် ဥစ္စာ မရှိခြင်း ၃။ ကိုယ့်ကျင့်သီလ မရှိခြင်း ၄။ ပျင်းရိခြင်း ၅။ သားသမီးမရနိုင်ခြင်း တို့ပါ။
***** ယောကျာ်းတို့ ၏ အညစ်အကြေး ( ၉ ) ပါး ၁။ ကောဓ - အမျက်ထွက်ခြင်း ၂။ မက္ခ -
သူ့ကျေးဇူးကန်းခြင်း ၃။ ဣဿာ - ငြူစူစောင်းမြောင်းခြင်း ၄။ မစ္ဆရိယ - ၀န်တိုခြင်း ၅။ မာယာ - လှည့်
ပတ်ခြင်း ၆။ သာဌေယျ - စဉ်းလဲကောက်ကျစ်ခြင်း ၇။ မုသာဝါဒ - လိမ်ညာပြောဆိုခြင်း ၈.။ ပါပိစ္ဆတာ -
ယုတ်မာသော အလိုရှိခြင်း ၉။ မိစ္ဆာဒိဋ္ဌိ - မှားသောအယူရှိခြင်း တို့ဖြစ်ပါတယ် ။
***** ယောက်ျားတို့ ၏ အပြစ် ( ၁၈ ) ပါး ၁။ ကြီးမားကျယ်ပြန့်သောခြေဖ၀ါးရှိခြင်း ၂။ လက်သည်း
ခြေသည်း မညီညွတ်ခြင်း ၃။ အသားစိုင် အောက်သို့လျှောကျနေခြင်း ၄။ အထက်နုတ်ခမ်းရှည်းခြင်း
၅။ သွားရေ အရိအချွဲ ယိုခြင်း ၆။ ၀က်စွယ်ကဲ့သို့ အစွယ် ငေါထွက်နေခြင်း ၇။ နှာခေါင်းကျိုးသကဲ့သို့
မညီညာခြင်း ၈။ ၀မ်းဗိုက်ကြီးခြင်း ရွှဲခြင်း ၉။ ကျောက်ကုန်း ကောက်ကွေးခြင်း ၁၀။ မျက်စိစွေခြင်း
၁၁။ ကြေးနီအဆင်းနှင့်တူသော နီသောမုတ်ဆိတ် မွေးရှိခြင်း ၁၂။ ရွှေရောင်ဆံ ရှိခြင်း ၁၃။ ကိုယ့်အရေ
တွန့်ခြင်း ၁၄။ မှဲ့မည်းတို့နှင့်ပြည့်နှက်နေခြင်း ၁၅။ ကြောင်သောမျက်စိရှိခြင်း ၁၆။ ခါး ကျောက်ကုန်း
လည်ကုပ် ကောက်ခြင်း ၁၇။ ခြေခွင်ခြင်း ၁၈။ အရပ်အလွန်မြင့်ခြင်း တို့ဖြစ်ပါတယ် ။
***** ယောက်ျားမြတ်တို့ကြံစည်ပုံ ( ၈ ) မျိုး ၁။ ဤလောကုတ္တရာ တရားသည်
အလိုနည်းသောပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံခြင်း ၂။ ဤလောကုတ္တရာ
တရားသည် ရောင်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ မရောင့်ရဲသော သူအားမပြည့်စုံခြင်း
၃။ ဤလောကုတ္တ တရားသည် ဆိတ်ငြိမ်မူ ရှိသာ ပုဂ္ဂိုလ် အားသာပြည့်စုံ၍ အပေါင်းအဖော်၌ မွေ့လျော်
သော သူအားမပြည့်စုံခြင်း ၄။ ဤလောကုတ္တရာ တရားသည် ထက်သန်သောလုံလရှိသော ပုဂ္ဂိုလ်
အားသာ ပြည့်စုံ၍ ပျင်းရိသော သူအားမပြည့်စုံခြင်း ၅။ ဤလောကုတ္တရာ တရားသည် ထင်သောသတိ
ရှိသောပုဂ္ဂိုလ် အားသာပြည့်စုံ၍ သတိလွတ်သောသူအား မပြည့်စုံခြင်း ၆။ ဤလောကုတ္တရာတရားသည်
တည်ကြည်သောသမာဓိရှိသောပဂ္ဂိုလ် အားသာပြည့်စုံ၍ သမာဓိ မရှိသော သူအား မပြည့်စုံခြင်း
၇။ ဤလောကုတ္တရာတရားသည် ပညာရှိသော ပုဂ္ဂိုလ် အားသာပြည့်စုံ၍ ပညာမဲ့သောသူအား
မပြည့်စုံခြင်း ၈။ ဤလောကုတ္တရာတရားသည် သံသရာချဲ့ထွင်တတ်သောပပဉ္စ တ၇ားမှကင်းသည့်နိဗ္ဗာန်
၌မွေ့လျော်ပျော်ပိုက်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၍ ပပဉ္စတရား၌မွေ့လျော်ပျော်ပိုက်သော သူအား
မပြည့်စုံခြင်း တို့ဖြစ်ပါတယ် ။
***** ယောကျာ်းမြတ်ဖြစ်ကြောင်း တရား ( ၁၀ )ပါး ၁။ ကာမစ္ဆန္ဒ - ကာမဂုဏ်၌ တပ်မက်ခြင်းကို
ပယ်ခြင်း ၂။ ဗျာပါဒ - အမျက်ဒေါသကိုပယ်ခြင်း ၃။ ထိနမိဒ္ဓ - စိတ် စေတသိက်၏ တွန်တိုဆုတ်နစ်ခြင်း
ကို ပယ်ခြင်း ၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ - စိတ်ပျံ့လွင်းခြင်းသဘော နောင်တတစ်ဖန်ပူပန်ခြင်းသဘောကို ပယ်
ခြင်း ၅။ ၀ိစိကိစ္ဆာ - သို့လော သို့လော သံသယဖြစ်ခြင်းကိုပယ်ခြင်း ၆။ သီလနှင့်ပြည့်စုံခြင်း ၇။ သမာဓိ
- သမာဓိနှင့်ပြည့်စုံခြင်း ၈။ ပညာနှင့် ပြည့်စုံခြင်း ၉။ အရဟတ္တဖိုလ်နှင့်ပြည့်စုံခြင်း ၁၀။
ပစ္စဝေက္ခဏဥာဏ် နှင့်ပြည့်စုံခြင်းတို့ဖြစ်ပါသည် ။
***** ယောက်ျားမြတ်တို့ရဲ့လက္ခဏာ ( ၃၂ )မျိုးရှိပါတယ် ။ ဒါတွေကတော့ ယခုခေတ်ကာလ
ယောက်ျားများတွင် မမြင်မတွေ့နိုင်သည့်အတွက် မဖော်ပြပေးတော့ပါ ။ တချို့ယောက်ျားမြတ်များတွင်
အနည်းငယ်သောအချက်များနှင့်ပြည့်စုံနိုင်ပါသေးသည် ။ လည်းကောင်းတို့မှာ အညီအညွတ်ကောင်းစွာ
ထိသောခြေဖ၀ါးရှိခြင်း ၊ရှည်သောဖနှောင့်ရှိခြင်း ၊ ရှည်သောလက်ချောင်းရှိခြင်း ၊
ရွှေအဆင်းကဲ့သို့သောအသားအရေရှိခြင်း ၊ အသားအရေ ချောမွေ့ခြင်း ၊ လက်ဖမိုး ခြေဖမိုး ပခုံး နှစ်
ဖတ်စီနှင့်လည်ကုပ်တည်းဟူသော ၇ ဌာန ပြည့်ဝသောအသားရှိခြင်း ၊ လက်ပြင်နှစ်ခုခြား ကျောရိုး
ကြောင်းမထင်ပြည့်ဖြိုးသောကျောပြင်ရှိခြင်း ၊ ညီညွတ်လုံးဝန်းသော လည်တိုင်ရှိခြင်း ၊ တို့လောက်ပဲ
တွေ့ရတတ်ပါတော့တယ် ။
***** လူ့ဘ၀ရခိုက် အမွန်မြတ်ဆုံးသောယောက်ျားတစ်ယောက်ဘ၀ကို ရနေတုံးအခိုက်အတန့်လေး
မှာ ကောင်းမြတ်သော အကျင့် သီလ သိက္ခာတို့ကိုစောင့်ထိန်းလျှက်လူနတ်ချစ်ခင်သောယောက်ျားမြတ်
များအဖြစ် ခံယူကျင့်သုံးကြလျှက် သိသင့်ထိုက်စွာသော ယောကျာ်းမြတ်များ အကြောင်းခေတ်ကာလ
ပုရိသများသိစေသော စေတနာအရင်းခံလျက်................................
(ဧဒင်ဥယျဉ်မှတော်ဝင်နှင်းဆီ၏ဘလော့ကိုတဆင့်တင်ပြသည်)

No comments:

Post a Comment