ဟိုးအရင်ကျနော်တို့ငယ်ငယ်တုန်းက ကြာနီကန် ဆရာတော် ဦးဇဋိလ ဟောထားတဲ့တရား
တပုဒ်က
ဝတ္ထုအကြောင်း လေးတခုသတိရ မိလို့ဒီဘလော့လေး ရေးချင်စိတ် ပေါ်သွားရတာပါ ညီငယ် ညီမငယ်
တို့ကိုရော ဗဟုသုတ ရစေချင်တဲ့ဆန္ဒ လေးနဲ့ပါ ဆောင်ရန် ရှောင်ရန် လေးဆိုပါတော့..၊
ဟိုးအရင် တခါက သဒ္ဓါ တရားအလွန်ထက်သန်ပြီး ဘာသာရေးလိုက်စား တဲ့သူဋ္ဌေး မိသားစု တစု
ရှိတယ် သူတို့ မိသားစုလေးမှာ သူဋ္ဌေးကြီးရယ်၊ သူဋ္ဌေးကတော်ကြီးရယ် အရွယ်ရောက်ပြီဖြစ်တဲ့
သမီးချောချော လေးတယောက် ရယ်မိသားစု သုံးယောက်ရှိတယ်၊ သူတို့မိသားစု လေးဟာ ဒါန
စေတနာ ကောင်းမွန်လှတာနဲ့အညီ သူတို့ လှူတန်းထားတဲံ့ ကျောင်းတွေ ဇရပ်တွေ၊ သိမ်တွေ
ရေတွင်းရေကန်တွေ ဟာသူတို့နယ်တ၀ိုက်မှာ လက်ညိုးထိုးမလွဲ ဘူးတဲ့ နောက်ပြီး သူလှူထားတဲ့
ကျောင်းက သံဃာတွေကိုလည်း နေ့စဉ် အိမ်မှာချက်ပြုတ် ပြီးကျောင်းကို အလုပ်သမား ကောင်း
လေး တယောက်နဲ့ နေ့စဉ်ပို့ဆွမ်း ပို့ပြီး လှူသတဲ့ တနေ့မှာ ဆွမ်းပို့နေကြ ကောင်လေးနေမကောင်း
ဖြစ်ပြီး မလာတော့ ကျောင်းကိုသူဋ္ဌေးသမီးကိုယ်တိုင် ဆွမ်းချိုင့်ပို့ဖို့ သူဋ္ဌေးကြီးက လွှတ်လိုက်တာပေါ့
ဒီမှာ အလှူရေစက်ချ တရားနာလောက်သာ လိုက်ဖူးပြီး ဘုန်းတော်ကြီးများနဲ့စကား မပြောဖူးတဲ့
သူဋ္ဌေးသမီးဟာ ကျောင်းရောက် ဘုရားရှစ်ခိုး ဘုန်းတော်ကြီး ဦးချဆွမ်းချိုင့် ကပ်ပြီးစကားတလုံးမှ
မပြောဘူးတဲ့ ဒီလိုနဲ့ကျောင်းက ကပ္ပီယကြီးက ဆွမ်းချိုင့်လှယ် ပြီးသူဋ္ဌေးသမီး ပြန်ပေးတာပေါ့
အဲ... ပြန်ခါနီးမှာ မပြောမဖြစ်တော့လို့ စကားတခွန်းပြောလိုက်တယ် ဘာပြောလိုက်လဲ ဆိုတော့...?
“ တပည့်တော် ပြန်ကြွလိုက်ပါအုန်းမယ် ဘုရား” တဲ့ ကောင်းရော ဒီအခါဆရာတော်လဲ ခေါင်းကြီး
သွားပြီး ပြန်တေွးလိုက်တယ် အော် ဒီကိစ္စ သူမိဘတွေကို ကြုံတဲ့ အခါပြောပြထားမယ်ပေါ့.....၊
နောက်တရက် အလုပ်သမား ကောင်လေးမလာပြန်တဲ့အခါ ဆွမ်းချိုင့်ပို့တဲ့ ဂျုတီကို သူဋ္ဌေးကတော်
ကြီးက တလှည့်ယူရတော့တာပေါ့ ကျောင်းရောက်လို့ ပြုဖွယ်ကိစ္စ အားလုံးပြီးတဲ့ အခါ ဆရာတော်ကြီး
က သာကြောင်းမာကြောင်း မေးမြန်းပြီး မနေ့ကသူဋ္ဌေးသမီး ပြန်ခါနီး ပြောသွားတဲ့ “တပည့်တော်
ပြန်ကြွလိုက်ပါအုန်းမယ်” ဆိုတာ သံဃာတော်ဖက် ကသာသုံးနှုန်းတဲ့ စကားဖြစ်ပြီး လူပုဂ္ဂိုလ်တို့ အနေ
နဲ့ကတော့ ပြန်လိုက်ပါအုန်းမယ်ဘုရား လို့လျှောက်ရင် လုံလောက်တယ် ဆိုတာကို ရှင်းပြတော့
သူဋ္ဌေးကတော်ကြီးကလည်း သမီးကိုစိတ် ဆိုးပြီးသားသမီးမကောင်း မိဘခေါင်းဆိုတာကို သိပါတယ်
ဘုရား တပည့်တော် အိမ်ရောက်ရင်ဆုံးမ လိုက်ပါမယ်ဘုရား နောက်ဆို တပည့်တော်သမီး ကျောင်းကို
လာတဲ့အခါ “ ဒီလို မမိန့်စေရပါဘူးဘုရား ” လို့လျှောက်တော့ ဆရာတော်ကြီးလည်း တော်တော်စိတ်ညစ်
ပြီး ဆိတ်ဆိတ်သာ နေတော့တယ်၊ သံဃာအချင်းချင်း တောင်၊ ထေရ်ကြီး ၀ါကြီးတွေမှ မိန့်တော်မူတယ်
လို့သုံးရတာဆိုတော့ သမီးထက် အမေက ပိုဆိုးနေတာပေါ့၊ ဒါနဲ့ ဆရာတော်လည်း ကျောင်းဒကာကြီးကို
ကြုံမှပြောမယ်ဆိုမှတ်ထားလိုက်တာပေါ့၊ မကြာပါဘူး သူဋ္ဌေးကြီး တရွာလုံးကထိန် ခင်းဖို့ကိစ္စနဲ့ ရောက်
လာတဲ့အခါ အလှူအတန်း လုပ်ဖို့အကြောင်းအစီအစဉ်တွေ ပြောလို့အားလုံးပြီးတော့ နောက်ဆုံး
ဆရာတော်က သူဋ္ဌေးကတော်ကြီးနဲ့ သူဋ္ဌေးသမီး ကိစ္စကို ပြောတာပေါ့ ကျောင်းဒကာ ကြီးအနေနဲ့လည်း
အားတဲ့အခါတွေမှာ သံဃာတော်တွေ နဲ့ပြောတက် ဆိုတတ်အောင် မိသားစုကိုသင်ပေးထားဖို့အကြံ
ပေးတော့ သူဋ္ဌေးကြီးလည်း ရှက်လည်းရှက် ဇနီးနဲ့သမီးကို ဒေါသထွက်တာနဲ့ ဒီလိုဆရာတော်ဘုရား
ကိုလျှောက်လိုက်သတဲ့ “အရှင်ဘုရား တပည့်တော် ဇနီးနဲ့ သမီးကဒီအတိုင်းပြောလားဘုရား ဒီလိုဆို
နောင်သူတို့ကို ဒီကျောင်းဝင်း အတွင်းကို (ခြေတော်ရာ) တောင်မချစေနဲ့ဘုရား ”လို့လျှောက်လိုက်သတဲ့
ကဲ ...ခြေတော်ရာဆိုတာ စာဖတ်သူတို့ သိပါတယ်၊ ဒါကြောင့် သူတော်ကောင်းများ အနေနဲ့လည်း
ကိုယ့်မိသားစု၊ ဆွေမျိုး၊ မောင်နှမ သားခြင်းများ သံဃာတော်များ နဲ့ပြောဆိုတဲ့အခါ မှန်ကန်စွာပြော
နိင်ရန်သိတဲ့သူများက ၀ိုင်းဝန်းကူညီဖို့ တိုက်တွန်းရင်း နားပါအုန်းမယ်နော်.....။
ကျန်းမာ၊ ထီပေါက်၊ နိဗ္ဗာန်ရောက်နိင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ...။
(ကြာနီကန်ဆရာတော် တရားများမှထုတ်နှုတ်ပြီး ကိုယ်တိုင်ရေးသည်)
No comments:
Post a Comment